စတီးမစ် ဒေါ်လာလမ်းမကြီးထက်က ရွှေမြန်မာများ အားလုံး မင်္ဂလာပါခင်ဗျာ
ဆင်လိုလို သမင်လိုလို လူတွေကြားထဲ....................ကျားရဲ ဖြစ်မှယှဉ်နိုင်မယ်.............
ငါကိုယ်တိုင် မသေချာတယ်...........ဘယ်လိုများလဲ.............. မုဆိုးဖြစ်လိုက်.............သားကောင်ဖြစ်လိုက်......
သီချင်းစာသားတွေ ကူးချနေတာ မဟုတ်ရပါဘူး ဆိုတာလေး ဦးစွာပထမ ကြိုပြောပါရစေ။
ဒီပို့စ်လေးရေးရင် ဒီသီချင်းနားထောင်ရင်း အဲ့လိုဖြစ်သွားလို့ပါလေ..............
ဒီနေ့တော့ ကျွန်တော့်ရဲ့ ဇာတ်လိုက်ကျော် မောင်ဇော်ရဲ့ ဘ၀တစ်စိတ်တစ်ဒေသကို ရေးပါဦးမည်။ အနှီးမောင်ဇော်သည်
စတီးမစ်နှင့်အတူ မွေးဖွားလာခဲ့သည်မှာ ခြောက်လခန့်ရှိပြီဖြစ်သည်။ အစောပိုင်းကာလများဆီက သူ့အကြောင်း
ရေးဖူးပါသည်။ထိုစဉ်က သူသည် မူဆယ်ဈေးအနီးတစ်ဝိုက်တွင် ကျင်လည်ကျက်စားခဲ့သော အသိမကြွယ်သေးသည့် လူငယ်
လေးမောင်ဇော်ဖြစ်ခဲ့ရပါလေသည်။နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် မောင်ဇော်သည် ကျွန်တော့် စာမျက်နှာများထက်က
ပျောက်ကွယ်ခဲ့ရပါလေသည်။ ယနေ့ညတော့ သူ့အား အလှည့်ပေးမှ တော်ကာကျမည်ဟုတွေးမိလေသောကြောင့် မောင်ဇော်ရဲ့
ယနေ့တစ်နေ့တာဖြတ်သန်းပုံလေးအား ဖော်ပြလိုက်ပါသည်။
သူ့နာမည်က မောင်ဇော် အသက်အားဖြင့်နှစ်ဆယ့်ငါးပါတ်ချာလည်ခန့်ဖြစ်သည်။ အတန်းပညာက တစ်ပိုင်းတစ်စဖြင့် စီးပွားရေး
လောကထဲ စောစီးစွာပင်ဝင်ရောက်လာခဲ့သူဖြစ်သည်။ စီးပွားရေးဟု ဆိုသော် သူ့အတွက်အလွန်ကြီးကျယ်လွန်းနေပေသည်။
တကယ်တော့ ကြုံရာကျရာ အလုပ်များကို တစ်ခုပြီးတစ်ခုပြောင်းလဲလုပ်ကိုင်ရင်း မူဆယ်မြို့ပေါ်မှာ ကျင်လည်နေခဲ့သူဖြစ်သည်။
ယခင်က ကုန်စိမ်းရောင်းခဲ့ဖူးသည်။ ထိုက်သင့်သလောက်စီးပွားဖြစ်ခဲ့သည်။ အလုပ်အကိုင်ကောင်းမွန်ပါလျှက် လူငယ်တို့သဘာဝ အပျော်အပါး
နောက်လိုက်ရင်း ရှိသမျှကုန်သည်အထိ ဖြစ်ခဲ့၇သည်။နောက်ဆုံး ကုန်စိမ်းရောင်းသည့်အလုပ်အား ရပ်နားလိုက်ရသည်အထိ
ဖြစ်လေသည်။ယခုတော့ လက်ထဲအရင်းအနှီး ဘာမျှမရှိပါ။ သို့သော် မောင်ဇော်သည် ခေသူတော့မဟုတ်။ အာဇ၀န်း၇ွှန်းသလို
အပေါင်းအသင်းလည်း ၀င်ဆံ့သူဖြစ်သောကြောင့် ယခုထက်တိုင် ဘာအရင်းအနှီးမျှမရှိပါဘဲ မူဆယ်မြို့ပေါ်တွင် ယခင်ကလိုဘဲ
ဟန်မပျက်နေထိုင်နိုင်လျှက်ရှိပါသည်။ အရင်လို အသွားအလာမပျက် အသုံးအဖြုံးမပျက် အလည်အပါတ်မပျက် အပျော်အပါးမပျက်ပါလေ။
မှန်ပေသည်။ မောင်ဇော်လက်ထဲ ငွေရင်းမရှိသော်လည်း ငွေရှာတက်ပါလေသည်။ ဆိုင်ကယ်တစ်စီးဖြင့် မြို့အနှံ့သွားလာနေတက်သည်
ဒါကသူ့အလုပ်ဖြစ်သည်။ ရောင်းသူဝယ်သူ နှစ်ဦးနှစ်ဖက် အဆင်ပြေစေရန် အကျိုးဆောင်ပေးရသည့်အလုပ်ကို လုပ်ပါလေသည်။
အရပ်အခေါ်ကတော့ ပွဲစား ပေါ့။ အချို့က ဒီလိုခေါ်ခံရသည်ကို ရှက်ကြပါသည်။ ပွဲစားဟု ခေါ်လျှင်မကြိုက်ပါ။ မောင်ဇော်ကတော့
ပွဲစား ဆိုသည့် အမည်နာမကို အလွန်သဘောကျနှစ်သက်လေသည်။ သူ့အမည်ကိုခေါ်သည်ထက် ပွဲစားကြီးဟု ခေါ်လျှင် ကွမ်းဂျိုးများ
တက်လို့မည်းနေသည့် သွားတွေပေါ်လာသည်အထိ ပြုံးရယ်တက်ပါလေသည်။သူ့အလုပ်နှင့် သူ့ပုံစံက တကယ်ကို လိုက်ဖက်ပါလေသည်။
ယနေ့မနက် အချီကြီးရမည့် ပွဲတစ်ခုဖြစ်ရန်ရှိသည့်အတွက် မောင်ဇော်သည် အိပ်ယာထက်မှ စောစီးစွာထပြီး မြို့ထဲသို့သွားရန်
ပြင်ဆင်လိုက်သည်။ အရောင်းအ၀ယ်သဘောက သေချာသည့်အလုပ် အပိုင်ဆိုတာ မရှိနိုင်သည်ကိုမောင်ဇော်သိသည်။ စားရခါနီး ပါးစပ်နားရောက်မှ ပုတ်ချခံရသည်လည်းကြုံဖူးသည်။ ကျော်တာ ခွတာတွေလည်း ခံခဲ့ရဖူးသလို လုပ်ခဲ့ဖူးသည်။ ဒီလောကသည် လျှင်သူစားစတမ်းပင်။လက်ဗလာနှင့်ပြန်လာခဲ့ရသည့် ပွဲတွေလည်းရှိတက်သေးသည်။သို့အတွက်
အလုပ်မစခင် ကြိုတင်အကွက်ချသင့်သည်များကို သေချာစေရန် သူ့ရဲ့ဦးခေါင်းအား အလုပ်ပေးလျှက်ရှိသည်။ထင်သလောက်တော့
စိတ်ပူရန်မရှိပါ။ရောင်းလက်က သူ့လူဖြစ်သည်။ဝယ်လက် ဖက်ကိုသာ ကျုံးသွင်းနိုင်ရန် အစီအစဉ်ဆွဲကြည့်နေမိသည်။ဒီပွဲက ဒီနေ့ဖြစ်
မှအဆင်ပြေမည်။ သူ့လက်ထဲ သုံးစရာလည်းပြတ်နေပြီ။သောက်လက်စ စီးကရက်အား အားပါးတရ ရှိုက်ကာ မီးခိုးငွေ့ရှည်တစ်ခုမှုတ်
ထုတ်လိုက်ပြီး ဆိုင်ကယ်စက်နှိုးကာ အိမ်မှစတင်ထွက်ခွါလာခဲ့တော့သည်။
နောက်ရက်ဆက်ရေးပါ့မည်။
စတီးမစ် ငွေလမ်းမကြီးထက်က ရွှေမြန်မာအားလုံး ချမ်းသာကြွယ်ဝကြပါစေဗျာ
Author : @bobokyaw
Photos credit; Google Image