How to live a worry-free life
သောကကင်းဝေး နေနိုင်ရေး
Happiness belongs to your internal world
"စိတ်ချမ်းသာမှုဟာ သင့်နှလုံးအိမ်ကမ္ဘာထဲမှာသာ တည်ရှိပါတယ်"
It is true that we have to face some problems throughout our lives and there is no way to avoid them. We cannot avoid old age, disease, and death, for example. However, some problems are man-made, created by people according to their worldly understanding of life. Some problems are mind- made resulting from delusion, ignorance, suspicions and fear.
ကျွန်တော်တို့ဟာ ဘဝတစ်လျောက်လုံး ပြဿနာအချို့နဲ့ ရင်ဆိုင်ရမယ်ဆိုတာနဲ့ ထိုပြဿနာတွေကို ရှောင်နိုင်တဲ့ နည်းလမ်းမရှိဘူးဆိုတာဟာ အမှန်ပါပဲ။ ဥပမာအားဖြင့် အိုမှု၊ နာမှု၊ သေမှုတွေကို ကျွန်တော်တို့ မရှောင်ရှားနိုင်ပါဘူး။ ဒါပေမယ့် ပြဿနာအချို့ဟာ လောကီဘဝအပေါ် လူသားတွေ သိနားလည်မှုနဲ့အညီ ဖန်တီးလိုက်တဲ့ လူကြောင့်ဖြစ်တဲ့ ပြဿနာတွေပါ။ အချို့ကတော့ လှည့်စားခံရခြင်း၊ မသိနားမလည်ခြင်း၊ ဒွိဟဖြစ်ခြင်း၊ စိုးရိမ်ကြောက်ရွံ့ခြင်းတွေရဲ့ အကျိုးဆက်ဖြစ်တဲ့ စိတ်ကြောင့် ပေါ်ပေါက်လာတာတွေ ဖြစ်ပါတယ်။
Mental imbalances, which we regard as madness, is another big problem. By violating an ethical way of life man disturbs his own peace and happiness and that of others. Then by allowing internal and external stimuli to affect the mind, more unsatisfactoriness, misery, excitement, fear and insecurity are created.
ရူးသွတ်ခြင်းလို့ ကျွန်တော်တို့ခေါ်တဲ့ စိတ်ထဲမှာ တစ်ဖက်စောင်းနင်းဖြစ်မှုတွေဟာ အခြားကြီးမားတဲ့ ပြဿနာဖြစ်ပါတယ်။ လူဟာ ဘဝမှာရှိသင့်တဲ့ ကိုယ်ကျင့်သိက္ခာဆိုင်ရာ အကျင့်စရိုက်ကို ချိုးဖောက်ခြင်းဖြင့် ကိုယ်တိုင်ရဲ့စိတ်နေငြိမ်းချမ်းမှု၊ စိတ်ချမ်းသာမှုတွေ အနှောင့်ယှက်ဖြစ်ရတဲ့အပြင် အခြားသူတွေရဲ့ စိတ်နေငြိမ်းချမ်းမှု စိတ်ချမ်းသာမှုတွေကိုပါ အနှောင့်ယှက်ပေးပါတယ်။ ဒီ့နောက် စိတ်ကို ထိခိုက်စေတဲ့ ကိုယ်ခန္ဓာအတွင်း အပြင်က လှုံ့ဆော်ပေးသည့် အရာတွေကို ခွင့်ပြုခြင်းဖြင့် ပိုမိုများပြားတဲ့ မကျေနပ်မှု၊ စိတ်ပျက်မှု၊ စိတ်လှုပ်ရှားမှု၊ စိုးရိမ်မှု၊ မိမိကိုယ်မိမိ အယုံကြည်နည်းမှုတွေကို ဖန်တီးပါတယ်။
The world is full of disappointment. Things do not happen as we wish them to so we must train ourselves to face any situation with fortitude. We may not be able to change them but certainly we can change ourselves. If a thing is unalterable then there is no alternative but to submit to it or maintain a happy sense of resignation at the inevitable. But this is not fatalistic.
ကမ္ဘာကြီးဟာ စိတ်ပျက်စရာတွေနဲ့ ပြည့်နေတာပါ။ အရာရာဟာ ကျွန်တော်တို့ သဘောဆန္ဒအတိုင်း မဖြစ်ပါဘူး။ ဒါကြောင့် ဘယ်လိုအခြေနေကိုမဆို ဇွဲရှိရှိနဲ့ ရင်ဆိုင်နိုင်အောင် လေ့ကျင့်ထားရပါမယ်။ ကျွန်တော်တို့ ထိုအရာတွေကို ပြောင်းလဲနိုင်စွမ်း ရှိချင်မှ ရှိပါမယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုတော့ ကျွန်တော်တို့ပြောင်းလဲနိုင်တာ သေချာပါတယ်။ တကယ်လို့ တစ်ခုခုဟာ ပြောင်းလဲလို့ မရနိုင်ရင် ရွေးချယ်စရာမရှိပါဘူး။ အညံ့ခံလိုက်ရုံပဲရှိပါတယ်။ ဒါမဟုတ်ရင်လည်း ဖြစ်တတ်သောသဘောကို ကြိတ်မှိတ်သည်းခံခြင်းဆိုတဲ့ ဆီလျော်သည့် နားလည်ခံစားမှုကို ခံယူရပါမယ်။ ဒါဟာ ကံစီမံရာကို လက်ခံတာမျိုး မဟုတ်ပါဘူး။
We accept unsatisfactory experiences because we understand the nature of life, that things cannot always work in our favour. This creates serenity in our minds. This does not mean that we should simply bow to all the adversities that come our way. As long as there is a chance that we can change a situation in our favour let us try; but when common sense tells us that we are up against something that is the way it is, and cannot be otherwise, then let us not be worried about it.
ကျေနပ်ဖွယ်မကောင်းတဲ့ အတွေ့အကြုံတွေကို ကျွန်တော်တို့ လက်ခံရပါမယ်။ အကြောင်းကတော့ ဘဝ၏ ဖြစ်တတ်တဲ့သဘောနဲ့ အရာရာဟာ ကိုယ့်ဘက်လိုက်ပြီး မလုပ်ဆောင်ပေးနိုင်ဘူးဆိုတဲ့ သဘောကို ကျွန်တော်တို့ သိနေတာကြောင့်ပါ။ ဒါဟာ ဘဝခရီးမှာ တွေ့ကြုံရတဲ့ အခက်အခဲအားလုံးကို လွယ်လွယ်နဲ့ အလျှော့ပေးသင့်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အခြေနေတစ်ရပ် ကျွန်တော်တို့ဘက် ပြောင်းလာအောင် လုပ်ဆောင်နိုင်တဲ့ အခွင့်အရေး ကျွန်တော်တို့မှာ ရှိနေသမျှ ကြိုးစားရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ သူ့သဘောအတိုင်းဖြစ်နေတဲ့ ပြဿနာတစ်ခုခုနဲ့ ရင်ဆိုင်နေရမယ်၊ အခြားရွေးချယ်စရာ နည်းလမ်းမရှိဘူးလို့ ဘဝပေးအသိက ပြောလာပြီဆိုရင် အဲဒီအတွက် စိတ်သောကမရောက်ဖို့လိုပါတယ်။
A modern poet puts it very nicely when he says:-
For every ailment under the sun,
There is a remedy, or there is none;
If there be one, try to find it,
If there be none, never mind it.'
ခေတ်သစ်ကဗျာဆရာတစ်ယောက်က သူ့ကဗျာထဲမှာ ဒီသဘောကို ပိုင်ပိုင်နိုင်နိုင် ထည့်ရေးထားပါတယ်။
ကမ္ဘာကြီးထဲမှာ အပယိကဖျားနာမှုအတွက်
ကုသစရာဆေးရှိသလား၊ မရှိဘူးလား။
ရှိတယ်ဆိုရင် ကြိုးစားပီးရအောင်ရှာပါ။
မရှိဘူးဆိုရင် အဲဒီအတွက် စိတ်ပူမနေနဲ့။
There are many who keep their balance when everything goes well. But when disappointments come, business failure, sickness, death in the family, they lose their balance. They become depressed or elated. The wise man controls his own reactions in moments of success. This does not mean that we should be gloomy fellows who do not laugh or smile. Far from it. When control has been acquired in times of success, it becomes possible to exercise it in times of distress as well.
အစစအရာရာ အခြေနေကောင်းနေတဲ့အခါ စိတ်တည်ငြိမ်မှုကို ထိန်းနိုင်သူတွေ များစွာရှိပါတယ်။ ဒါပေမယ့် စိတ်ထိခိုက်စရာတွေ ပေါ်လာတဲ့အခါ၊ စီးပွားရေးဆုတ်ယုတ်လာတဲ့အခါ၊ နေထိုင်မကောင်းဖြစ်တဲ့အခါ၊ မိသားစုဝင်တစ်ဦး ကွယ်လွန်တဲ့အခါမှာဆိုရင်တော့ သူတို့ရဲ့ စိတ်တည်ငြိမ်မှုဟာ ပျက်ပြားသွားပြီး စိတ်မချမ်းမသာ ခံစားရတာ ဒါမှမဟုတ် ဘဝင်ခိုက်တာတွေ ဖြစ်သွားပါတယ်။ ပညာဉာဏ်ရှိသူကတော့ အောင်မြင်မှုရတဲ့ ကာလတွေမှာ ထိန်းထိန်းသိမ်းသိမ်း တုန့်ပြန်ပါတယ်။ ဒါဟာ မရယ် မပြုံးနဲ့ သုန်မှုန်နေသင့်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အဲဒီဓိပ္ပါယ်နဲ့ တစ်ခြားစီပါ။ အောင်မြင်တဲ့အခိုက်မှာ စိတ်ကို ထိန်းချုပ်နိုင်သလို စိတ်သောကရောက်ချိန်မှာလည်း စိတ်ကို လေ့ကျင့်ပေးဖို့ ဖြစ်နိုင်ချေရှိပါတယ်။
In times of distress one must bear in mind that he is not the only person involved. There are many others who face similar problems. It may even be that one's troubles are nothing when compared to those of others. The fact that others are in the same position as one is may not solve problems, but one can gain a sense of relief from the fellowship in adversity. There cannot be true happiness in a changing world. We have only to look around to be convinced of this truth.
စိတ်သောကရောက်ချိန်မှာဆိုရင် ဒီလိုခံစားရတာ ကိုယ်တစ်ယောက်တည်းမဟုတ်၊ အလားတူ ပြဿနာမျိုးတွေနဲ့ ရင်ဆိုင်နေရသူတွေ ဒုနဲ့ဒေးရှိတယ်ဆိုပြီး သည်းခံရပါမယ်။ အခြားသူတွေ ရင်ဆိုင်ရတဲ့ ပြဿနာတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် လူတစ်ယောက်ရဲ့ပြဿနာက ဘာမှ ပိုမထူးပါဘူး။ လူတစ်ယောက်က သူ့ပြဿနာတွေကို မဖြေရှင်းနိုင်သလို အခြားသူတွေလည်း အလားတူ အနေထားပါပဲ။ ဒါပေမယ့် လူဟာ ဆင်းရဲဒုက္ခရဲ့ ရောင်းရင်းအဖြစ်ကနေပဲ စိတ်သက်သာတဲ့ ခံစားမှုကို ရအောင်လုပ်နိုင်ပါတယ်။ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးထဲမှာ အစစ်အမှန် စိတ်ချမ်းသာမှုဆိုတာ မရှိနိုင်ပါဘူး။ ဒီအမှန်တရားကို လက်ခံယုံကြည်နိုင်အောင် အနီးဝန်းကျင်ကို ကြည့်ရှုတတ်ဖို့ပဲ လိုပါတယ်။
Which is the home that has not mourned the death of a near and dear one?
Is there any person who is free from old age and sickness? There may be some at this moment who are free from any great trouble of both mind and body. But very soon the law of impermanence will lay its cruel hands on them. And then all youth will end in old age, all health in sickness, all strength in impotence, all beauty in ugliness, and all life in death. Nothing can stop this - not even regal power, knowledge or wealth.
ချစ်ခင်သူ မိသားစုတွေနဲ့ သေကွဲကွဲရတဲ့အပေါ် ဝမ်းနည်း ပူဆွေးမှုမခံစားရသည့် အိမ်ဆိုတာ ရှိပါသလား။ အိုမှု နာမှုက လွတ်တဲ့သူဆိုတာ ရှိပါသလား။ အပြင်းအထန် စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်း ဒုက္ခကနေ တစ်ဒင်္ဂ လွတ်မြောက်သူအချိုတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ အနိစ္စသဘောက သူရဲ့ ရက်စက်လှတဲ့ ပိုင်နိုင်ကျွမ်းကျင်သည့် စီမံခန့်ခွဲမှုကို ထိုသူတွေထံ ဖြန့်ပေးပါလိမ့်မယ်။ ဒီအခါမှာတော့ နုပျိုမှုအားလုံးဟာ အိုမင့်ရင့်ရော်မှုမှာ အဆုံးသတ်ပါမယ်။ ကျန်းမာမှုအားလုံးဟာ နာမကျန်းဖြစ်မှုမှာ အဆုံးသတ်ပါမယ်။ အားအင်ပြည့်ဖြိုးမှုအားလုံးဟာ မသန်မစွမ်းဖြစ်မှုမှာ အဆုံးသတ်ပါမယ်။ ရုပ်ဆင်းလှပမှုအားလုံးဟာ အကြည်းတန်ရုပ်ဆိုးမှုမှာ အဆုံးသတ်ပါမယ်။ ရှင်သန်နေတဲ့ အသက်အားလုံးဟာ သေဆုံးမှုမှာ အဆုံးသတ်ပါမယ်။ ဒီသဘောကို ဘာကမှ မတားမြစ်နိုင်ပါဘူး။ ဘုရင့်အာဏာနဲ့လည်း တားမရပါဘူး။ ကြီးမားတဲ့ ဉာဏ်ပညာနဲ့ ဒါမှမဟုတ် များပြားတဲ့ ဥစ္စာဓနတွေနဲ့လည်း မကာကွယ်နိုင်ပါဘူး။
What then should be our attitude to this changing world? Weeping is in vain. That will make matters worse. Understanding the true nature of the world let us face life bravely. Let us remember the advice given by the Buddha to Nakulapita. Nakulapita, in his old age, broken down and sick, visits the Buddha, and the Buddha tells him, 'Though sick of body, mind shall be healthy. Thus should you train yourself Happiness is a state of the mind.'
It is not what happens but our reactions to what happens that determines our degree of happiness or misery.
ဒီလိုဆို ပြောင်းလဲနေတဲ့ ကမ္ဘာကြီးအပေါ်မှာ ကျွန်တော်တို့ သဘောထားက ဘယ်လိုဖြစ်သင့်ပါသလဲ။ ငိုနေလို့ကတော့ အချည်းနှီးပါပဲ။ ငိုကြွေးခြင်းဟာ အခြေအနေတွေကို ပိုဆိုးစေပါလိမ့်မယ်။ လောကရဲ့ အစစ်အမှန်သဘာဝကို နားလည်သဘောပေါက်ခြင်းဖြင့် ဘဝကို ရဲရဲရင့်ရင့် ရင်ဆိုင်ကြပါစို့။ မြတ်ဗုဒ္ဓက နကုလပိတာအား အကြံပြုလမ်းညွှန်ထားတာကို သတိရကြပါစို့။ အိုမင်းပြီး အိုနာကျိုးကန်းဖြစ်ကာ ဖျားနာနေတဲ့ နကုလပိတာဟာ မြတ်ဗုဒ္ဓထံ ချဉ်းကပ်ပါတယ်။ မြတ်ဗုဒ္ဓက "ကိုယ်ခန္ဓာနဲ့ စိတ်က ဖျားနာနေပေမယ့် ဖြတ်လပ်နေရမယ်။ ဤသို့ စိတ်အခြေနေတစ်ရပ်ဖြစ်တဲ့ စိတ်ချမ်းသာမှုကို လေ့ကျင့်ယူသင့်တယ်။ ဒါဟာ စိတ်ချမ်းသာမှု ဒါမှမဟုတ် စိတ်ဆင်းရဲမှု ဖြစ်ပေါ်တဲ့အရာကို လေ့ကျင့်ယူရတာ မဟုတ်ပါဘူး။ စိတ်ချမ်းသာမှု ဒါမှမဟုတ် စိတ်ဆင်းရဲမှု အတိုင်းအတာကို အဆုံးအဖြတ်ပေးတဲ့အရာပေါ် ကျွန်တော်တို့ရဲ့ တုန့်ပြန်ပုံတွေကို လေ့ကျင့်ယူရတာဖြစ်ပါတယ်။
Circumstances have the power to disrupt our peace of mind only as we let them. Events are things of the external world. Happiness belongs to the internal world.
ကျွန်တော်တို့က လက်ခံခွင့်ပြုမှသာ ကျွန်တော်တို့စိတ်ရဲ့ တည်ငြိမ်အေးချမ်းမှုကို အနှောင့်ယှက်ပေးနိုင်တဲ့ စွမ်းအားအခြေနေတွေ ဖြစ်ပေါ်တာပါ ။ အဖြစ်အပျက်တွေဆိုတာ အပြင်လောကလာတဲ့ အရာတွေဖြစ်ပါတယ်။ စိတ်ချမ်းသာမှုဟာ မိမိရဲ့ နှလုံးအိမ်ကမ္ဘာထဲမှာသာ တည်ရှိပါတယ်။
It is easy enough to be pleasant
When life flows along like singing a song;
But the man worthwhile,
Is the man who can smile
When life goes dead wrong.
ဘဝခရီးက သီချင်းဆိုသလို အဆင်ချောနေချိန်မှာ
ကြည်နူးမှုခံစားတာ အတော်လွယ်ပါတယ်။
ဒါပေမယ့် လူဖြစ်ရကျိုးနပ်သူဆိုတာ
ဘဝခရီး လုံးလုံး တလွဲတချော်ဖြစ်နေချိန်မှာ
အပြုံးမပျက်တဲ့သူကို ဆိုလိုပါတယ်။