ထိပ်ဆုံးသို့

Words
158
Reading
1 min
Listen
Play
9y

U5ds68CydDDCsmctX1ounWdPLE6XNtT_1680x8400.jpg
တစ်ခါကမြတ်စွာဘုရားက ဘာဖြစ်လို့များမိမိသည်သာ ကိုးကွယ်ရာလို့ဟောပြောသွားခဲ့ပါသနည်း မြတ်စွာဘုရားကိုယ်တိုင်ကိုက
မိမိကိုယ်ကိုယ် ကိုးကွယ်နိုင်အောငလို့် ကျင့်သုံးနိုင်ခဲ့ပြီး ငြိမ်းချမ်းမှုကို ရှာဖွေနိုင်ခဲ့လို့ဖြစ်ပါတယ် ကိုယ့်ကိုယ်ကိုယ် ကိုးကွယ်နိုင
်ဖို့ ဘာတွေလိုအပ်ပါသလဲတွေးပါ သီလ ပါဟုတ်တယ် ငါးပါးသီလ ကို လုံအောင် ပြုမူနေထိုင်နေသူအတွက်ကတော့ ကိုယ့်
ကိုယ်ကိုယ် ကိုးကွယ်ဖို့ အခက်အခဲ ရှိမှာမဟုတ်ပါဘူးနော် ကျွန်တော်ကတော့ ငါးပါးလုံး မဟုတ်ရင်တောင် တတ်နိုင်သမျှလေး
တော့ လုံအောင်နေဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲ သတိပေး နေထိုင်ဖြစ်ပါလေတယ် ဟုတ်တယ်လေ မြတ်စွာဘုရား ရဲ့ တရားတော်အတိုင်း ကျွန်တော်ဟာ
ကိုယ့်ကိုယ်ကိုယ် ကိုးကွယ်သလို ကိုးကွယ်နိုင်လောက်အောင်လည်း အမြဲကြိုးစားနေပါသည်ငါတို့တွေသည် မနက်တိုင်းတွင်
ထပ်မံ မွေးဖွားကြရကုန်၏။ ဒီနေ့တွင် ငါတို့ ပြုလုပ်မည့် အကြောင်းအရာကသာ အရေးအကြီးဆုံး ဖြစ်ပါလိမ့်မယ်

လက်ရှိအချိန်မှာ ကောင်းအောင်နေဖို့ကိုပဲ မိန့်ကြားခဲ့တယ်လို့ ကျွန်တော် သဘောပေါက်မိပါလေ၏ အချိန်ဟာ ကျွန်တော်တို့
ထငထားသလို အမြဲရနေမှာ မဟုတ်ပါဘူးလေ ကျွန်တော်တို့ လက်ရှိနေထိုင်နေတဲ့ ပစ္စုပန် ဆိုတဲ့ကာလမှာ ဘာတွေ လုပ်နေကြ၊
လုပ်ကြမှာပါလတွေးကြပါ ကျွန်တော်ကတော့ ကံရယ်ကံ၏ အကျိုး ကို အကြွင်းမဲ့ ယုံကြည်တဲ့အတွက် အတတ်နိုင်ဆုံး ကောင်းတာ
လေးတွေ ရွေးလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးနေမိပါလေ၏အမှုမတွေ အမှတ်မဲ့ ပြုလုပ်မိတဲ့ သေးသေးမွှားမွှား ကိစ္စလေး
တွေက အစ သံသရာ အထိ ပါသွားနိုင်လို့ဖြစ်၏ အမှတ်မထင် လွှင့်ပစ်လိုက်တဲ့ စီးကရက် တစ်လိပ်ကြောင့် တစ်ရပ်ကွက်လုံး
မီးလောင်သွား နိုင်သလို အမှတ်မထင် ကူညီလိုက်မှုတစ်ခုကြောင့် လူပေါင်းများစွာ အဆင်ပြေသွားနိုင်တာမျိုးလဲ ရှိနိုင်တယ်လေ
အဓိက က ကျွန်တော်တို့သာဖြစ်တယ် အနီးဆုံး ဥပမာပေးရရင် အခု ကျွန်တော် ဒီ ဆောင်းပါးလေး ရေးနေတဲ့ အချိန်မှာ ကောင်းတာ
တစ်ခုလုပ်နေတယ်လို့ ခံစားရမိပါလေသည်အဲဒီခံစားချက်ကပဲ ကျွန်တော့် စိတ်လေးကို ကြည်လင်နေစေပြန်ပါသည် အဲဒီ
ကြည်လင်နေတဲ့ စိတ်လေးဟာ တော်တော်များများကို အကောင်းမြင်ပေးနိုင်စွမ်းတ်ာတွေ့ရသည် သေချာတာကတော့ ကျွန်တော့်
ပစ္စုပန် ဟာ ပူလောင်မနေတာပါလေနဲ့ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မှာ အသေအချာဖြစ်၏ ကောင်းကျိုးကို လက်ငင်း
မခံစားရရင်တောင် တစ်ချိန်မှာတော့ မိမိပြုသည့်ကံက မိမိထံ ပြန်လာမှာဖြစ်လေ၏အတိတ် နဲ့ အနာဂတ်ရဲ့ အလယ်မှာ
အတတ်နိုင်ဆုံး အကောင်းဘက်ကတွေးရပေမည် ကောင်းတာကို ရွေးလုပ်သွားဖို့ ဆုံးဖြတ်ထားသင့်ပါလေ၏
ပစ္စုပန် ဟာ အခရာပဲ ဖြစ်လေသည်။ ဒီအချိန်သည်သာအကောင်းဆုံးပါလေကောင်းတာလုပ်ပါ။

Author : bobolin@bobolin
Photos credit-Google Image

ထိပ်ဆုံးသို့ | Ecency