☺ ☺ ✏ ✏

blay(37)
Published in
#esteem
Words
376
Reading
2 min
Listen
Play
8y

သင်္ကြန်စာ

*** မြန်​မာသက္ကရာဇ်​ ၁၃၈၀ ခုနှစ်​ အတွက်​ ***
🌄`သူရိယသိဒ္ဓ န္တ မန္တလေး မဟာသင်္ကြန်​စာ ´

မဟာသင်္ကြန်ကျချိန်​ ->
၁၃၇၉ခု၊​နှောင်​တန်​ခူးလပြည့်
ကျော်​(၁၄)ရက်​၊
ခရစ်​နှစ်​ ၂၀၁၈ ခုနှစ်​ ဧပြီလ(၁၄)ရက်
🐉 စ​နေ​နေ
မြန်​မာစံ​တော်​ချိန်​ နံနက်
⏰(၁၁)နာရီ(၉)မိနစ်​(၅)စက္ကန့့်

မဟာသင်္ကြန်​အကြတ်​​နေ့->
၁၃၇၉ခုနှစ်
နှောင်း ကဆုန်​လဆန်း၁ရက်
ခရစ်​နှစ်​၂၀၁၈ခုနှစ်​ ဧပြီလ ၁၅ရက်​၊
🐥 တနင်္ဂ​နွေ​နေ့။

မဟာသင်္ကြန်​တက်​ချိန်​ ->
၁၃၇၉ခုနှစ်
နှောင်းကဆုန်​လဆန်း၂ရက်
ခရစ်​နှစ်​၂၀၁၈ခုနှစ်​ဧပြီလ၁၆ရက်
🐯 တနင်္လာ​နေ့
မြန်​မာစံ​တော်​ချိန်​ မွန်းလွဲည​နေ
⏰ (၃)နာရီ(၁၃)မိနစ်​(၄၇)စက္ကန့်​။

နှစ်ဆန်းတစ်​ရက်​->
၁၃၈၀ခုနှစ်​ကဆုန်လဆန်း(၃)ရက်
ခရစ်​နှစ်​၂၀၁၈ခုနှစ်​ဧပြီလ၁၇ရက်​🦁 အင်္ဂါ​​နေ့။

(သုဒ္ဓဒိန်​-၁)

ဇေယျတု သဗ္ဗမင်္ဂလံ။
အချင်းယူဇနာ ၅၀လုံးဝန်း
ယူဇနာ ၁၅၀ အတွင်းကား​ရွှေ
အပကား ဖလ် အတိပြီး​သော
ရောင်​ခြည်​တထောင်​​ဆောင်​​သော
"ဘာနုရာဇာ"မည်​​သော

တနင်္ဂ​နွေဂြိုလ်​မင်းသည်
တ​ပေါင်းဖြစ်​​သော မိန်​ရာသီ​ ​ရေဝတီနက္ခတ်
စတုထ္ထပါဒ်​ အဝသာန်​နဝင်း မှ

တန်​ခူးဖြစ်​​သော မိဿ ရာသီ အဝနီဿ နက္ခတ်
ပထမပါဒ်​ အာဒိနဝင်းထက်​သို့ တွက်​စစ်​​ ကောဇာနှစ်
သင်္ချာကား
၁၃၇၉ခုနှစ်​ ​နှောင်းတန်​ခူးလပြည့်​​ကျော်​ ၁၄ရက်
ခရစ်​နှစ်​ ၂၀၁၈ခုနှစ်​ ဧပြီလ ၁၄ရက်​ စ​နေ​နေ့
မြန်​မာစံ​တော်​ချိန်​နံနက်​စက်​⏰ ၁၁နာရီ ၉မိနစ်​ ၅စက္ကန့်
မြန်​မာပဟိုရ်​ နံနက်​၁ချက်​တီး​ ​ကျော်​⏰ ၅နာရီ ၂ပါဒ်​ ၁၁ဗီဇနာ ၅၉ခရာအချိန်​ ​မေထုန်​ရာသီလဂ်​၊မိန်​ရာသီစန်း၊🐯တနင်္လာ​ဟောရတ်​ ၊🐉 စ​နေကြင်း ၊🦁အင်္ဂါနဝင်း၊ စ​နေဒွါဒသင်း ၊🐘ဗုဒ္ဓဟူးတိံသင်း ၊🌟 နက္ခတ်​ ၆လုံး၊
ပါဒ်​ပြည့်​ ၊ ၉ဃဋီ ၊ ၅၀,ဝိဃဋီ ၊ ၃အနုဃဋီပြည့်​ထက်​လဂ်​စီးလျက်​၊ထိုနာရီ၏
က္ကုဋ္ဌဘဝါး​သော်​ကား ၊ ၁ဘဝါး ၊ ၁၃လက်​သစ်​၊၃မု​ယောတွင်​ဗိသျှတိကရိုဏ်း နှင့်​ ယှဉ်​လျက်​ ၊ ဘာနုရာဇာမည်​​သော

🌄တနင်္ဂ​နွေဂြိုလ်​မင်းသည်​​ အောက်​မဲညိုပွင့်​အဆင်းနှင့့်တူ​သော အဝတ်​တန်​ဆာကိုဝတ်​ဆင်​လျက်
👹 ဘီလူးစီး၍၊✊လက်​တဖက်​ကား🔥
ထင်းမီးကိုကိုင်​၍ ✊ကျန်​လက်​တဖက်​ကား
ဝမ်းကိုပိုက်​လျက်
အ​ရှေ့​မြောက်​​ထောင့်​ မှသည်​အ​နောက်​​တောင်​​ထောင့်​သို့ဝင်​၏။
ရဿကာ​ဒေဝီနတ်​သမီးကားအလှည့်​​စေ့၍ ပရမီသွာနတ်​မင်း၏သား (အာသီ) အမည်​ရှိ​သော
ဗြဟ္မာမင်း၏ဦး​ခေါင်းကို ကမ်းသည်​ရှိ​သော်
နန္ဒာ​ဒေဝီနတ်​သမီးကားလက်ျာသို့ တ​စောင်း​ ခြေဆင်းလျက်​လှမ်းလင့်​၏။

ကညာ​ဒေဝီနတ်​သမီးကား အဖြူ,အနီ,
အစိမ်း,အပြာ,အဝါ အားဖြင့်​ "ငါးပါး​"သော
အဆင်းဖြင့်​ပြီး​သောအဝတ်​တန်​ဆာကို
ဝတ်​ဆင်​လျက်​ သင်္ကြန်​မင်းကို​​စောင့်​လင့်​၏။

မိုးဦးမိုး​နှောင်း​ကောင်းအံ့,မိုးလယ်​တံ့အံ့။
⚡ မိုးကြိုးကြား တဖျင်းသုံးရွာအံ့။
ကောက်​ပဲအသီးအနှံ မ​ကောင်း ၊
ပိုး​တောက်​တဲ့​ဗောက်​ဖတ်​ထူအံ့။
အရွက်​ အခက်​ အဖု အမြစ်​​ကောင်းအံ့။

ပြည်​ရွာမီး​လောင်​ဖန်​များအံ့ ၊
👫လူတို့ အနာ အဖျားများကုန်​အံ့။
🐃🐄 ကျွဲ နွား အ​သေအ​ပျောက်​များအံ့။

ထိုအသားကိုစား၍
👫လူတို့၌အသားမာများ​ပေါက်​အံ့။

ပိဋကတ်​ ​ဗေဒင်​တတ်​​သော ရဟန်း ၊
ပုဏ္ဏားတို့ ဒဏ်​သင့်​ကုန်​အံ့။

ထိုနှစ်​သူပုန်​ သူကန်​များအံ့။
မင်းဥပဒ်​ဖြစ်​အံ့။
မြေမငလျင်​လှုပ်​အံ့။
ဘုရားပုထိုး ပြိုပျက်​အံ့။
ဆား ငရုတ်​စွန်​အံ့။

(ဤကားမဟာသင်္ကြန်​အကျအ​ဟောတည်း)
သင်္ကြန်​သုံးပါးတို့တွင်​သမန္တမဟာသင်္ကြန်
ဖြစ်​​သော​ကြောင့်​သင်္ကြန်​ကျပြီး​နောက်
၂၄မိနစ်​ ​ရောက်​​သောအချိန်​၌
ဦး​ခေါင်း​ဆေးမင်္ဂလာပြုရာ၏။
ဤကားအများနှင့်​သက်​ဆိုင်​​သော
သာမည အခါ​ပေတည်း။

အသီးအသန့်​ဝိ​သေသအခါ​ပေးကား
သင်္ကြန်​​မြေခံ​သောသင်္ကြန်​ကျသည့်
အချိန်​တွင်
တိထီ ၁၃လုံး ၄ဃဋီ၌ဣဋ္ဌ
🐁 သောကြာ​မြေခံ၏။

သင်္ကြန်​ကျသည့်​ရက်​မှာ
🐉စ​နေ​​နေ့ဖြစ်​၏။
သို့ဖြစ်​ရာသင်္ကြန်​အကျ​မြေခံ
🐁​သောကြာ​နေ့ဖွားသားသမီးနှင့်
သင်္ကြန်​အကျ​နေ့
🐉စ​နေ​နေ့ဖွားသားသမီးတို့မှ
ကြွင်းကျန်​ကုန်​​သော ​နေ့သားသမီးတို့သည်​မိမိတို့၏​နေ့အလိုက်
ဂဟပတိအရပ်​ကား
🐥တနင်္ဂ​နွေသားသမီးအတွက်
မိမိ​မွေးနံကျရာ
🐥တနင်္ဂ​နွေအရပ်​ဖြစ်​​သော
အ​ရှေ့​မြောက်​အရပ်​ကို ပရိဝါရမှဆက်​၍
အာယု,နာဂရ ဘုမ္မိ,ဂဟပတိဟု​ ရေတွက်​၍
လက်​ယာရစ်​ အားဖြင့်​ အရပ်​မျက်​နှာကိုလှည့်​၍ ယူရာတွင်
အ​နောက်​​တောင်​​ထောင့်​အရပ်​သည်​ ဂဟပတိအရပ်​ဖြစ်၏။

ထို့​ကြောင့်​....

🐯တနင်္လာသားသမီးကား အ​နောက်​ရပ်
🦁အင်္ဂါသားသမီးကားအ​နောက်​​မြောက်​​ထောင့်​အရပ်
🐘ဗုဒ္ဓဟူး​နေ့သားသမီးကား​ မြောက်​အရပ်
🐀ကြာသပ​တေးသားသမီးကား အ​ရှေ့အရပ်
ရာဟုသားသမီးကားအ​ရှေ့​တောင်​​ထောင့်​အရပ်
များသို့မျက်​နှာမူပြီးလျှင်
မိမိတို့နံ၏အမြစ်​ဖြစ်​​​သော
🐥တနင်္ဂ​နွေကား ➡ ဒန်းညွန့်
🐯တနင်္လာကား ➡ အုန်းညွန့်
🦁အင်္ဂါကား ➡ ကံ​ကော်​ညွန့်
🐘ဗုဒ္ဓဟူးကား​ ➡ မြေစာညွန့်
🐀ကြာသပ​တေးကား ➡ ချယား (ရွက်​လှ)ညွန့်
ရာဟုကား​ ➡ မြေစာညွန့်​ အမြစ်​ နှင့်
အတူပန်းညွန့်​တို့ကို နင်းကြမ်းပြု၍
မိမိတို့နံ၏ အညွန့်​ပန်း ဖြစ်​​သော

🐥တနင်္ဂ​နွေကား ➡ ကံ့​ကော်​ညွန့်
🐯တနင်္လာကား​ ➡ မြေစာညွန့်
🦁အင်္ဂါကား ➡ ချယား(ရွက်​လှ)ညွန့်
🐘ဗုဒ္ဓဟူးကား ➡ သ​ပြေညွန့်
🐀ကြာသပ​တေးကား ➡လသီးညွန့်
ရာဟုကား➡ သ​ပြေညွန့်​ ဟူ​သော အညွန့်နှင့်
နံတူ ပန်းပွင့်​ ၊ ပန်းညွန့်​တို့ကို အသီးသီး​ဆောင်​လျက်

🙏ရတနာသုံးပါး၊👴👵မိဘဘိုးဘွား၊
👨‍💼ဆရာသမားသကြား ၊ ဗြဟ္မာ ၊ စတုလောကပါလ ၊ သာသနာ​တော်​​စောင့်​ ၊
သမ္မာ​ဒေဝ နတ်​မြတ်​နတ်​​ကောင်း တို့ကို ပူ​ဇော်
ကန်​​တော့ပြီး မိမိတို့ လိုရာဆန္ဒကို ဆု​တောင်း၍
ဦး​ခေါင်း​ဆေးမင်္ဂလာပြုကုန်​ရာသည်​။

သင်္ကြန်အကျ​​မြေခံ​နေ့သားသမီးဖြစ်​​သော
🐁သောကြာ​နေ့သားသမီးတို့သည်​ မိမိတို့၏ဂဟပတိအရပ်​ဖြစ်​​သော
တောင်​အရပ်​ သစ်​ပင်​ရင်းတွင်
🐁သောကြာ ၏ အမြစ်​​ နေ့နံ ဖြစ်​သည့်
သ​ပြေညွန့်​ကိုအခင်းပြု၍
🐁သောကြာ၏ နံအညွန့်​ပန်း ဖြစ်​သည့်
ဒန်းညွန့်​ကို​ဆောင်​လျက်​ အကျရက်​၌
အကျတိထီ​မြေခံပြတ်​​သော
⏰နံနက်​ ၉ နာရီ ၁၉မိနစ်​​ နောက်​ပိုင်း
သင်္ကြန်​အကျဂြဟဇာပွင့်​ရာ
မြောက်​အရပ်​သို့မျက်​နှာမူပြီးလျှင်
ဦး​ခေါင်း​ဆေးမင်္ဂလာပြုကုန်​ရာသည်​။

သင်္ကြန်အကျ​နေ့
🐉စ​နေသားသမီးတို့သည်
သင်္ကြန်​အကြတ်​​နေ့တွင်​ မိမိတို့၏ဂဟပတိအရပ်
ဖြစ်​​သော​ အ​ရှေ့​မြောက်​အရပ်​ သစ်​ပင်​ရင်းတွင်
🐉စ​နေ၏အမြစ်​​ နေ့နံဖြစ်​သည့်​ သီးညွန့်​ကို
အခင်းပြု၍ 🐉စ​နေ၏ နံညွန့်​ပန်း ဖြစ်​သည့်
အုန်းညွန့်​ကို​ဆောင်​လျက်

သင်္ကြန်​အကြတ်​ရက်​ဖြစ်​​သော
တနင်္ဂ​နွေ​နေ့၌ဂြဟဇာပွင့်​ရာသင်္ကြန်​အကြတ်
ဂြဟဇာဖြစ်​​သောအ​နောက်​အရပ်​သို့မျက်​နှာမူပြီး
လျှင်​ရတနာသုံးပါး၊မိဘဆရာ၊ဗြဟ္မာသကြား၊
စတု​လောကပါလသာသနာ​တော်​​စောင့်
နတ်​မြတ်​နတ်​​ကောင်းတို့အား
လို​သောဆုကို​တောင်းပြီး
ဦး​ခေါင်း​ဆေးမင်္ဂလာပြုကုန်​ရာသည်​။

ဦး​ခေါင်း​ဆေးရ​သောအကျိုးကား။ ။
သင်္က​န္တေ၊သင်္ကြန်​ဟု​ခေါ်​ဝေါ်အပ်​​သော
🌄တနင်္ဂ​နွေဂြိုလ်​မင်းသည်​။
ပုဏ္ဏ​မေ၊အံသာ၃၆၀ရသဖြင့်
တစ်​ဘဂဏပြည့်​၍
မိန်​ရာသီ အဝသာန်​နဝင်းမှ မိဿရာသီ အာဒိနဝင်းသို့​ပြောင်းခဲ့သည်​ရှိ​သော်
ဣဓ၊ဤလူ့ပြည်​၌။မဏဝါ သတ္တ၀ါဟု
ခေါ်​ဝေါ် အပ်​ကုန်​​သော။
မနုဇာ၊လူအ​ပေါင်းတို့သည်​။
သိရာ,ဦး​ခေါင်း​ဆေးကုန်​ရာ၏။
တေသံ,ထိုဦး​ခေါင်း​ဆေးကုန်​​သောသူတို့အား၊
သတ္တဘာဂီ ၊ ခုနစ်​နှစ်​ကဖြစ်​ကုန်​​သော။
ရောဂီ ၊ အနာမျိုးတို့သည်​။ ဝိနာ​သေယျုံ၊ကင်း​ပျောက်​ကုန်​ရာ၏။
သုခဘာဂီ ၊ ချမ်းသာခြင်း၏ အဖို့ဖြစ် ကုန်​​သော သတသဟဿာနိ၊တစ်​သိန်း​သော အကျိုးတို့သည်​။ဘ​ဝေယျုံ၊ဖြစ်​ကုန်​ရာ၏။

သင်္ကြန်​အခါ​ရှောင်​ကြဉ်​ရန်​အမှုများကား
`နရုဒံ ​မေထုနံ သုရာ၊ဝဓ​ကော​ဓေန ​တေလတာ။
ရုက္ခ​ဆေဒါ ဟနန္တဿ၊ကိ​ဏေယျဝိက္ကိ​ဏေယျ ဝါ
ဣမာနိ ဒသကမ္မာနိ၊သ​က္ကောပိ ပရိဝဇ္ဇ​ယေ "ဟု ဆို​သော​ကြောင့်​ မင်္ဂလာစကား ၊ လင်္ကာကြားအံ့၊
ကြောင်းလျာစုံ​စေ့ သင်္ကြန်​​နေ့၌ မ​တွေ့​ဝေးစွာ၊
ရှောင်​ကုန်​ရာသား ၊v၁ မသာနှလုံး ညှိုးချုံးစိုးရိမ်
မငြိမ်​ပူ​ဆွေး ၊ ငို​ကြွေးကုန်​ထ ၊ ၂ ကာမအရာ၊
မေထု နာနှင့်​ ၊ ၃ ပါဏာသတ်​ပုတ်​လ၊
၎ ​သောက်​တုတ်​​​သေရက်​ ၊
၅ မျက်​ထွက်​မာန ၊လပဋိဃ နှင့်​​ ဒေါသကို
ငြိမ်း ၊ ၆ ဆီလိမ်းပွတ်​ဆင်​ ၊ ၇ သစ်​ပင်​ခုတ်​ဖြတ်​၊
၈ သတ်​ခတ်​ ကုန်​​ရှောင်​ ၊ ၉ အ​ရောင်း ၊
၁၀ အဝယ်​လဲလှယ်​ဟူသည်​ ဤဆယ်​မည်​ကို
လူ့ပြည်​လူ့ခွင်​လူကို
စင်​ထား ၊ မြင်းမိုရ်​ဖျားဝယ်​ ၊ သိကြား​သော်​မှ မပြုရရာ၊​ရှောင်​ကြဉ်​ရာဟု ကျမ်းလာ​သော်​ကား လင်္ကာကြားသည်​။

(ဤကားမဟာသင်္ကြန်​အကျအလိုတည်း)

၁.🐥တနင်္ဂ​နွေဖွားသားသမီးတို့သည်​...

ဤနှစ်​တွင်​ မိမိစွမ်းရည်​ဖြင့်​ဘရည်​မှန်းချက်​ တစ်​ခုတည်းစွဲမြဲစွာ ကြိုးစားလျှင်​​အောင်​မြင်​မှုရရှိနိုင်​အံ့။
အိမ်​​ထောင်​​ရေး ကံဆိုးမှုဘမကြုံ​စေရန်
လူမှု​ရေးအရှုပ်​အ​ထွေးမှုများ​ရှောင်​ကြဉ်​နိုင်​လျှင်​ ပိုမိုကံ​ကောင်းနိုင်​အံ့။
ပညာ​ရေးအခွင့်​အလမ်း​ကောင်းများကို
ကောင်းစွာအသုံးချပြီးကြိုးစားလျှင်
ရည်​မှန်းချက်​​အောင်​ မြင်​နိုင်​အံ့ ၊​ လေနာ ၊​ လေငန်း ၊ လိပ်​​ခေါင်း​ဝေဒနာ၊ ဝမ်းဗိုက်​ ၊
အစာအိမ်​​ဝေဒနာဖြစ်​ပွားနိုင်​အံ့။
မည်​သည့်​ကိစ္စမဆိုလူအများနှင့်
ဆောင်​ရွက်​ခြင်းကို​ရှောင်​ကြဉ်​သင့်​သည်​။🦁

အင်္ဂါ​နေ့ နှင့်​🐀ကြာသပ​​တေး
သားသမီးတို့ နှင့်​ အကျိုး​ပေး​ကောင်းအံ့။
ကုန်​မျိုးစုံ၊ပဲမျိုးစုံ၊​ဆေး၊စာ​ပေလုပ်​ငန်း၊အိမ်​,ခြံ​,​မြေလုပ်​ငန်းတို့တွင်​​အောင်​မြင်​နိုင်​အံ့။
ချစ်​မှု​ရေးရာတွင်​ဦး​နှောက်​ထက်​နှလုံးသားကိုဦးစား​ပေးလျှင်​အမှားကြုံနိုင်​အံ့။

ယတြာ -

မွေး​နေ့နံနက်
၉:၁၈အချိန်​ကြာသပ​တေးနံဘုရားတွင်
အဖြူ​ ​ရောင်​ဝတ်​ဆင်​လျှက်​ သရက်​ညွန့်
၉ညွန့်​ကပ်​လှူ ပူ​ဇော်​ပါ။

၂.🐯တနင်္လာ​နေ့ဖွားဘသားသမီးတို့သည်​...

ဤနှစ်​တွင်​လုပ်​ငန်းလုပ်​​ဆောင်​ရာ၌
တာဝန်​ယူမှု၊တာဝန်​ခံမှုရှိပြီးလုပ်​​ဆောင်​လျှင်​​အောင်​မြင်​အံ့ ၊ လူမှုဆက်​ဆံ​ရေးတွင်
လှည့်​ပတ်​ဖုံးကွယ်​မှုကင်းပြီးကတိတည်​လျှင်
ဂုဏ်​ဒြပ်​မြင့်​အံ့ ၊ ဘာသာတရားကိုင်းရှိုင်းလျှင်
ရေ​ဘေးကြုံနိုင်​​သော်​လည်း အန္တရာယ်​မှ
လွတ်​ကင်းနိုင်​ပြီးမရှိလျှင်​​ဘေးကြုံနိုင်​အံ့။
အရှိန်​အဝါကြီးကဲသူအမျိုးသမီးများကကူညီ​စောင့်​​ရှောက်​အံ့ ၊​ ငွေ​ကြေးကိုစည်းစနစ်​ဖြင့်​သုံးစွဲလျှင်​ကံ​ကောင်းနိုင်​အံ့ ၊ အဆုတ်​,
အသည်း,ရင်​ဘတ်​နှင့်​ ပတ်​သက်​​သော​ဝေဒနာဖြစ်​ပွားနိုင်​အံ့။

🐯တနင်္လာ​​နေ့ဖွား
🐘ဗုဒ္ဓဟူး​နေ့ဖွားသားသမီးတို့နှင့်​ကံအကျိုး​​ပေး​ကောင်းအံ့ ၊​ ဖျော်​ရည်​အလှကုန်​,ဖက်​ရှင်​ဒီဇိုင်
နာတို့တွင်​​အောင်​မြင်​အံ့။မေတ္တာ​ရေးတွင်​နှလုံးသားထက်​ဦး​နှောက်​ကိုဦးစား​ပေးလျှင်
အဆင်​​ပြေနိုင်​အံ့။

ယတြာ

မွေး​နေ့နံနက်​ ၉:၉အချိန်
ရာဟုနံဘုရားတွင်​မ​ဟော်​ဂနီ​ရောင်​ဝတ်​ဆင်​ပြီး
ပေါက်​စီ ၃လုံးလှူဒါန်းပါ။

၃.🦁အင်္ဂါ​နေ့ဖွားသားသမီးတို့သည်​...

ဤနှစ်​တွင်​အလုပ်​စီးပွားနှင့်
လူမှု​ရေးတွင်​စိုးရိမ်​လွန်​ခြင်း၊
အားနာတတ်​ခြင်းတို့ကို​ရှောင်​ကြဉ်​လျက်
စိတ်​တည်​ငြိမ်​ပြီးဆုံးဖျတ်​ချက်​မှန်​လျှင်
အောင်​မြင်​နိုင်​အံ့။အ​ပေါင်းအသင်း
မှားနိုင်​အံ့၊ခရီးတိုလရီးရှည်​မကြာခဏသွားရအံ့၊
ကိုယ်​ထူးကိုယ်​ချွန်​လုပ်​ကိုင်​လိုစိတ်
ပြင်းပြအံ့၊
မိသားစု၊အိမ်​တွင်း​ရေး၊သား​​ရေးသမီး​ရေးကိစ္စများအညံ့ကြုံနိုင်​အံ့၊
ပညာ​​ရေးတွင်​စိတ်​ပျံ့လွင့်​မှုမရှိပဲကြိုးစားလျှင်​​အောင်​မြင်​အံ့။နှလုံး,အသည်း,​သွေးနှင့်
ပတ်​သက်​​သော​ဝေဒနာဖြစ်​ပွားနိုင်​အံ့။
ပျိုရွယ်​သူများအ​နေဖြင့်​သတိနှင့်​​နေထိုင်​လျှင်
ကံ​ကောင်းနိုင်​အံ့။🦁
အင်္ဂါ​နေ့🐀ကြာသာပ​တေး​နေ့ဖွားသားသမီးတို့နှင့်​အကျိုး​​ပေး​ကောင်းအံ့။
စာ​ပေလုပ်​ငန်း,ဆန်​စက်​,ဆီစက်​ကားထုတ်​လုပ်​​ရောင်းဝယ်​ခြင်းအကျိုး​ပေးအံ့။

ယတြာ

မွေး​နေ့နံနက်​ ၉:၂၇အချိန်​​ 🐁သောကြာနံဘုရားတွင်​နက်​ပြာ​ရောင်
ဝတ်​ဆင်​ပြီးနှင်းဆီပန်း၃ပွင့်​လှူပါ။

၎.🐘ဗုဒ္ဓဟူး​နေ့ဖွားသားသမီးတို့သည်​...

ဤနှစ်​တွင်​ လူမှု​ရေးနှင့်
အလုပ်​စီးပွား၌အပျော်​အပါးနှင့်
လောင်းကစားတို့ကို​ရှောင်​ကြဉ်​ပြီး
ဘာသာတရားကိုင်းရှိုင်းခြင်းမိဘနှင့်​​ကျေးဇူးရှိသူတို့ကို​ကျေးဇူးသိသူများ
အ​နေဖြင့်​ကံ​ကောင်းနိုင်​၏။
ထီ​ပေါက်​ကိန်း၊အိမ်​​ထောင်​ဘက်​မှအ​မွေ၊
ငွေ​​ကြေးဥစ္စာရရှိနိုင်​အံ့၊​ဆေးထိုး​ဆေး​သောက်​မှားနိုင်​အံ့။စ​နေတနင်္လာ​နေ့ဖွားတို့နှင့်​ကံအကျိုး​ကောင်းနိုင်​အံ့။ယုံကြည်​မှုအလွဲသုံးစား
ခံရကိန်းရှိအံ့။အိမ်​​ခြံ​မြေအတွက်​အရှုပ်​အရှင်း​ဖြေရှင်းရအံ့။အတိတ်​ကရန်​သူ,ယခုမိတ်​​ဆွေဖြစ်​ကိန်းကြုံအံ့။အဝတ်​အထည်​,ရတနာ​ရောင်းဝယ်​ခြင်းနှင့်​ဓာတ်​သတ္ထုတူး​ဖော်​​ရေး၊ထီ​ရောင်းဝယ်​ခြင်းတို့တွင်​အကျိုး​ပေးအံ့။
မိဘ​ဆွေမျိုးမှသ​ဘောမတူသူနှင့်​အချစ်​​ရေးကိစ္စကြုံနိုင်​ပြီးမကြာမီ​ပြေလည်​သွားနိုင်​အံ့။

ယတြာ

မွေး​နေ့၊တနင်္ဂ​နွေနံဘုရားတွင်
နံနက်​၉:၃၆အချိန်​ဆင်​ဆွယ်​​ရောင်
ဝတ်​ဆင်​ပြီးမြတ်​​လေးညွန့်​၉ညွန့်​လှူပါ။

.ရာဟု​နေ့ဖွားသားသမီးတို့သည်​...

ဤနှစ်​တွင်​​ငွေဝင်​ပါက​ရွှေဝယ်​ယ
ူစု​ဆောင်းလျှင်​မြဲနိုင်​အံ့။ကိုယ်​ကျင့်​သီလရှိသူတို့အဖို့မိတ်​​ကောင်း​တွေ့ပြီး
ကံ​ကောင်းနိုင်​အံ့။ချစ်​သူ​ဟောင်း
မိတ်​​ဆွေ​​ဟောင်းတို့နှင့်​ဆုံဆည်းရအံ့။
ဘုရားဖူး၊အလုပ်​စီးပွားအတွက်​အကျိုးရှိ​သောပြည်​တွင်းပြည်​ပခရီးသွားရအံ့။
ဆရာ​ကောင်းနှင့်​မိမိကြိုးစားအားထုပ်​မ
ှု​ပေါင်းစပ်​လျှင်​ရည်​မှန်းချက်​​အောင်​မြင်​အံ့။သောကြာ၊တနင်္လာ​နေ့ဖွားတို့နှင့်​အကျိုး​ပေးအံ့။
ဟိုတယ်​နှင့်​ခရီးသွားလုပ်​ငန်း၊အထည်​အလိပ်​လုပ်​ငန်း၊အိုင်​တီ၊ကွန်​ပျူတာလုပ်​ငန်း၊
မီဒီယာလုပ်​ငန်းတို့နှင့်​အကျိုး​ပေး​ကောင်းအံ့။လေဖြတ်​အစာအိမ်​​ရောဂါဖြစ်​ပွားအံ့။
ချစ်​မှု​ရေးရာတွင်​နှလုံးသားထက်​ဦး​နှောက်​ကိုဦးစား​ပေးတတ်​ပြီးကိုယ်​ချစ်​ထက်​သူချစ်​ကိုဦးစား​ပေးလျှင်​ကံ​​ကောင်းနိုင်​အံ့။

ယတြာ

မွေး​နေ့နံနက်​၉:၄၅ အချိန်
ဗုဒ္ဓဟူးနံဘုရားတွင်​အကွက်​အ​ပြောက်
ရောင်​မုန့်​လုံး​ရေ​ပေါ်၉လုံးကပ်​လှူပါ။

၅.🐀ကြာသပ​တေး​နေ့ဖွားသားသမီးတို့သည်​...

ဤနှစ်​တွင်​မည်​သည့်​ကိစ္စမဆို
တဇွတ်​ထိုး​ရှောင်​ကြဉ်​ကာ
လုပ်​ကိုင်​လျှင်​​အောင်​မြင်​မှုရရှိအံ့။
အခွင့်​အလမ်း​ကောင်းများကို
ကောင်းစွာအသုံးခြနိုင်​ခြင်းဖြင့်
ရည်​မှန်းချက်​​အောင်​မြင်​နိုင်​အံ့။
အိမ်​​ထောင်​​​ရေးတွင်​ ​ဘေး,​သွေးထိုးစကားမယုံကြည်​လျှင်
ကံ​ကောင်းအံ့။ပညာ​ရေးတွင်​ရည်​မှန်းချက်​ကြီးမှုနှင့်​စိတ်​ဓာတ်​ထက်​မြတ်​မှုတို့​ကြောင့်​​အောင်​မြင်​အံ့။အ​ခြွေအရံနှင့်​ပြည့်​စုံလျှက်
ဂုဏ်​ဒြပ်​ကြီးမြင့်​လာအံ့။ရာထူးစည်းစိမ်​တိုးအံ့၊ဆီး,အ​ကြော​ဝေဒနာ,နှလုံး,အဆုပ်​​ဝေဒနာတို့ဖြစ်​ပွားနိုင်​အံ့။
🐥တနင်္ဂ​နွေ🐁 ​သောကြာ​နေ့ဖွားတို့နှင့်
အကျိုး​ပေးအံ့၊ကန်​ထရိုက်​လုပ်​ငန်း,
သစ်​လုပ်​ငန်း,ပရိ​ဘောဂလုပ်​ငန်းသွင်းကုန်
ထုတ်​ကုန်​တို့နှင့်​အကျိုး​ပေးအံ့။ကွဲကွာ​နေ​သောချစ်​သူနှင့်​ပြန်​လည်​ဆုံဆည်းနိုင်​အံ့။

ယတြာ

မွေး​နေ့နံနက်​၉:၅၄အချိန်
အင်္ဂါနံဘုရားတွင်​နို့နှစ်​​ရောင်​ဝတ်​ဆင်​ပြီး
ပေါက်​ပန်းဖြူ၉ပွင့်​လှူပါ။

၆🐁.​သောကြာ​နေ့ဖွားသားသမီးတို့သည်​...

ဤနှစ်​တွင်​ ရည်​မှန်းချက်​တခုတည်းသာ
ဇောက်​ချလုပ်​ကိုင်​ပါကစီးပွား​ရေးတွင်
အောင်​မြင်​အံ့၊ထီ​ပေါက်​ကိန်းရှိအံ့၊
ဆန့်​ကျင်​ဘက်​အပြိုင်​အဆိုင်​အား​ကောင်းလာသည်​နှင့်​အမျှ​အောင်​မြင်​မှုပိုမိုရရှိနိုင်​အံ့၊အလုပ်​သစ်​စီးပွားအသစ်​မှအကျိုးရလဒ်​​ကောင်းရရှိအံ့၊အကျိုးရှိ​သောအလုပ်​စီးပွားအတွက်​ပြည်​ပခရီးသွားရအံ့
ကြန့်​ကြာ​နေ​သော​ငွေ​ကြေးဥစ္စာများ
ပြန်​လည်​ရရှိနိုင်​အံ့။ငွေ​ကြေးဥစ္စာ
ဝင်​လွယ်​ထွက်​လွယ်​ပျက်​စီးလွယ်​တတ်​အံ့၊​သွေးတိုး​ရောဂါ၊စိတ်​ဖိစီးမှု​ဝေဒနာ​သွေးချို​ရောဂါ​ဝေဒနာဖြစ်​ပွားနိုင်​အံ့။
🐀ကြာသပ​တေး​​နေ့ဖွား
🐘ဗုဒ္ဓဟူး​နေ့ဖွားသားသမီးတို့နှင့်​အကျိုး​​ပေး​ကောင်းအံ့၊ရုပ်​ရှင်​,ဓာတ်​ပုံ,မီဒီယာလုပ်​ငန်း
တို့နှင့်​အကျိုး​ပေး​ကောင်းအံ့၊​မေတ္တာ​ရေးရာတွင်​နှလုံးသား​စေစားမှုကအနိုင်​ယူသွားနိုင်​အံ့။

ယတြာ ->
မွေး​နေ့နံနက်​၉နာရီအချိန်
စ​နေနံဘုရားတွင်​မ​ဟော်​ဂနီ​ရောင်
ဝတ်​ဆင်​ပြီးမုန့်​လက်​​​ဆောင်းကပ်​လှူပါ။

၇.🐉စ​နေ​နေ့ဖွားသားသမီးတို့သည်​....

ဤနှစ်​တွင်​မာန်​မာန​လျှော့ပြီး
မှန်​ကန်​​သောဆုံးဖြတ်​ချက်​တို့​​ကြောင့်
အောင်​မြင်​မှုရရှိနိုင်​အံ့။လုပ်​ငန်းအပြိုင်​အဆိုင်​များကို​ကျော်​လွှားနိုင်​ပြီးဂုဏ်​သတင်းထင်​​ပေါ်
နိုင်​အံ့၊လူမှုဆက်​ဆံ​ရေးတွင်​အားမနာတမ်း​ပြောဆိုမှုတို့ကို​ရှောင်​ကြဉ်​လျှင်​ပိုမို
အောင်​မြင်​နိုင်​အံ့၊စွန့်​စားရ​သောအလုပ်​ကိစ္စများကို​ရှောင်​ကြဉ်​သင့်​သည်​။
မိသားစုဝင်​အချင်းချင်းပဋိပခများ
ဖြစ်​​ပေါ်တတ်​အံ့၊လူမှုအရှုပ်​အ​ထွေးများကို
ရှောင်​ကြဉ်​နိုင်​လျှင်​စီးပွားတက်​ကာဂုဏ်​ဒြပ်​ကြီးမားနိုင်​အံ့ဗုဒ္ဓဟူး​၊​သောကြာ​နေ့ဖွားတို့နှင့်​အကျိုး​ပေးအံ့။သံ,သံမဏိလုပ်​ငန်းဟိုတယ်​နှင့်​ခရီးသွားလုပ်​ငန်းတို့နှင့်​အကျိုး​ပေးအံ့။
ဆရာ​ကောင်းနှင့်​​တွေ့ပြီးကြိုးစားလျှင်
ရည်​မှန်းချက်​​အောင်​မြင်​နိုင်​အံ့။
မှန်​ကန်​​သောဖူးစာရှင်​ကို​တွေ့ရအံ့။

ယတြာ ->
မွေး​နေ့နံနက်​ ၉:၂၇အချိန်
တနင်္လာနံဘုရားတွင်​​ကော်​ဖီ​ရောင်
ဝတ်​ဆင်​ပြီးသီဟိုဠ်ညွန့်​၉ညွန့်​ကပ်​လှူပါ။

သင်္ကြန်​အတာတက်​ရ​သောအခါကား
မြန်​မာသက္ကရာဇ်​ ၁၃၇၉ခုနှစ်​​နှောင်းကဆုန်
လဆန်း၂ရက်​ခရစ်​နှစ်​၂၀၁၈ခုနှစ်​ဧပြီလ၁၆ရက်
တနင်္လာ​နေ့မြန်​မာစံ​တော်​ချိန်​မွန်းလွဲည​နေစက်​⏰၃နာရီ၁၃မိနစ်​၄၇စက္ကန့်​၊
မြန်​မာပဟိုရ်​ ​နေ့၁ချက်​တီး​ကျော်
ဝ-နာရီ၊၀-​ပါဒ်​၊၁၃ဗီဇနာ ၊၂၈ ခရာ၊
အချိန်​သိဟ်​ရာသီလဂ်​၊မိဿရာသီစန်း၊
တနင်္လာ​ဟောရတ်​၊ကြာသပ​တေးတြင်း၊
ဗုဒ္ဓဟူးနဝင်း၊ကြာသပ​တေးဒွါဒသင်း၊
ဗုဒ္ဓဟူးတိံသင်း၊နက္ခတ်​၁၀လုံး၊၁ ပါဒ်​၊
၉ဃဋီ၊ ၁၇ဝီယဋီ၊၁၈အနုဃဋီ
ထက်​လဂ်​စီးလျှက်​ထိုနာရီ၏ဣဋ္ဌဘဝါး​သော်
ကား၊၇ ဘဝါး၊၅ လက်​သစ်​၊၃ မု​ယောတွင်
ကိတုဂနကရိုဏ်းနှင့်​ယှဉ်​လျှက်​သီရိသူရိယသိဒ္ဓန္တ
သံဒိဋ္ဌကြမတ္တ ဗိုလ်​ပြိုသည်​နှင့်​အညီ၊
သညီ​ဝေါဟာ၊
သက္ကရာဇ်​ ၁၃၇၉ ခုနှစ်​ပြည့်​၍
အတာနှစ်​သစ်
၁၃၈၀ ခုနှစ်​သို့အနာတက်​သည်​။
အတာသင့်​​သော
🐯တနင်္လာ သားသမီးတို့သည်
အတာတက်​​သောအချိန်​၌
ရတနာ ၇ ပါးဖြင့်​ဆင်
ယင်​၍မြတ်​​သော​နေရာမှ
ဘုရား,တရား,သံဃာ
ရတနာသုံးပါး၊မိဘဘိုးဘွား၊ဆရာသမား၊
ဗြဟ္မာသိကြား၊စတု​လောကပါလသာသနာ
တော်​​စောင့်​သမ္မာ​ဒေဝနတ်​မြတ်
နတ်​​ကောင်းတို့အားမိမိတို့ဆန္ဒရှိ​သော
ဝတ္ထုပစ္စည်းတို့ဖြင့်​လှူဒါန်းပူ​ဇော်​ပသ၍
တိတီ​မြေခံဗုဒ္ဓဟူး၏ဂြဟဇာပွင့်​ရာဖြစ်​​​သော
အ​ရှေ့ရပ်​သို့မျက်​နှာမူပြီးလျှင်​အတာစား
ကုန်​ရာ၏။

(​​ ၁၃၈၀ ခုနှစ် အတာစားသော​နေ့သည်
တနင်္လာ​​နေ့ဖြစ်​သည်​ )

အတာစားခြင်းအကျိုးကား
အတာပုည၊ကုသလကို၊ပြုကြကုန်သော
အမျိုးသား,အမျိုးသမီးတို့သည်​ `အတာကမ္မံ
က​ရောန္တဿ၊ မဟာ​ဘောဂံ မဟာသုခံ။
မဟာပ္ဖလံ စတုဒ္ဒိသံ၊​ဝေရီ​ဇေယျသုမင်္ဂလံ´ဟု
ပ​သေနဒီ​ကောသလမင်းကြီးအားမြတ်​စွာဘုရား
ဟောကြား​တော်​မူသည်​ကိုအ​ကြောင်းပြု၍ထိုကဲ့
သို့ရတနာသုံးပါးစသည်​တို့အားလှူဒါန်းပူ​ဇော်
ကြ​သောသူတို့သည်​​ကောင်းကျိုးချမ်းသာ
မင်္ဂလာတရားပြန့်​ပွားတိုးတက်​ပြည့်​စုံကုန်​ရာ၏။

အတာဆန်းထူးနှစ်​​ဟောင်းကျူး၍တန်​ခူး
လည်​သည်​၊နှစ်​အမည်​ကားဖုသျှနှစ်​တည်း။
နှစ်​ကို​ခွေး​စောင့်​၏၊လကို​ကြောင်​​စောင့်​၏၊
ရက်​ကိုကြွက်​​စောင့်​၏၊​မြေကိုဒက္ခရက
်​ဘီလူး​စောင့်​၏၊​ကောင်းကင်​ကိုကာလမည်​​သောနတ်​သား​စောင့်​၏၊
ရေကိုကြက်ေ​စာင့်​၏၊မိုးကို​ကျေး​စောင့်​၏၊
တောကိုခြ​င်္သေ့​စောင့်​၏။
လူတို့၏အဓိပတိကားမင်း၊
အ​ခြေ၄ခုတို့၏အဓိပတိကား ​ခွေး၊
ငှက်​တို့၏အဓိပတိကား,ကြက်​၊
သစ်​ပင်​တို့၏အဓိပတိကား
သမင်​စာ၊ဝါးတို့အဓိပတိကား ဝသဲ၊မြက်​တို့
အဓိပတိကား သမန်း၊နက္ခန်​၁၂လုံးငုတ်​၏၊
၁၃လုံး​ပေါ်၏၊​မြေဩဇာတက်​အံ့။

မိုးဦးမိုးလယ်​နာအံ့။
မိုး​နှောင်း​ကောင်းအံ့၊မိုးအကြိမ်၁၀၀ရွာအံ့​ရေကြီးအံ့။
တော​တောင်​မ​ကောင်းချိုင့်​ဝှမ်းရာ
ကောင်းအံ့။မြေထက်​​ရောက်​​သော
ကောက်​ပဲဟူသမျှအမြစ်​၊အဖု၊အရွက်​၊
အသီးအနှံမ​ကောင်း။

လူတို့မွတ်​သိပ်​ကုန်​အံ့၊အချင်းချင်း
လုယက်​ကြကုန်​အံ့၊ငါး​သေအံ့၊လူတို့
စကားမမှန်​ကျင့်​ကုန်​အံ့
ထူးပြား​သောအနာတို့​ပေါက်​၍​သေ​ပျောက်​အံ့။

ကဆုန်​၊ဝါဆို၊နတ်​​တော်​၊တ​ပေါင်း
ဤလကားစပါးရှားအံ့။
လူတို့ငတ်​မွတ်​ကုန်​အံ့၊
မီး​လောင်​ဖန်​များအံ့။
မင်းလဲပမျတ်ထွက်​ဖန်​များအံ့၊
ဗိုလ်​ပါထိန်​လန့်​အံ့၊
စစ်​​ရောက်​အံ့။
ဥပဒ်​ကြီးဖြစ်​အံ့။

ကဆုန်​လဆန်းမိုးသံကြားအံ့၊
နယုန်​လမှာရွာအံ့
ကောက်​ရင်​၊​ကောက်​လတ်​ ​ကောင်းအံ့၊
သစ်​သီးကွမ်းသီးနည်းအံ့၊
ဤနှစ်​ဖွား​သောသားကား
အနာအဖျားနည်းအံ့။
စိတ်​နှလုံးဆင်းရဲအံ့။
ပညာနည်းအံ့။
သူ့အသက်​ကိုမချစ်​တတ်​။
သူ့သားအိမ်​ယာကိုပြစ်​မှားတတ်​အံ့။
အသက်​၆၀​နေရအံ့။
(ဤကား အတာစက္ခုအလိုတည်း)

မြန်​မာနိုင်​ငံပြက္ခဒိ​န်​အကြံ​ပေးအဖွဲ့ဝင်
ဆရာဦးမင်းသိန်းB.Sc(Hons;)H.G.Pတို့က
တွက်​ချက်​စီမံထုတ်​​ဝေသည်

image

☺ ☺ ✏ ✏ | Ecency