နွေရာသီမှတ်​တမ်း

Words
177
Reading
1 min
9y
Listen to this post
~1 min

image

နွေရာသီ​ရောက်​လာပါပီ တစ်​ဖြည်းဖြည်းနဲ့ ​နွေရာသီဆိုရင်​အမြဲတမ်းသတိရတဲ့ အချိန်​တစ်​ခုရှိခဲ့ပါတယ်​။ ကျွန်​​တော့ရဲ့ပထမဆုံးချစ်​သူ​ပေါ့။ သူနဲ့ချစ်​သူစဖြစ်​ခဲ့တဲ့ဒီလို​နွေရာသီဆိုအမြဲသတိရမိတယ်​။သူက​တော့သတိရချင်​မှရမှာပါ​လေ။ ကျွန်​​တော်​တို့​တွေ့ခဲ့တာက​တော့ ၇၃လမ်း အင်​တာနက်​ဆိုင်​​လေးကစခဲ့ပါတယ်​။ အဲ့ဒီတုန်းကဆို အင်​နာနက်​ကို ဆိုင်​မှာပဲသုံလို့ရတဲ့အချိန်​အခါ​ပေါ့ဗျာ။ အင်​တာနက်​ဆိုတာကြီးကလဲဆွဲ​ဆောင်​မှု​တော်​​တော်​ရှိလှပါတယ်​ဗျာ။ သူ့ကိုအသုံးပြုပီး ကမ္ဘာကြီးရဲ့ဘယ်​​နေရာမှရှိတဲ့လူပဲဖြစ်​​နေပါ​စေ အဆက်​အသွယ်​ပြုလုပ်​စကား​ပြောလို့ရတယ်​။ video call ​ခေါ်ပီးတစ်​​ယောက်​ကိုတစ်​​ယောက်​ကြည့်​လို့ရတယ်​။ ကျွန်​​တော်​တို့အ​ကြောင်းဆက်​ပါမယ်​။
ဒီလိုနဲ့ အဲ့ဒီအင်​တာနက်​ဆိုင်​ကို ည​နေတက္ကသိုလ်​ကဆင်းရင်​ သွားသွားပီး chatting ထိုင်​ပါတယ်​။ chatting ထိုင်​ရင်းစကား​ပြောပီး အပြင်​မှာလဲချိန်း​တွေ့ကြပါတယ်​။ အဲ့ဒီအင်​တာနက်​ဆိုင်​က​တော့ Future sky ဖြစ်​ပါတယ်​။ အဲ့ဒီဆိုင်​ကလဲ အဲ့ဒီအချိန်​အခါတုန်းက ကွန်​နက်​ရှင်​​တော်​​တော်​​ကောင်းတဲ့အင်​တာနက်​ဆိုင်​ဖြစ်​သလို နိုင်​ငံခြားကိုဖုန်း​ခေါ်ဆိုမှု ပြုလုပ်​လို့ရတဲ့ဆိုင်​လည်းဖြစ်​ပါတယ်​။ အဲ့ဒီအချိန်​တုန်းကဆို နိုင်​ငံခြားထွက်​ပီးအလုပ်​လုပ်​သူ​တွေများပါတယ်​။ ဒီလိုနဲ့ တစ်​​နေ့ကျ​တော့ ကျွန်​​တော်​သုံးတဲ့စက်​မှာ လိုင်းမတက်​လို့ဆိုပီး ဆိုင်​ကဝန်​ထမ်းကို​ခေါ်ပီးလာစစ်​ခိုင်းလိုက်​ပါတယ်​ အဲ့ဒီအချိန်​မှာ သူက​နေမှလာစစ်​​ပေးပါတယ်​။ ကျွန်​​တော့အ​ကောင့်​ဝင်​မရတဲ့အခါကျ​တော့ သူ့အ​ကောင့်​ကိုဝင်​ကြည့်​မယ်​ဆိုပီးဝင်​ကြည့်​ပါတယ်​ အဲ့ဒီအချိန်​မှာ သူ့အ​ကောင့်​ကိုမှတ်​ထားပီး​တော့ ကျွန်​​တော်​အ​ပေါင့်​ပြန်​ဝင်​တဲ့အချိန်​မှာ သူ့ကို friend invite ပို့ပီး ​စောင့်​​နေလိုက်​ပါတယ်​ ပီး​တော့ မှ ကျွန်​​တော်​ခါတိုင်းလိုပဲသူငယ်​ချင်း​တွေနဲ့စကား​တွေဆက်​​ပြောပါတယ်​။ ​နောက်​​နေ့ကျ​တော့ ကျွန်​​တော်​သူရှိတဲ့ဆိုင်​ကိုမသွားပဲ တစ်​ခြားတစ်​ဆိုင်​မှာအင်​တာနက်​သုံးပါတယ်​။ အဲ့ဒီအချိန်​မှာ​တော့ သူကကျွန်​​တော့အ​ကောင့်​ကို လက်​ခံပီးသားဖြစ်​​နေပါပီ။ သူလဲလိုင်း​ပေါ်မှာရှိ​နေပါတယ်​။ အဲ့ဒါနဲ့ပဲ သူ့ကိုအရင်​ စ ဟိုင်းလိုက်​ပီးစကား​တွေစ​ပြောဖြစ်​ခဲ့ပါတယ်​။ အလာပသလာပ ​တွေ​ပြောဖြစ်​ပါတယ်​။ ​သေချာ​တော့မမှတ်​မိ​တော့ပါဘူး။
နောက်​တစ်​ရက်​ကျ​တော့ သူရှိတဲ့ဆိုင်​ကို သွားလိုက်​ပါတယ်​ ပီး​တော့ သူနဲ့ မလှမ်းမကန်းကစက်​တစ်​ခုမှာ ထိုင်​လိုက်​ပါတယ်​။ ပီး ​တော့အင်​တာနက်​စသုံးတဲ့အခါ သူနဲ့စကား​ပြောလိုက်​တယ်​။ ဘာလုပ်​​နေတာလဲ ဆို​တော့သူက မုန့်​စား​နေတာလို့​ပြောပါတယ်​။ တကယ်​မြင်​​နေရတာက သူက​ကောင်​တာထိုင်​​နေရတယ်​ မုန့်​မစားပါဘူး။ အဲ့ဒါနဲ့ကျွန်​​တော်​လည်း မုန့်​လည်းမစားပါဘူး ထိုင်​ပဲထိုင်​​နေတာပါလို့လဲ​ပြောလိုက်​​ရော သူ့​ခေါင်းကဟိုကြည့်​ဒီကြည့်​ဖြစ်​ပါ​လေ​ရော။ ဘယ်​လိုသိတာလည်းတဲ့ ဆိုင်​မှာ​ရောက်​​နေတာားတဲ့။ ကျွန်​​တော်​ကလဲ မဟုတ်​ပါဘူး ဒီတိုင်း​လျှောက်​​ပြောလိုက်​တာမှန်​​နေတာလားလို့​မေးလိုက်​တယ်​။ အဲ့ခါကျမှမဟုတ်​ပါဘူး တကယ်​စား​နေတာပါလို့ပြန်​​ဖြေတယ်​။ စ​နေတာလို့ကျွန်​​တော့်​ကိုပြန်​​ပြောတယ်​။ ကျွန်​​တော်​က​တော့ သိ​နေတာ့ ကြိတ်​ပီးရယ်​​နေမိတာ​ပေါ့။
ဒီလိုနဲ့လတစ်​​နေ့ကျ​တော့ ကျွန်​​တော်​သုံး​နေတဲ့စက်​ကို သူ့သူငယ်​ချင်းတစ်​​ယောက်​ကမြင်​သွားတဲ့ အဲဒီအခါကျမှကျွန်​​တော့ကိုသူမိ​တော့တာ​ပေါ့။ စစချင်း​တော့ငြင်း​သေးတယ်​​နောက်​ပိုင်းက​တော့ဟုတ်​တယ်​လို့ဝန်​ခံလိုက်​တယ်​။ ​နောက်​ပိုင်းကျ​တော့ ပုံမှအဲ့ဒီဆိုင်​ကိုသွားဖြစ်​ခဲ့တယ်​။ ဆိုင်​ကို​ရောက်​ရင်​လဲသူ ကျွန်​​တော့ကို စက်​သုံးဖို့အမြန်​ဆုံးရ​အောင်​လုပ်​​ပေးတယ်​။ ​နောက်​​တော့ အ​အေးဆိုင်​​တွေအတူတူအ​အေးသွား​သောက်​တဲ့အ​ခြေအ​နေဖြစ်​လာတယ်​ဒီလိုနဲ့တစ်​​နေ့ကျ​တော့ သူ့ကိုသ​ဘောကျတယ်​လို့​ပြောလိုက်​တယ်​ သူကပြန်​​ပြောတာက ​သေချာလားတဲ့ သူကလိုအပ်​ချက်​​တွေရှိတယ်​တဲ့။ ကျွန်​​တော်​ကလဲ ရပါတယ်​ ဘယ်​လို လို​အပ်​ချက်​ဖြစ်​ဖြစ်​ကျွန်​​တော်​ချစ်​​နေတယ်​ ကျွန်​​တော်​လက်​ခံတယ်​ဆိုပီး ​ပြော​တော့သူကလည်း လက်​ခံတယ်​ဆိုတာနဲ့ ကျွန်​​တော်​တို့ချစ်​သူ​တွေဖြစ်​သွားကြတယ်​။
အရင်​ကထက်​ပိုရင်းနှီးလာခဲ့တယ်​။ ဘုရား​တွေသွားတယ်​ ကစားကွင်း​တွေ​လျှောက်​လည်​တယ်​။ ပီး​တော့ ​နေတိုင်းလိုလို​တွေ့ဖြစ်​တယ်​။ ​နောက်​ပိုင်းကျ​တော့ သူကအင်​တာနက်​ဆိုင်​မှာအလုပ်​ထွက်​လိုက်​ပီး​တော့ kbz bankမှာအလုပ်​ရသွားတယ်​ ကျွန်​​တော်​လဲ အကြိုအပို့နဲ့အလုပ်​​တွေရှုပ်​​နေခဲ့တာ​ပေါ့။ သူနဲ့ကျွန်​​တော်​က ၃ နှစ်​ကွာတယ်​။ ကျွန်​​တော်​ကအငယ်​​ပေါ့။ ကျွန်​​တော်​က​တော့ ​ကျောင်းမပီး​သေးဘူး တက္ကသိုလ်​တက်​​နေတုန်း​ပေါ့။ ​ကျောင်းတက်​​နေတုန်းဆို​တော့ ​ပေါ့​ပေါ့ပဲ​နေဖြစ်​တာ​ပေါ့။ ​ကျောင်းသွားတယ်​ ​ကျောင်းပြန်​တယ်​ ကြိုပို့လုပ်​တယ်​။ ဂိမ်း​ဆော့တယ်​။ ​ရှေ့​ရေးအတွက်​ဘာမှမစဉ်းစားဘူး​ပေါ့။ အဲ့ဒါကိုသူကသ​ဘောမကျဖြစ်​ပီး​တော့ ​ရှေ့​ရေးကိုမစဉ်းစားဘူး သူ့ကိုတကယ်​မချစ်​ဘူး ဆိုပီးကျွန်​​တော့်​ကိုအဆက်​ဖြတ်​သွားခဲ့တယ်​။ ကျွန်​​တော်​က​တော့ ​ကျောင်းမပီး​သေး​တော့ အလုပ်​လဲမရှိ ခပ်​​ပေါ့​ပေါ့ပဲ ​နေမိခဲ့တာ​ပေါ့။ သူလဲ​နောက်​ရည်းစားအသစ်​ရသွားခဲ့တယ်​။ သူနဲ့ကျွန်​​တော်​ပြတ်​သွားတဲ့အချိန်​က​တော့ ချစ်​သူသက်​တမ်း ၃နှစ်​ကြာပီး​တော့ ​နွေရာသီ​ရောက်​တဲ့အချိန်​မှာ သူနဲ့အဆက်​ပြတ်​သွားခဲ့ပါတယ်​။

Written by caesarsupaimin
MSC-025
Photo from google search

နွေရာသီမှတ်​တမ်း | Ecency