OSI Seven Layer အကြောင်း

Words
683
Reading
4 min
Listen
Play
8y

  OSI Seven Layer အကြောင်း 

Original image source

OSI Seven Layer ဆိုတာ Networking level မှာ အရမ်းအရေးပါတဲ့နေရကပါဝင်ပါတယ်။ သူကဘာလည်းဆိုရင် မတူညီတဲ့ Network တွေကို Communication ရှိအောင်၊ ရအောင် ပြုလုပ်ပေးတာဖြစ်ပါတယ်။ အရှည်ကောက်ကတော့ OSI( Open System Interconnect) ဖြစ်ပါတယ်။ သူ့မှာ Layer( အလွှာ )အနေနဲ့ ၇လွှာ ပါဝင်ပါတယ်။

   သူကဘယ်လို Communication ရအောင် ချိတ်ဆက်ပေးတာလည်းဆိုရင် ဥပမာအနေနဲ့ Apple company က သူ့ရဲ့ (A) နည်းပညာကို အသုံးပြုပီးတော့ သူ့ရဲ့ network ကြီးကို ချိတ်ဆက်လုပ်ငန်းလည်ပတ်နေပါတယ်။ IBM company က သူ့ရဲ့ (B) နည်းပညာကို အသုံးပြုပီးတော့ သူ့ရဲ့ network ကြီးကို ချိတ်ဆက်ပီး လုပ်ငန်းတွေ လည်ပတ်ပါတယ်။ Android company က သူ့ရဲ့ (C) နည်းပညာကို အသုံးပြုပီးတော့ သူ့ရဲ့ network ကြီးကို ချိတ်ဆက်လည်ပတ်လုပ်ကိုင်ပါတယ်။ အဲ့လို မတူညီတဲ့ company တွေက မတူညီတဲ့ နည်းပညာတွေကို အသုံးပြုပီး လည်ပတ်လုပ်ကိုင်နေတာက သူတို့ဘာသာ သူတို့ ရပ်တည်မယ်ဆိုရင် ဘာအခက်အခဲမှ မရှိပါဘူး။ သူ့နည်းပညာ သူ့company မို့လို့ပါ။ အဲ့ဒီ company ကြီး ၃ ခု ချိတ်ဆက်ဖို့ဖြစ်လာတဲ့အခါမှာတော့ အခက်အခဲရှိလာခဲ့ပါပီ။ (A) နည်းပညာကို အသုံးပြုထားတဲ့ company က (B) နည်းပညာအသုံးပြုထားတဲ့ company ကို “မင်းတို့ ငါတို့ (A)နည်းပညာကိုပြောင်းသုံးကွာ ငါတို့ကတော့ မပြောင်းနိုင်ဘူး” အဲ့လိုပြောလိုက်ပါတယ်။ ဒါပေမဲ့ (B) နည်းပညာအသုံးပြုထားတဲ့ company ကလည်း မပြောင်းချင်ပါဘူး။ တကယ်လို့ ပြောင်းမယ် သုံးပေးမယ် ဆိုတာကို လက်ခံရင်တောင်မှ သူ့ရဲ့ လည်ပတ်နေတဲ့လုပ်ငန်းတွေကို အစကနေ အဆုံး အကုန် ပြန်ပြင်ဆင်ရမှာဖြစ်တဲ့အတွက် ကုန်ကျစရိတ်တွေ များပါတယ်။ အဲ့ဒီလို မတူညီ တဲ့ နည်းပညာတွေကို ချိတ်ဆက်လို့ရအောင် ISO အဖွဲ့အစည်းကနေမှ OSI နည်းပညာကို တီထွင်ခဲ့တာဖြစ်ပါတယ်။ သူက ဘယ်လိုသဘောလည်းဆိုရင် “မင်းတို့ company တွေ မင်းတို့ company အတွင်း အလုပ်လုပ်ကိုင်မှု ချိတ်ဆက်အသုံးပြုမှုတွေကို မင်းတို့ စိတ်ကြိုက် နည်းပညာ မင်းတို့ ကိုယ်ပိုင် နည်းပညာနဲ့သုံးရတယ်။ ဒါပေမဲ့ နောက် company တစ်ခုကို ချိတ်ဆက်ဖို့ အပြင်ကို ထွက်မယ်ဆိုရင် ဒီ OSI နည်းပညာကို အသုံးပြုပီး ချိတ်ဆက်မှရမယ်။ ဒါကိုလိုက်နာမယ်ဆိုရင် မင်းတို့ တွေသည် အခြား company တွေနဲ့ ချိတ်ဆက်လို့ရသွားပီ ဆိုပီး ပြောထားတာဖြစ်ပါတယ်။ အဲ့ဒီတော့ company တွေအနေနဲ့လည်း သူတို့ရဲ့ ကိုယ်ပိုင်နည်းပညာလည်း မပျောက်ပျက်သွားဘူး။ နောက်အခြား company နဲ့လည်း ချိတ်ဆက်အသုံးပြုလို့ရမယ်ဆိုတော့ အဆင်ပြေတဲ့အတွက် OSI နည်းပညာကို လက်ခံကြပါတယ်။

    အဲ့ဒီလိုနဲ့ company ကြီးတွေတစ်ခုနဲ့တစ်ခု ချိတ်ဆက်ပီး လုပ်ငန်းတွေ ချဲ့ထွင်လာကြပါတယ်။ ခုနောက်ပီး OSI 7 layer ရဲ့ လုပ်ဆောင်ချက်တွေကို ပြောပြပေးပါမယ်။

  OSI 7 layer  

  • Layer 7 Application 
  • Layer 6 Presentation 
  • Layer 5 Session 
  • Layer 4 Transport 
  • Layer 3 Network 
  • Layer 2 Datalink 
  • Layer 1 Physical 

ဆိုပီးရှိကြပါတယ်။ ဘာလို့ Layer 7 ကနေစရေးပြရတာလည်းဆိုရင်တော့ အဲ့လိုမှတ်သားမှသာ နောက်ပိုင်းတွေမှာ စဉ်းစားလုပ်ကိုင်ရတာ လွယ်ကူမှာဖြစ်ပါတယ်။ မိတ်ဆွေများလည်း မှတ်သားမယ်ဆိုရင် ယခုလိုပဲ မှတ်သားပေးပါဗျ။  

Layer 7 Application 

L7 မှာ ဘာကိုအဓိကလုပ်ဆောင်လည်းဆိုရင် application လုပ်ငန်းစဉ်ကိုလုပ်ဆောင်ပါတယ်။ application လုပ်ငန်းစဉ်က L7 မှာ လုပ်ဆောင်ပါတယ်။ အပြန်အလှန်နားလည်ရပါမယ်။ ဘယ်လို application လည်းဆိုရင်တော့ အများမြင်သာတဲ့ ယခုကျွန်တော်တို့တွေ အသုံးပြုနေတဲ့ web browser တွေပါပဲ။ Mozilla firefox ရှိမယ် google chrome ရှိမယ်။ application မတူ အသွင်အပြင်မတူပါဘူး။ ဒါပေမဲ့ L7 ကိုလက်ခံတည်ဆောက်ထားတဲ့အတွက် ကျွန်တော်တို့ တစ်ခုခုရှာလိုက်တယ်ဆိုရင် firefox မှာပဲဖြစ်ဖြစ် google chrome မှာပဲဖြစ်ဖြစ် ရောက်ရှိလာတဲ့ ပုံစံ အတူတူဖြစ်နေပါတယ်။ ဥပမာ youtube ကို ရိုက်ထည့်မယ်ဆိုရင် youtube ကျလာတာက ဒီပုံစံတစ်မျိုးတည်းပါပဲ။ ဒါပေမဲ့ သူကျရောက်လာတဲ့ application ကတော့ မတူပါဘူး။ Mozilla firefox နဲ့ google chrome ဖြစ်ပါတယ်။ ဒါက မြင်သာအောင်ပြောပြတာပါ။ L7 application layer မှာ ပါဝင်တာတွေက browser ပိုင်းတွေ, mail server ပိုင်းတွေ, user registery ပိုင်းတွေ ပါဝင်ပါတယ်။  

Layer 6 Presentation 

L6 မှာ လုပ်ဆောင်ပေးတာကတော့ တစ်နည်းအားဖြင့် တင်ပြခြင်း၊ တင်ဆက်ခြင်းလို့ပြောလို့ရပါတယ်။ ကျွန်တော်တို့တွေ ဒီဘက်ကနေမှ အချက်အလက်တစ်ခုခု ပေးပို့လိုက်တာကို တစ်ဖက်မှာ သွားရောက်တင်ပြပေးခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့တွေ စာရိုက်တာတွေကို တစ်ဖက်မှာသွားပေါ်စေတာတွေ၊ ကျွန်တော်တို့ ပုံတွေပို့လိုက်တာကို တစ်ဖက်မှာသွားပေါ်စေတာတွေ စတာတွေကို L6 က လုပ်ဆောင်တာဖြစ်ပါတယ်။ JPEG( ပုံဖိုင်များ ), MP3 ( အသံဖိုင်များ ), MPEG4 ( ရုပ်သံဖိုင်များ ) စတာတွေကို L6 မှာ လုပ်ဆောင်ပါတယ်။ 

Layer 5 Session 

L5 ရဲ့ session ဆိုတာက internet connection တစ်ခု စတင်ပြုလုပ်တဲ့နေရာ စတင်ဖြန့်ဝေတဲ့နေရာလို့ခေါ်ဆိုနိုင်ပါတယ်။ အဲ့လိုစတင်ဖြန့်ဝေလိုက်တဲ့ internet connection ကို ထိန်းသိမ်းထားပါတယ်။ ဘယ်လိုထိန်းသိမ်းတာလည်းဆိုရင် connection ကို တည်ငြိမ်အောင်နဲ့ မပြတ်တောက်သွားတောင်ထိန်းသိမ်းပေးပါတယ်။ သက်ဆိုင်ရာ အချက်အလက်တွေကို မပျောက်သွားအောင် မပျက်စီးသွားအောင် ထိန်းသိမ်းပါတယ်။ အဲ့လို ထိန်းသိမ်းပေးတာတွေကနေမှ အဲ့ဒီ စတင်လိုက်တဲ့ internet connection တစ်ခု ပီးဆုံးသည်အထိတာဝန်ယူစောင့်ကြည့်ပါတယ်။ ဥပမာ ကျွန်တော်တို့တွေ ပုံတစ်ပုံပို့လိုက်တယ်ဆိုရင် အဲ့ဒီစတင်ပို့လွတ်လိုက်တာကို လုပ်ဆောင်ပါတယ်။ အဲ့ဒီပုံ ကောင်းကောင်းမွန်မွန်တစ်ဖက်ကိုရောက်ရှိအောင် ထိန်းသိမ်းစောင့်ကြည့်ပါတယ်။ အဲ့နောက်မှာတော့ တစ်ဖက်ကိုရောက်ပီး တစ်ဖက်ကနေမှ အဲ့ဒီပုံကို မြင်ရသည်အထိ တာဝန်ယူစောင့်ကြည့်ပါတယ်။

Layer 4 Transport 

L4 မှာ အချက်အလက်တွေကို segment(အပိုင်းပိုင်းလေးတွေ) အဖြစ် ပြုလုပ်ထိန်းသိမ်းပါတယ်။ ဘာလို့ လည်းဆိုတော့ သတင်းအချက်အလက်လုံခြုံရေးအတွက်ဖြစ်ပါတယ်။ အဲ့ဒီလို သတင်းအချက်အလက်လုံခြုံရေးအတွက် အပိုင်းပိုင်းလေးတွေသတ်မှတ်ပီးရင် အသုံးပြုတဲ့ connection ၂မျိုးရှိပါတယ်။ TCP / UDP connection ဖြစ်ပါတယ်။ အဲ့ဒါကဘာတွေလည်းဆိုရင် TCP connection ပုံစံနဲ့ ထုတ်လွတ်တာဆိုရင်တော့ အဲ့ဒီ အချက်အလက်တွေက connection Oriented ဖြစ်ပါတယ်။ အဲ့ဒါကဘာလည်းဆိုရင်တော့ connection ချိတ်ဆက်မှုနှေးကွေးပါတယ်။ ဒါပေမဲ့ တိကျသေချာတဲ့ သတင်းအချက်အလက်ကိုရရှိပါတယ်။ UDP ကတော့ connectionless ဖြစ်ပါတယ်။ ဘာလည်းဆိုတော့ မတိကျတဲ့ connection ကိုရရှိမှာဖြစ်ပါတယ်။ နောက်ပီး သူ့ရဲ့ချိတ်ဆက်မှုကမြန်ဆန်ပါတယ်။ TCP မှာတော့ error check ပါဝင်ပါတယ်။ UDP မှာတော့ error check မပါဝင်ပါဘူး။ ဥပမာအားဖြင့် ကျွန်တော်တို့တွေ ဖုန်းပြောဆိုခြင်း မက်စေ့ပို့ခြင်းကို ဥပမာပေးလို့ရပါတယ်။ TCP လုပ်ငန်းစဉ်က ဖုန်းနဲ့ မက်စေ့ပို့တဲ့လုပ်ငန်းစဉ်နဲ့တူညီပါတယ်။ ကျွန်တော်တို့တွေ မက်စေ့ပို့တဲ့အခါ ဒီဘက်ကနေ send ဖြစ်ပီးတော့ တစ်ဖက်ကို ခနလောက်နေမှရောက်ပါတယ်။ ဒါပေမဲ့ ပို့တဲ့စာတွေအကုန်အတိအကျရောက်ပါတယ်။ error check အနေနဲ့ မက်စေ့ ပို့တာ အောင်မြင်လားမအောင်မြင်လားကို သိရပါတယ်။ ဖုန်းပြောဆိုရင်းကတော့ UDP နဲ့ ဥပမာပေးလို့ရပါတယ်။ ကျွန်တော်တို့တွေပြောလိုက်တဲ့စကားကို တစ်ဖက်ကို ချက်ခြင်းရောက်ပါတယ်။ ဒါပေမဲ့ စကားအကုန်ကြားချင်မှကြားရပါမယ်။ အသံပြတ်တာတွေ ပျောက်သွားတာတွေရှိတတ်ပါတယ်။ error check မပါဝင်တဲ့အတွက် ပြောတဲ့စကားအကုန် တစ်ဖက်ကို ရောက်လားမရောက်လား စစ်မနေပါဘူး။ အကုန်လုံးကိုအမြန်ပို့ပေးတာဖြစ်ပါတယ်။ အားလုံး မျက်စိထဲမြင်မိမယ်လို့ထင်ပါတယ်ဗျ။   

Layer 3 Nerwork 

L3 ကတော့ IP သတ်မှတ်ခြင်း packet ထုတ်ပိုးခြင်းနဲ့ routing လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပါတယ်။ ဘယ်လိုလည်းဆိုရင် ကျွန်တော်တို့တွေအထက်ကနေရရှိလာတဲ့ data segment တွေကို data packet အဖြစ် ထုတ်ပိုးလိုက်ပါတယ်။ ပီးရင် အဲ့ဒီ data packet ကို source IP(မူရင်းအချက်အလက်ရရှိရာIP)နဲ့ destination IP(ပေးပို့ရမဲ့IP)တို့ကို ထပ်မံ ပေါင်းထည့်လိုက်ပါတယ်။ ပီးရင်တော့ အဲ့ဒီ IP တွေကို routing လို့ခေါ်တဲ့ လှမ်းချိတ်ဆက်မှုတွေကိုလုပ်ဆောင် စမ်းသပ်ပါတယ်။ အဲ့ဒီလို IP တွေထပ်ပေါင်းတဲ့နေရာမှာလည်း IPv4 နဲ့ IPv6 IP address တွေကို ထပ်ပေါင်းသတ်မှတ်ပါတယ်။ ဘယ်ကလာပီး ဘယ်ကိုသွားမယ်ဆိုတာကို သတ်မှတ်ပါတယ်။    

Layer 2 Data Link 

L2 မှာတော့ Frame ထပ်ပေါင်းပါတယ် MAC address ပါတဲ့ Frame ပါ။ ဘယ်လိုလည်းဆိုတော့ ကျွန်တော်တို့အထက်ကရရှိလာတဲ့IPထည့်ထားတဲ့ packet ကို MAC address ထပ်ပေါင်းပီး Frame ပြုလုပ်ပါတယ်။ နောက်ပီး data သွားရာလမ်းကြောတွေမှာ ကောင်းမွန်စွာ လုပ်ဆောင်နိုင်အောင်ထိန်းသိမ်းပါတယ်။ data တွေကို ပို့လွတ်ရာမှာလည်း wireless နဲ့လား cable နဲ့လားဆိုတာကိုတော့ မိမိဘာသာ သတ်မှတ်ပေးလို့ရပါတယ်။   

Layer 1 Physical layer 

L1 ကတော့ ကျွန်တော်တို့တွေရဲ့ပို့ချင်တဲ့ data အချက်အလက်တွေကိုချိတ်ဆက်ပေးတဲ့ physical device တွေနဲ့ မြန်နှုန်းတွေပဲဖြစ်ပါတယ်။ cable connection, hubs, connector, repeater စတဲ့ data connection device တွေနဲ့ အချက်အလက်တွေကို ပေးပို့ပါတယ်။ နောက်ပီး တော့ bit stream နဲ့မိမိပေးပို့လိုတဲ့အချက်အလက်တွေရဲ့ မြန်နှုန်းကို ကြည့်လို့ရပါတယ်။ bit stream ဆိုတာကတော့ ကျွန်တော်တို့ ဝယ်ယူအသုံးပြုတဲ့ physical device တွေရဲ့ မြန်နှုန်းဖြစ်ပါတယ်။ 10 Mb,100 Mb,1000Mb စသဖြင့် မြန်နှုန်းကိုယ်စီရှိကြပါတယ်။   

OSI 7 Layer အကြောင်း ရှင်းလင်းဖော်ပြချက်ဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်မဟုတ်သည့်အတွက် လေ့လာသင်ယူထားသမျှကို ရေးသားဖော်ပြထားခြင်းဖြစ်ပါတယ်။ အမှားတစ်စုံတစ်ရာ ရှိလျှင် ခွင့်လွတ်ပေးကြပါရန်တောင်းပန်အပ်ပါတယ်။ မိမိ သိရှိသလောက်ကို ဗဟုသုတအနေနဲ့ ရေးသားဖော်ပြခြင်းဖြစ်ပါတယ်။ 

[ဒီအချက်များကို သိရှိနားလည်ထားမယ်ဆိုရင် Networking စာမေးပွဲအတွက် အထောက်အကူဖြစ်ပါတယ်]

𝓬𝓪𝓮𝓼𝓪𝓻𝓼𝓾𝓹𝓪𝓲𝓶𝓲𝓷

Writer caesarsupaimin 

MSC-025  

OSI Seven Layer အကြောင်း | Ecency