📝📝✉

blay(37)
Published in
#esteem
Words
1268
Reading
6 min
Listen
Play
8y
  1. Religion =ဘာသာတရား
  2. Belief = ယုံကြည်မှု
  3. Worship = ကိုးကွယ်စည်းကပ်သည်
  4. Freedom of worship = လွတ်လပ်စွာကိုးကွယ်ခွင့်
  5. Refuge = ခိုကိုးခြင်း၊ ခိုကိုးရာ
  6. Reverence = ကြည်ညိုရိုသေခြင်း
  7. Devotion =ဘုရား၊ တရားတွင်အာရုံပြုဆုတောင်းခြင်း
  8. Lord Buddha = ဗုဒ္ဓဘုရား
  9. Buddha’s teaching = ဗုဒ္ဓဆုံးမသြဝါဒ
  10. Buddha statue/ image = ဗုဒ္ဓဆင်းတုတော်၊ ပုံတော်
  11. Icon = ဆင်းတုတော်
  12. Iconoclast= ဆင်းတုတော်ကိုးကွယ်မှုဆန့်ကျင်သူ
  13. Agnostic = ဘုရား တရားမယုံကြည်သူ
  14. Shrine = စေတီ၊ပုထိုး၊ နတ်ကွန်း
  15. Shrine room = ဘုရားခန်း
  16. Altar = ဆွမ်းတော်တင်ခုံ
  17. Nine attributes of Buddha = ဗုဒ္ဓဂုဏ်တော်ကိုးပါး
  18. The four noble truths = သစ္စာတရားလေးပါး
  19. The noble eightfold path = မဂ္ဂင်ရှစ်ပါး
  20. Nirvana = နိဗ္ဗာန်
  21. Halo = ရောင်ခြည်တော် အဝန်း
  22. Recite devotional verses = ဘုရားဂါထာတော်များရွတ်ဆိုသည်
  23. Say / tell the beads = ပုတီးစိပ်သည်
  24. Take the meditation = တရားထိုင်သည်
  25. Strike the triangular brass gong = ကြေးစည်ထုသည်
  26. Period of Buddhist lent = ဝါတွင်း
  27. End of Buddhist lent = ဝါပ (ဝါထွက်)
  28. Footprint of Buddha = ဗုဒ္ဓခြေတော်ရာ (စက်တော်ရာ)
  29. Temple = ဗိမာန်တော်၊ ဘုရားကျောင်း၊ နတ်ကွန်း
  30. Hollow vaulted temple = ဂူဘုရား
  31. Fane = ဘုရားစောင်းတန်း
  32. Archway = မုခ်ပေါက်
  33. Ascend the stairway = ဇောင်းတန်းတက်သည်
  34. Sanctuary = သာသနာ့နယ်မြေ၊ ဘေးမဲ့လွတ်ထားသည့်မြေ
  35. Precinct of pagoda = ဘုရားပရဂုဏ်
  36. Ground of victory = အောင်မြေ
  37. Planetary post = ဂြိုလ်တိုင်
  38. Streamer = တံခွန်၊ ကုက္ကား
  39. Scented sticks = အမွှေးတိုင်
  40. Gilt =ရွှေချထားခြင်း
  41. Glass mosaic = မှန်စီရွှေချ
  42. Sputa = ဘုရား ၊ပုထိုး
  43. Pagoda = စေတီ
  44. Tooth relic pagoda = စွယ်တော်မြတ်စေတီ
  45. Gilded pagoda = ရွှေချထားသောစေတီ
  46. White- washed pagoda = ထုံးဖြူသုတ်ထားသောစေတီ
  47. Monastery = ဘုန်းကြီးကျောင်း
  48. Hermitage = ရသေ့ကျောင်း
  49. Nunnery / convent = သီလရှင်ကျောင်း
  50. Religious center= သာသနာ့ရိပ်သာ
  51. Meditation center = တရားစခန်းရိပ်သာ
  52. International Theravada Buddhist Missionary University= အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်
  53. Buddhist Scriptures = ပိဋကတ်တော်များ
  54. Sixth Buddhist Synod = ဆဌသင်္ဂါယနာ

Don't always live in a world of make-believe and suffer the misery
"ဟန်ဆောင်လောကထဲမှာ အမြဲ ရှင်သန်ပြီး စိတ်ဆင်းရဲခံမနေပါနဲ့"

How to live a worry-free life (Part-23)
သောကကင်းဝေး နေနိုင်ရေး (အပိုင်း-၂၃)

By understanding impermanence, unsatisfactoriness and non-substantiality that characterise life, the real nature of life can be understood and we can act more purposefully in life. Otherwise, we will always live in a world of make-believe, suffer undue worries, and defer the performance of our spiritual duties to some future date until it is too late. There is a parable to illustrate this point.

ဘဝရဲ့ သွင်ပြင်လက္ခဏာဖြစ်တဲ့ မမြဲခြင်းသဘော၊ ကျေနပ်ဖွယ်မရှိခြင်းသဘော၊ အနှစ်သာရမရှိခြင်း သဘောကို နားလည်ခြင်းဖြင့် အစစ်အမှန် ဘဝသဘောတရားကို သိရှိနိုင်တဲ့အပြင် ဘဝမှာ ပိုပြီး အဓိပ္ပာယ်ရှိရှိ လုပ်ကိုင်ဆောင်ရွက်နိုင်ပါတယ်။ အဲလိုမှမဟုတ်ရင် ကျွန်တော်တို့ဟာ ဟန်ဆောင်လောကထဲမှာ အမြဲ ရှင်သန်နေပြီး လွန်လွန်ကဲကဲ စိုးရိမ်ပူပန်မှုတွေ ခံစားရပါမယ်။ ပြီးတော့ ဘာသာရေးအလုပ်တွေ လုပ်ဆောင်ရွက်မှုကို အလွန် နောက်ကျသွားသည်အထိ အချိန်ရွှေ့ကြလိမ့်မယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး ဥပမာပေးစရာ ပုံဆောင်ဇာတ်လမ်းတစ်ပုဒ် ရှိပါတယ်။

Once a bee settled on a lotus to gather honey. So absorbed was it in this activity that it did not realize that the lotus petals had slowly begun to close. When the bee discovered that it was trapped, it was not unduly worried. Without hesitation, it said, 'I will spend the night here and when the lotus blooms again, I will be free in the morning.' But just as it was thinking these thoughts, an elephant came along, plucked the lotus and ate it, killing the poor bee.

တစ်ခါက ပျားတစ်ကောင်ဟာ ပျားရည်စုပ်ယူရန် ကြာပွင့်တစ်ပွင့်ပေါ် နားလိုက်ပါတယ်။ ဒီလိုနဲ့ ကြာပန်းရဲ့ ပွင့်ဖတ်လေးတွေဟာ ဖြည်းဖြည်းချင်း ပိတ်တယ်ဆိုတာကို ပျားက သိမထားဘဲ ဝတ်ရည်စုပ်ယူမှုကို လုပ်ဆောင်ပါတယ်။ ထောင်ချောက်မိသွားပြီးဆိုတာကို သိလိုက်ချိန်မှာလည်း ပျားဟာ ထူးထူးခြားခြား မစိုးရိမ်ပါဘူး။ "ဒီညတော့ ငါဒီမှာ အိပ်လိုက်မယ်။ မနက်ဖန် ကြာပန်းပြန်ပွင့်တဲ့အခါ ငါ လွတ်မြောက်မယ်" ဟု တုံ့ဆိုင်းခြင်း မရှိဘဲ ရေရွတ်လိုက်ပါတယ်။ ဒါပေမယ့် ပျားက ဒီလိုတွေးနေစဉ်မှာပဲ ဆင်တစ်ကောင်ရောက်လာပြီး ကြာပန်းကို ခူးယူကာ စားပစ်လိုက်တာကြောင့် သနားစရာ ပျားခင်မျာ သေပွဲဝင်ရရှာပါတယ်။

Just like the bee, we create daydreams about our future and work towards the realization of those dreams. What we do not often realize is that life operates on principles that cannot be entirely determined by us and our efforts to realize our dreams may be terminated. This is a matter of concern especially if we put off the cultivation of our spirituality to a future date rather than striving right now.

ကျွန်တော်တို့လည်း ပျားလိုပါပဲ အနာဂတ်နဲ့ပတ်သက်ပြီး စိတ်ကူးယဉ်အိပ်မက်တွေ ဖန်တီးကာ အဲဒီ အိပ်မက်တွေကို အကောင်အထည်ဖော်ကြတယ်။ ဘဝဟာ ကျွန်တော်တို့ ဖန်တီးတဲ့အတိုင်း အပြည့်အဝ မဖြစ်နိုင်တဲ့ အခြေခံတရားတွေအပေါ်မှာ လှုပ်ရှားနေတယ်ဆိုတာကို ကျွန်တော်တို့ သိပ်ပြီး သဘောမပေါက်ကြပါဘူး။ ကျွန်တော်တို့ စိတ်ကူးတွေကို သဘောပေါက်အောင် ကြိုးပမ်းမှုတွေ အဆုံးသတ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်အောင် ပျိုးထောင်ခြင်းအလုပ်ကို ချက်ချင်း ကြိုးပမ်းမှုမပြုဘဲ အနာဂတ်ကာလဆီ နေ့ရွှေ့ လရွှေ့ ရွှေ့နေတာနဲ့ အထူး သက်ဆိုင်တဲ့ ပြဿနာဖြစ်ပါတယ်။

Uncertainties and obstructions will be experienced as we work towards spiritual liberation. One day, the Buddha happened to notice a large log floating down the Ganges River. He turned to the 500 monks who were with him and compared this log to a human being in search of the final escape from the miseries of life. He said that there could be no guarantee that the log would reach the ocean. It could be caught on the bank; it could be submerged in the water; it could land on an island in the river; it could be taken away by a human being; it could become rotten; or it could sink into a whirlpool.

ဘာသာရေးနဲ့ ပတ်သက်တဲ့ လွတ်မြောက်မှုကို ကျွန်တော်တို့ ဆောင်ရွက်ရာမှာ ချီတုံချတုံဖြစ်ခြင်းတွေ၊ ကပျက်ကယက်လုပ်ခြင်းတွေ တွေ့ကြုံရပါလိမ့်မယ်။ မြတ်ဗုဒ္ဓသည် တစ်နေ့သောအခါ ဂင်္ဂါမြစ်အတွင်း မျောပါနေတဲ့ ပမာဏကြီးကြီးမားမား သစ်တုံးတစ်တုံးကို တွေ့မြင်တော်မူပါတယ်။ ထိုအခါ အတူပါလာသည့် ရဟန်းတော် (၅၀၀) ဘက် လှည့်လိုက်ပြီး ဘဝဒုက္ခတွေကနေ နောက်ဆုံး လွှတ်မြောက်မှုရရန် ရှာဖွေနေတဲ့ လူတစ်ယောက်နဲ့ သစ်တုံးကို နှိုင်းယှဉ်ပြတော်မူပါတယ်။ မြတ်ဗုဒ္ဓက သစ်တုံးဟာ သမုဒ္ဒရာထဲ ရောက်ဖို့ အာမခံချက် မရှိနိုင်ကြောင်း မိန့်တော်မူပါတယ်။ သစ်တုံးဟာ ကမ်းပါးပေါ်မှာ တင်နေနိုင်တယ်။ ရေထဲမှာ မြုပ်သွားနိုင်တယ်။ မြစ်ထဲက ကျွန်းတစ်ကျွန်းပေါ် ရောက်သွားနိုင်တယ်။ လူတစ်ယောက်က ဆယ်ယူသွားနိုင်တယ်။ ဆွေးမြည့်သွားနိုင်တယ်။ ဒါမှမဟုတ် ဝဲကန်တော့ထဲ ကျရောက်နစ်မြုပ်သွားနိုင်တယ်။

The Buddha said that a human being who sought to reach final deliverance was just like the log floating to the ocean. His progress towards his goal could be obstructed in many ways: he could be caught up in sensual​ pleasures, be attached to physical and mental​ processes, become proud and haughty, mingle with people who lead him astray, be born in the realm of sense pleasures, and lose his sense of moral restraint.

မြတ်ဗုဒ္ဓက နောက်ဆုံး လွတ်မြောက်မှုကို ရှာဖွေသူတစ်ဦးဟာ သမုဒ္ဒရာထဲ မြောသွားနေတဲ့ ထင်းတုံးနဲ့တူကြောင်း မိန့်တော်မူပါတယ်။ ပန်းတိုင်ဆီသွားနေတဲ့ သူ့ရဲ့ ခရီးဟာ နည်းအမျိုးမျိုးနဲ့ နှောင့်ယှက် တားဆီးခံရနိုင်ပါတယ်။ သူဟာ ကာမဂုဏ်အာရုံတွေကို စိတ်ဝင်စားနေနိုင်တယ်။ ကိုယ်ခန္ဓာနဲ့ဆိုင်တဲ့ အလုပ်တွေ၊ စိတ်နဲ့ဆိုင်တဲ့ အလုပ်တွေကို တွယ်တာနေနိုင်တယ်။ မာန်တက်ပြီး ပလွှားနေနိုင်တယ်။ သူ့ကို လမ်းလွဲရောက်စေမယ့် အခြားသူတွေနဲ့ ရောနှောနေနိုင်တယ်။ အာရုံအပျော်အပါးလိုက်စားမှု အားကြီးတဲ့ ဘဝမှာ မွေးဖွားပြီး ကိုယ့်ကျင့်သီလကို ထိန်းသိမ်းတဲ့ အသိတရား ပျောက်ဆုံးနေနိုင်တယ်။

If one really wants to 'reach the ocean', one must keep to the 'middle stream', that is, follow the rules of noble conduct which develop one's morality, concentration, and wisdom. Any noble human being should be able to attain salvation provided he really understands his human nature. Hinduism also highlighted human destiny in this philosophical way:
'From darkness to light
From the unreal to the real
From death to deathlessness.'

တကယ်လို့ လူတစ်ယောက်ဟာ သမုဒ္ဒရာဆီ ရောက်ချင်တယ်ဆိုရင် အလယ် ရေစီးကြောင်းအတိုင်း အခိုင်အမာ လိုက်ရပါမယ်။ ဆိုလိုတာက သီလ၊ သမာဓိ၊ ပညာကို တိုးတက်စေမယ့် မြင့်မြတ်တဲ့ အမူအကျင့်တွေအတိုင်း လိုက်ရပါမယ်။ သူတော်ကောင်းတစ်ယောက်ဟာ လူ့ဗီဇသဘောကို အမှန်တကယ် နားလည်သဘောပေါက်ရာမှ ရရှိတဲ့ လွတ်မြောက်မှုသို့ ဆိုက်ရောက်သင့်ပါတယ်။
ဟိန္ဒူဘာသာကလည်း "အမှောင်မှ အလင်းသို့၊ စိတ်ကူးယဉ်မှုမှ အစစ်အမှန်သို့
သေဆုံးခြင်းမှ သေခြင်းကင်းရာသို့" ဟု လူ၏ ဘဝကံကြမ္မာကို ဒဿနိကဗေဒနည်းနဲ့
ဒီလို မီးမောင်းထိုးပြထားပါတယ်။

We live in an ill-balanced world. It is not all roses, nor is it absolutely thorny. The rose is soft, beautiful and fragrant; but the stem is full of thorns. Because of the rose, one tolerates the thorns. However, one will not disparage the rose on account of the thorns. To an optimist, this world is absolutely rosy; to a pessimist, it is absolutely thorny. But to a Realist this world is neither absolutely rosy nor absolutely thorny. It abounds with both beautiful roses and prickly thorns.

ကျွန်တော်တို့ဟာ တည်ငြိမ်မှုမရှိတဲ့ ကမ္ဘာကြီးထဲမှာ နေထိုင်နေရတာပါ။ ပန်းခင်းသောလမ်း မဟုတ်သလို လုံးလုံး ဆူးခင်းထားတာလည်း မဟုတ်ပါဘူး။ နှင်းဆီပန်းက နူးညံ့တယ်။ လှပတယ်။ ရနံ့မွှေးတယ်။ ဒါပေမယ့် ရိုးတံက ဆူးတွေနဲ့ ပြည့်နေပါတယ်။ တစ်ယောက်က ပန်းပွင့်ကိုနှစ်သက်တာကြောင့် ဆူးဒဏ်ကို သည်းခံမယ်။ ဒါပေမယ့် အခြားတစ်ယောက်က ဆူးတွေကြောင့်ပဲ နှင်းဆီပန်းကို ချိုးဖဲ့ပစ်လိမ့်မယ်။ အကောင်းမြင်ဝါဒီအတွက် ဒီကမ္ဘာကြီးဟာ လုံးဝ နှင်းဆီပန်းတွေ ဝေနေပြီး အဆိုးမြင်ဝါဒီအတွက်တော့ လုံးဝ ဆူးတွေနဲ့ ပြည့်နေပါတယ်။ အမှန်တကယ်တော့ ဒီကမ္ဘာကြီးဟာ လုံးဝ ပန်းတွေနဲ့ ဝေမနေသလို လုံးဝ ဆူးတွေနဲ့ ပြည့်နေတာလည်း မဟုတ်ပါဘူး။ လှပနေတဲ့ နှင်းဆီပန်းတွေရော ပွထနေတဲ့ ဆူးတွေပါ ပြည့်နှက်နေတာပါ။

An understanding person will not be infatuated by the beauty of the rose, but will view it as it is. Knowing well the nature of the thorns, he will view them as they are and will take the precaution not to be hurt. Like the pendulum that swings perpetually, four desirable and four undesirable conditions prevail in this world. Everyone without exception must face these conditions in the course of a lifetime. These conditions are: gain and loss, fame and ill-fame, praise and blame, happiness and sorrow. 'Don't be afraid of opposition. Remember, a kite rises against, not with, the wind.'

ဒါကို သဘောပေါက်နားလည်သူဟာ နှင်းဆီပန်းအလှကို အရူးအမူးစွဲလန်းမှာ မဟုတ်ပါဘူး။ သူ့အရှိတိုင်သာ မြင်ပါလိမ့်မယ်။ ဆူးတွေရဲ့ သဘောသဘာဝကို ကောင်းကောင်း သိနေတာကြောင့် သူတို့အရှိတိုင်းပဲ ရှုမြင်ပြီး ဆူးစူးမခံရအောင် ကြိုတင်ကာကွယ်မှုလုပ်ပါလိမ့်မယ်။ မရပ်မနား လွှဲယမ်းနေတဲ့ နာရီချိန်သီးလို လိုလားဖွယ်ကောင်းတဲ့ အခြေနေလေးမျိုး၊ လိုလားဖွယ်မကောင်းတဲ့ အခြေနေလေးမျိုး ဒီကမ္ဘာကြီးထဲမှာ တည်ရှိနေပါတယ်။ မည်သူမှ ချွင်းချက်မရှိဘဲ လူတိုင်းဟာ ဒီအခြေနေတွေကို အချိန်တန်တော့ တစ်သက်လုံး ရင်ဆိုင်ရမှာပါ။ အဲဒီအခြေနေတွေကတော့ လာဘ (ရခြင်း) အလာဘ (မရခြင်း)၊ ယသ (ကျော်စောခြင်း)၊ အယသ (မကျော်စောခြင်း)၊ နိန္န (ကဲ့ရဲ့ခံရခြင်း)၊ ပသံသ (ချီးမွမ်းခံရခြင်း)၊သုခ (ခမ်းသာခြင်း) ဒုက္ခ (ဆင်းရဲခြင်း) တို့ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက်ဆိုပြီး မကြောက်ပါနဲ့။ လေတံခွန်ဟာ လေကိုဆန်ပြီး အမြင့်တက်ပါတာ။ လေနဲ့အတူ အလိုက်သင့် ပျံတက်တာမဟုတ်ပါဘူး။

image
blay@blay