This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

How to say word?

Words
467
Reading
3 min
Listen
Play
8y

စကားပြောချင်းဆိုသည်မှာ...ဘုရားရှင်၏ ရာဟုလောဝါဒသုတ်တွင် ... “ ချစ်သားရာဟုလာ စကားပြောတော့မည်ဆိုလျှင် မစဉ်းမစားမပြောအပ် ...ပြောတော့မည့်စကားသည် မိမိကိုထိခိုက်မည်လား ...သူတစ်ပါးကို ထိခိုက်မည်လားဟု တွေးတောအပ်၏...မိမိ ၊သူတစ်ပါးနှစ်ဦးသား တို့တွင် တစ်ဦးဦးကို ထိခိုက်မည့်စကားဖြစ်ပါက မပြောအပ် ... မိမိ ၊ သူတစ်ပါးနှစ်ဦးစလုံးကိုမထိခိုက်သော စကားကိုသာ ပြောကြားအပ်၏” ဟူ၍ဟောကြားတော်မူထားသည် ...စကားပြောသူတိုင်းသတိထားသင့် သော အချက်တစ်ခုဖြစ်သည် ... မြန်မာစာသည် သိမ်မွေ့နက်နဲ သကဲ့သို့ မြန်မာစကားသည်လည်းရှုပ်ထွေးလှ၏ ...မြန်မာစကားပြောဆို ပုံတွင် ... “ရေကူးညာတင် ၊ကောင်ပင်ရိတ်လှီး၊ ရေစီးဖောင်ဆန်၊ အိုးတန်ဆန်ခပ် ၊ဆီပွတ်ကျည်ပွေ့ ၊ဆင်ဝှေ့ရန် ရှောင် ၊တောင်သူယာခုတ် ၊ကြက်ဆုတ်ခွပ်ပစ်၊ ရေစစ်ကရား၊ ခက်တင်မောင်းနင်းဆိုခြင်းစကား “ ဤဆယ် ပါး ”မှတ်သားကျင့်ဆောင်ရာ ” ဟူ၍ရှိ၏... ရေကူးညာတင်စကားမှတ်သားကြလော့

shrlfhw605.jpg
Source

စကေားဘယ်လိုပြောကြမလဲ...လိုရာဆိပ်ကမ်းကိုရေညာကတင်၍ ကူးမှရောက်သကဲ့သို့ မိမိလိုရာရောက်အောင် ကြိုတင်၍စကားပိုဖြင့် ပြောဆိုခြင်း ... ကောက်ပင်ရိတ်လှီးစကား... ကောက်ပင်ကို လက်တစ်ဘက်ဖြင့် မြဲမြံစွာဆုပ်၍တံစဉ်ဖြင့် အရင်းကရိတ်ဖြတ်လျှင် လက်တွင်ရှိသမျှ စပါး ကိုရသကဲ့သို့ သူများဆိုသောစကားကို မိအောင် ဖမ်းကိုင်ပြီးမှ ပြတ်စဲအောင် ပြောဆိုခြင်း ... ရေစီးဖေါင်ဆန်စကား... လိုအင်ဆန္ဒ ရှိသမျှသောအရာဝတ္ထုတို့ကို ဖေါင်တွင် တင်၍ ဖြည်းညှင်းစွာ ဆန်တက်သွားလျှင် လိုအင်ကိစ္စပြီး သကဲ့သို့ခြေသိမ်းခေါင်းပိုက်ပမာဟပ်စပ်၍ပြီးပြတ်အောင် ပြောဆိုခြင်း ... အိုးတန်ဆန်ခတ်စကား... အိုးနှင့်ဆန် တန်ရုံထည့်၍ချက်လျှင် ကောင်းစွာ ကျက်နပ်သကဲ့သို့ကိုယ့်ဂုဏ်အင်နှင့် တန်ရုံ မယုတ်မ လွန် ပြောဆိုခြင်း... ဆီပွတ်ကျည်ပွေ့စကား ... ကျည်ပွေ့ဖြင့် အကြိမ် ကြိမ် အထပ်ထပ် ဆီပွတ်လျှင် ဆီထွက်၍ မိမိအလိုကိစ္စပြီးသကဲ့သို့ လိုရာကိစ္စပြီးစေ ခြင်းငှာထိုစကားကိုပင်အထပ်ထပ်ပြောဆိုခြင်း...မှတ်သားကြပေကုန်။

nm7g583de6.jpg
Source

လူတစ်ယောက်ကိုစကားချိုသာအောင်ဘယ်လိုပြောမလည်း..ဆင်ဝှေ့ရန်ရှောင်စကား ... ဆင်ထိုးဝှေ့မည်လိုက်လျှင် တိမ်းရှောင်ဖယ်သွေ လွတ်ရာ၌ ပြေးလွှဲကာနေရသကဲ့သို့ကိုယ့်ထံသို့ရောက်မည့်စ ကားကိုရှောင်လွှဲ၍ပြောဆိုခြင်း... တောင်သူယာခုတ်စကား... တောင်သူလယ်သမားတို့သည် မိမိတို့ တည် ခုတ်မည့် လယ်ယာ မြေကွက်၌ရှေးဦးစွာ ခြုံပိတ်ပေါင်းနွယ်သစ် ပင်ငယ် တို့ကို ခုတ်ထွင်ရှင်းလင်းပြီးမှသာ သစ်ပင်ကြီးတို့က ခုတ်ထွင်ဖိလှဲသကဲ့သို့ စကားငယ်ကို ပြောဆိုပြီးမှ စကားကြီးကို ဖိစီး၍ပြောဆိုခြင်း... ကြက်ဆုတ် ခွပ်ပစ်စကား... ကြက်ခွပ်ရာ၌နောက်ဆုတ်ဟန်ပြု၍ခွပ်မှသာ ခွပ်ပစ်သကဲ့သို့ သူ့စကားအလိုသို့ လိုက်တန်ကလိုက်၍စီးသာ မှစီးလျက် ပြီးပြတ်အောင် ပြောဆိုခြင်း... ရေစစ်ပမာစကား ... ဓမ္မကရိုဏ်ခေါ်ရေစစ်ကိုရေတွင်နှစ်ကာ ပြည့်မှ အပေါက်ကို ပိတ်၍ဆွဲယူလိုက်လျှင် ရေမထွက်နိုင်သကဲ့သို့ သူတစ်ပါးပြောဆိုခွင့်မရအောင် ပိတ်ဆို့၍ပြောဆိုခြင်း... ခက်တင် မောင်းနင်းစကား... မောင်းနင်းသောသူသည် တစ်ဘက်လိုက်ပါ တိမ်းစောင်းလွန်းလျှင် အတင်ခက်၍မတိမ်းမစောင်းနင်းရသကဲ့ သို့ ဟုတ်သည်ဖြစ်စေ၊မဟုတ်သည်ဖြစ်စေ မတင်မကျ ပြောဆိုခြင်း ...အရေးကြီးပေသည်။

dvbze5nn8b.jpg
Source

လူရယ်လို့ဖြစ်လာရင် စကားပြောတတ်ရပေမည်။(ဗုဒ္ဓဓမ္မ ဦးလောကနာထ ) ထိုပြင်စကားပြောဆိုရာတွင်လည်းကျိုးကြောင်းကိုကြည့်၍ အောက်ပါအတိုင်းပြောဆိုခြင်း ဆယ်မျိုးရှိ၏... (၁ )ကာလ၀ါဒီ ... အချိန်အခါကိုကြည့်ပြောရသည် ... (၂ )ဘူတ၀ါဒီ ...ဟုတ်မှန်သောစကားကို ပြောရသည် ... (၃ )အတ္ထ၀ါဒီ ... အကျိုးရှိသောစကားကို ပြောရသည် ... (၄ )ဓမ္မ၀ါဒီ ...တရားနှင့်လျော်ညီသောစကားကို ပြောရသည် ... ( ၅ )ပီယ၀ါဒီ ...ချစ်ဖွယ်သောစကားကို ပြောရသည် ... ( ၆ )မိဟိတပုဗ္ဗဘာဏီ ...ပြုံးရွှင်ခြင်းကိုရှေးဦးပြုပြီး ပြောရသည် ... (၇ )မိတဘာဏီ ... မပိုမလွန် ချင့်ချိန်ပြီး ပြောရသည် ... (၈ )အတုရိတ၀ါဒီ ...အဆောတလျင်မဖြစ်အောင် ပြောရသည် ... (၉ )ပေါရီ ...မြို့ကြီးသား၊မြို့ကြီးသူတို့ ပြောသကဲ့သို့ ချိုသာစွာ ပြောရသည် ... (၁၀) ၀ိသဒ၀ါဒီ ... ပီပီသသ ဌာန်ကရိုဏ်းကျကျ ပြောရသည် ... (ဗုဒ္ဓဓမ္မ ဦးလောကနာထ ) ထို့အပြင်ဗုဒ္ဓက လူတွေပြောလေ့ရှိတဲ့ စကားအမျိုးအစားေ တွကို ( ၆)မျိုးရှိတယ်လို့ခွဲခြားဆန်းစစ်ထားပါ
ဒါမှလူပီသပေလိမ့်မည်။

92m1ryqa0d.jpg
Source

လူတစ်ယောက်ဟာ ဘယ်လောက်စကားပြောကောင်းသလည်း..တယ် ... (၁ )မှန်ကန်၊ အကျိုးရှိ၊ ကြားသူနှစ်သက် သောစကား... (၂ )မှန်ကန်၊ အကျိုးရှိ၊ ကြားသူမနှစ်သက်သောစကား ... (၃ )မှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သောစကား ... (၄ )မှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်သောစကား ... ( ၅ )မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သောစကား ... ( ၆ )မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်သောစကား တို့ဖြစ်ပါတယ် ... ဗုဒ္ဓမြတ်စွာဘုရားသည် စကားခြောက်မျိုးထဲ့မှာမှ ပထမ ( ၂) မျိုးကိုသည်သည် ပြောသင့်သောစကားဖြစ်ပြီး ကျန်သောစကား (၄ )မျိုးမှာ မပြောသင့်သော စကားများဖြစ်တယ် လို့ ဟောကြားညွှန်ပြ ဆုံဆုံးမထားခဲ့ပါ တယ် ...(ပါရာဇိကအဌကထာ သုဂတဂုဏ်ထူးအဖွင့် ) “ စကားခြောက်ခွန်းလူ၌ထွန်းလည်း နှစ်ခွန်းကိုသာ ကျိုးရှိရာကို ကောင်းစွာမသွေ ဆိုရာပေဟု မှတ်သားသိရှိရာ ... စကားခြောက်ခွန်းလူ၌ထွန်းလည်း လေးခွန်းမဆိုရာ ဆိုရာလူသား အငြင်းပွား၍ဆုတ်ယုတ် မြတ်ဥစ္စာ ... ထိုစာစကားဖဘုရား ဟောကြားထားရှိရာ...” ဟူ၍လူများမှတ်သား ထားရှိစေချင်သည် ...သို့မှသာငြိမ်းချမ်း သော ကမ္ဘာလောကဆီသို ရောက်ရှိနှိုင်မည်ဖြစ်သည် ... သဂါထဝဂ္ဂသံယုတ်ပါဠိတော် သုဘာသိတသုတ္တန်တွင် မြတ်စွာဘုရားကိုယ်တော်မြတ် သံဃာပရိတ်သတ်၌အရှင် ဝင်ဂီသမထေရ်ကို အဦးထား၍ ဟောကြားထားသော သုတ္တန်တွင် စကား အရာ အင်္ဂါလေးတန် ဟူ၍ဟောကြားထားသည်လည်းရှိ၏ ... စကားအရာ အင်္ဂါလေးတန်ဆိုသည်မှာ ...နှုတ်လျှို ချိုတပါးပေ။

w75xi132ms.jpg
Source

စကားပြောခြင်းပရိယာယ်...(၁ )ရန်တိုက်ခြင်းမရှိပကတိ ပိသုနဝါစာ ကင်းတဲ့စကားကို ပြောဆိုရာ၏... (၂ )ပိန်ဖျင်းသောစကားမှကင်း တရားနှင့်ယှဉ်သောစကားကို ပြောဆိုရာ၏... (၃ )ဖရုသဝါစာကင်း ချစ်ဖွယ်သော စကားကို ပြောဆိုရာ၏... (၄ )မုသာဝါဒါကင်းတဲ့မှန်ကန်တဲ့စကားကိုပြောဆိုရာ၏... ဟူ၍ ရှိ၏... မုသာဝါဒါ လိမ်လည်ပြောဆိုသော စကားသည် များစွာ အကျိုးစီးပွားဆုတ်ယုတ်စေသဖြင့် ငါးပါးသီလတွင် ထည့်သွင်းထားခြင်းဖြစ်သည် ... ထို့ကြောင့်( ၄) ခုမြောက်ဖြစ်သောမုသာဝါဒ ကင်းတဲ့စကားကို ပြောဆိုသင့်သည်ဟုမှတ်သားအပ်၏ ... မုသဝါဒစကားနှင့်ပါတ်သက်၍လည်း -“ မုသားစကား ၊ပြောဆိုငြားမူ စကားမပီ ၊ သွားမညီတည်း ပုပ်ညှီပါးစပ် ၊ ခြောက်ကပ်ကိုယ်ရေ ဣနြေ္ဒနောက် ၊ ပုံယွင်းဖေါက်၏ မရောက်သြဇာ ၊ နှုတ်လျှာကြမ်းထော် လျှပ်ပေါ်လော်လီ ၊ စိတ်မတည်သည် ရှောင်ပြီအပြန် အကျိုးတည်း ... ” ဟူ၍ မှတ်သားရဖူးသည် ... သိုရာတွင် မြန်မာစကား ပုံ အရ “ မုသားမပါလင်္ကာမချော ”ဟူ၍ ပါရှိသည်ဖြစ်ရာ မမှန်ကန်သော်လည်းသူတစ်ပါးအ တွက် ကျိုးရှိပါကပြောသင့်မပြောသင့်မိမိ ကိုယ်ပိုင် ဆုံးဖြတ်ဆင်ခြင်ရန်သာရှိသည် ... စကားကိုကောင်းစွာဆိုခြင်းသည် မင်္ဂလာအဆင်တန်ဆာများဖြင့်ပြောတတ်ရပေမည်...။အရာခပ်သိမ်းသည် စကားပြောတတ်ခြင်းနှင့်များသွာသက်ဆိုင်ပေသည်။

z9g9fnfjm6.png
Source

စကားပြောကျွမ်းကျင်အောင်လေ့ကျင့်ကြရပေမည်။ရှိ၏...ဤလောက၏ အကျိုးစီးပွားကိုဆောင်ရွက် တတ်သောကြောင့်လည်းကောင်း...သံသရာ၏ အကျိုးစီးပွားကိုဆောင်ရွက်တတ်သောကြောင့်လည်း ကောင်း...လောက သံသရာ အကျိုးစီးပွားကိုဆောင်ရွက်တတ်သောကြောင့် စကားကောင်းစွာပြော ခြင်းသည် မင်္ဂလာရှိသည်ဟု ဆိုအပ်၏ ... စကားပြောဆိုခြင်းကြောင့်ချစ်ခြင်းကိုဖြစ်စေ ၊မုန်းခြင်းကိုဖြစ်စေ ဖြစ်စေတတ်၏...တစ်ဦး နှင့်တစ်ဦး အပြစ်ပြောခြင်းထက် အကြံပေးခြင်းကကောင်းသည်ဟု ကျွန်ုပ်ထင်မြင်မိ၏ ...စကားကို အရမ်းကာရော စိတ်ကထင်တိုင်း မပြောသ့ကြဘဲ စဉ်းစားဆင်ခြင်စွာ ညှိနှိုင်းဆွေးနွေးခြင်းဖြင့်သာ တစ်ဦးနှင့်တစ်ဦးပြေလည်စေချင်သည်...ထို့ကြောင့် ပိယဝါစာ ချစ်ဖွယ်သော စကားကိုဆိုနှိုင်သော ဖစ်စေခြင်းအလိုငှါရှာဖွေတင်ဆက်လိုက်ရပါသည် ... “ သက်ကြီးတို့စကား၊ မှတ်သားရစီစဉ်။ ယဉ်ယဉ် မဖော်ပြ ၊ မှီခိုသူ-လူပဏ္ဍိတို့ရယ် ၊နှိုင်းညှိယူဆ ။”လူသားတိုင်းအတွက် စကားပြောခြင်းသည်အရေးကြီးပေသည်။အားလုံးကျေးဇူးတင်ပါသည်။

ixof4n84ge.jpg
Source

AUTHOR : btcpmking@btcpmking

HELLO ALL STEEMIT FRIENDS!GOODLUCK.THANK YOU ALL.

How to say word? | Ecency