ကြိုးစားပေးပါ

Words
55
Reading
1 min
Listen
Play
9y

လူသားအချင်းချင်းတစ်ယောက်ကောင်းစားတာကို တစ်ယောက်ပီတိဖြစ်ပေးကြပါ။

သူချမ်းသာတာကိုမနာလိုမဖြစ်ပါနဲ့။သူ့လိုချမ်းသာအောင်ဘယ်လိုလုပ်မလဲစဉ်းစာလုပ်ကိုင်ပါ။

ကြိုးစားရင်ဘာမဆိုဖြစ်ပါတယ်။ ခုဒီမှာစာရေးကြတယ် ကြိုးစားရေးကြပါ။ တစ်နေ့ထက်တစ်နေ့ အရေးအသားတွေ ကောင်းမွန်လာတာ ကိုယ်တွေ့ဖြစ်ပါလိမ့်မယ်။

မိမိကိုယ်တွေ့ကိစ္စတွေ မိမိသင်ကြားခဲ့တာတွေကို လေ့လာမှတ်သားမှု နဲ့ပေါင်းစပ်ပီး စာဖတ်သူအတွက် အသိပညာ ဗဟုသုတလေးတွေမျှဝေပေးတာကလဲ ပီတိဖြစ်စရာတစ်ခုပါ။

လမ်းလျှောက်တတ်ဖို့အတွက် ခဏခဏချော်လဲရပါတယ်။ ရေကြည်သောက်ရဖို့အတွက် ရေတွင်းတူးပီး ရေကြည်ရတဲ့အထိစောင့်ရပါတယ်။ 

တစ်နေ့ကို ၁ ခု ပဲ ရေးနိုင်အုံးတော့။ ၁လဆို ၃၀ ဖြစ်နေပါပီ။ စာပုဒ်၃၀ အတွက် မိမိမှာလဲ တိုးတစ်မှုတစ်ခုခုရနေပါပီ။

အားလုံးပဲ ကျွန်တော်ပြောပြချင်တာကိုနားလည်မယ်ထင်ပါတယ်။ 

ဒါက ဒီ steemit မှာ လုပ်တာပါ။ တခြား လုပ်ငန်းတွေလဲများစွာလုပ်လို့ရပါသေးတယ်။ 

ဒီဘက်ခေတ်မှာ တစ်ခုကောင်းတာက လုပ်ငန်းတော်တော်များများက အချိန်အပိုင်းအခြားတစ်ခုနဲ့လုပ်လို့ရနေတာတွေပါ။ 

အောင်မြင်အောင်ကြတဲ့လူတွေလဲအများကြီးပါပဲ။

အားလုံးလဲ အောင်မြင်ကြပါစေဗျ

written by caesarsupaimin

MSC-025

ကြိုးစားပေးပါ | Ecency