စားဝတ်နေရေးအတွက် အလုပ်လုပ်ရတယ် အလုပ်လုပ်တော့ ငွေရတယ် ရလာတဲ့ငွေကို စားဝတ်နေရေးအတွက် အသုံးချရတယ် များများရှာနိုင်ရင် များများ သုံးလို့ရမယ် လိုချင်တာရှိ ဘာမှ တွေးတောနေစရာမလို တန်းဝယ်လို့ရ ငွေကြေးအပူအပင်နည်းလှတော့ နေရထိုင်ရတာ သက်တောင့် သက်သာရှိလှတယ် နည်းနည်းရှာနိုင်ရင်တော့ နည်းနည်းလေးဘဲသုံးရတယ် မလောက်မငတွေ ဖြစ်လာတယ် ချိုးခြံ ချွေတာရတာတွေ အသုံးလျှော့ရတာတွေနဲ့ ဝင်ငွေနည်းပါးတဲ့အခါ သိပ်တော့ မသာယာလှပါဘူး ငွေနည်းနည်းဝင်တာနဲ့ ငွေများများဝင်တာက ကွာဟမှု အတော်ကြီးပါလား အချိန်ကြာလာလေ ကွာဟမှုကကျယ်ပျန့်လာလေပေါ့
နေ့စဉ်အသုံးစားရိတ်ဆိုတာတော့ လူတိုင်းနဲ့ မကင်ဘူး မသုံးလို့မှမရတာ ငွေရှာမတက်တာနဲ့ ငွေရှာမရတာသာရှိမယ် အသုံးမတက်တာနဲ့ အသုံးမရှိတာတော့ မဖြစ်နိုင် သုံးကိုသုံးရတယ် နေ့စဉ်အသုံးစားရိတ်ရှိလာတော့ နေ့စဉ် ဝင်ငွေဆိုတာလိုလာတယ် ဘယ်ပုံ ဘယ်နည်းနဲ့ ရသည်ဖြစ်စေ နေ့စဉ်ဝင်ငွေတော့ ရှိမှ အဆင်ပြေမယ် နေ့စဉ်မဝင်လို့ တစ်ခါတရံ တစ်လတစ်ခါ စသဖြင့် ဝင်လည်း တစ်ရက်စာ ပျမ်းမျှပေါ့ ဝင်ငွေထွက်ငွေက အတိအတကျမဟုတ်တောင် မတိမ်းမယိမ်းလေး ကွာဟ မသွားအောင် ထိမ်းရပါတယ် အပေါင်းဆိုရင် ပြသနာမဟုတ်ပေမယ့် အနှုတ်ဆိုရင်တော့ ကိတ်စ ရှိနိုင်တယ် အနှုတ်ကွာဟမှု ကြီးလာလေ ပြသနာက ကြီးလာလေဘဲ အချို့ ပြသနာက ချက်ချင်း အပူမပေးဘူး နောက်မှ ရုတ်တရက် ဟုန်းဆို ထပေါက်တက်တဲ့ ဒိုင်းနမိုက်တစ်လုံးလိုဘဲ ဝင်ငွေထွက်ငွေကွာဟမှုကို မသိသလို နေလိုက်လို့မရဘူး အမြဲဂရုစိုက်နေမှတန်ကာကျတယ်
နေ့စဉ်ဝင်ငွေကလည်း ပုံမှန်လေး ဝင်တာနဲ့ အချီကြီးဝင်တာ မတူပြန်ဘူး နေ့တိုင်းအချီကြီးဝင်ဖို့တော့ တယ်မလွယ်ပါဘူး အချီကြီးဝင်ရင်တော့ ပျော်စရာပါ နေ့စဉ် ပုံမှန် နည်းနည်းချင်းဝင်တာက မများပေမယ့် အတော်လေး အဆင်ပြေတဲ့ အခြေအနေလို့ ဆိုရမယ် ပုံမှန်ဝင်ငွေလေး ရှိနေတော့ နေရထိုင်ရတာလည်း လိပ်ပြာလုံတယ် စိတ်ဓါတ်ကျတာတွေလည်း ဖြစ်ခဲတယ် ငွေကြေးစီမံရာမှာလည်း ပြသနာမရှိနိုင်ဘူး သူ့အထွာလေးနဲ့သူ အိုကေရော ဒါကြောာင့် ပုံမှန်ဝင်ငွေလေး ရှိဖို့ လူတွေ အများ ပိုအာရုံစိုက်ကြတာ တစ်ခါတစရံမှ ဟုန်းကနဲ အချီကြီးရတာထက် ပုံမှန်လေးသင့်တင့်တဲ့ ဝင်ငွေလေး ရှိတာကို ပိုသဘောကျတယ်
နည်းသည်ဖြစ်စေ များသည် ဖြစ်စေ နေ့စဉ်ဝင်ငွေလေးရှိနေတာကတော့ အကောင်းဆုံးပါဘဲ အခုလို ခက်ခဲတဲ့ ကာလရှည်တွေမျာ ပုံမှန်ဝင်ငွေလေး ရှိနေသူက ဆရာဘဲ