✏ ✏

blay(37)
Published in
#esteem
Words
89
Reading
1 min
Listen
Play
8y

သင်သိပြီးပြီလား .? ဘာကြောင့် သင်တို့ရဲ ရုပ်ရည်ဟာ အရွယ်မတိုင်ခင်
မြန်မြန်အိုမင်းရင့်ရော်ရတယ်ဆိုတာ!

ဘယ်လိုသူမျိုးမဆို အရွယ်တင်လှပနုပျိုခြင်းကိုပဲ မက်မောကြမှာပါ။

ဒါပေမယ့် နေ့စဉ်ဘ၀မှာ သင်တို့ကိုယ်တိုင်ပြုလုပ်နေတဲ့ အကြောင်း
အရာများကြောင့် အချိန်မတန်ခင် အသက်အရွယ် ကို အိုမင်းရင့်ရော်
စေပါတယ်။ ။

မိမိတို့ရဲ့အသက်ကို ရှိရင်းစွဲထက်ပိုမိုရင့်ရော်စေတဲ့အချက်တွေကတော့

ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်သုံးခြင်းကြောင့်လည်း သင်တို့၏ အသက်အရွယ်ကို
အိုမင်းရင့်ရော်စေပါတယ်။

အစားကို မြန်မြန်စားသုံးခြင်း
အစားကိုပုံမှန်ထက် မြန်မြန်စားသုံးခြင်းကြောင့်အစာမကြေညက်နိုင်ပဲ
ကြာလာတဲ့အခါ မလိုအပ်တဲ့ side effect တွေကြောင့် သင်တို့ကို
ရုပ်ရင့်စေပါတယ်။

အိပ်ရေးမဝခြင်း
လူတစ်ယောက်ဟာ ပုံမှန်အိပ်ချိန် မပြည့်ဝဘူးဆိုရင် သေချာနေပါပြီ
သင်ဟာ မကြာခင် အိုဇာတာကျတော့မယ်ဆိုတာ..။

အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ မစားသုံးခြင်း
သန့်ရှင်းလတ်ဆတ်သော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်တွေ မစား
သုံးခြင်းကြောင့်လည်း အရွယ်ကျ ရုပ်ရင့်စေပါတယ်။

မလိုမုန်တီး အာဃာတတရားထားခြင်း
သူတစ်ပါးအပေါ် အလိုလိုနေရင်း မနာလို မစ္ဆိရိယစိတ်ထားခြင်းကြောင့်
လည်း အသက်အရွယ်ကို ရင့်လွယ်စေပါတယ်။

စိတ်ဖိစီးမှု့များခြင်း
သင်တို့ရဲ့ လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ် ၊ အိမ်မှာပဲ ဖြစ်ဖြစ် stress တွေ
အရမ်းများလာပြီဆိုရင် သင်တို့ရဲ့ ရုပ်ရည်ဟာ ဘယ်လိုမှ မနုပျိုနိုင်ဘဲ
အလိုလိုနေရင်း အိုဇာသွားပါလိမ့်မယ်။

အရက်သောက်သုံးခြင်း
အရက်သောက်သုံးခြင်းဟာလည်း အသက်အရွယ်ကိုပိုမိုရင့်ရော်စေတဲ့
အထဲမှာ တစ်ခုအပါအ၀င်ပဲ ဖြစ်ပါတယ်။

image

blay@blay

✏ ✏ | Ecency