📝📒

blay(37)
Published in
#esteem
Words
118
Reading
1 min
Listen
Play
8y

စိတ္တာနုပဿ နာ ရှု့ခြင်း၏ အကျိုးများ
……………………………….....

စိတ္တာနုပဿ နာ ရှု့ပွားခြင်းဖြင့်..

၁။နာမ ရူပ ပရိစ္ဆေဒဉာဏ်။
၂။ပစ္စယ ပရိဂ္ဂဟဉာဏ်။
၃။ဥဒယ ဝယ ဉာဏ် ကို ရရှိပြီးသား
ဖြစ်သည်ဟု မှတ်ပါ။

၁။ဝင်လေထွက်လေသည် ရုပ်
သိနေသောစိတ်သည် နာမ်
ထို့ ကြောင့်  ရုပ်ပေါ်မှာ နာမ်
ပေါ်ရသောကြောင့် ရုပ်နှင့်နာမ် ဟု
ရုပ်နာမ်ကိုသိသော "နာမရူပ ပရိစ္ဆေဒဉာဏ်"

၂။လေကို ရှုသွင်းချင်သောစိတ်
လေကိုရှုထုတ်ချင်သောစိတ် သည်
အကြောင်းမဲ့ပေါ် ခြင်းမဟုတ်။
နှာခေါင်းနှင့် လေ ဟူသော ရုပ်
အကြောင်းနှစ်ခုကြောင့်ပေါ်ရသော
နာမ်တရားဖြစ်သည်ဟု
အကြောင်းအကျိုးကို သိလာသောကြောင့် 
ပစ္စယ ပရိဂ္ဂဟ ဉာဏ်ကိုရသည်။

၃။လေကိုရူသွင်းသောစိတ်ကလေး
ဆုံးလို့ ရပ်သွားတဲ့အခါ
လေကိုရှုသွင်းနေတဲ့စိတ်ကလေး
မရှိတော့ပါလားလို့ သိတာ
ဖြစ်ပျက်ကို သိတာပါဘဲ။

ရှုသွင်းတဲ့စိတ်ကလေး ရပ်သွားပြီး
ရှုထုတ်တဲ့ စိတ်ကလေးဖြစ်လာပါတယ်
ရှုထုတ်တဲ့စိတ်ကလေးလည်း
ရှုထုတ်ပြီးရပ်သွားတဲ့အခါ
ဖြစ်ပျက်ကိုမြင်တာပါဘဲ

ဖြစ်ပျက်ဆိုတာ ပရမထ္ထတရားပါ
ဘယ်သူမှ ဖြစ်အောင်လုပ်လို့ မရပါဘူး
ဘယ်သူကမှလည်း ပျက်အောင်လုပ်လို့ 
မရပါဘူး
အာရုံနဲ့ဒွါရ အကြောင်းတိုက်ရင်ပေါ်မယ်
အကြောင်းကုန်ရင် ပျက်မှာပါ။

မဖြစ်နဲ့ မပျက်နဲ့ လို့ 
အာဏာနဲ့ အမိန့် ပေးခိုင်းလို့ လည်းမရ။
မဖြစ်ပါနဲ့မပျက်ပါနဲ့ လို့ လည်း
တောင်းပန်တိုးလျှိုးလိုလည့်း မရပါဘူး
အကြောင်းတိုက်ရင် ဖြစ်မယ် (ဥဒယ)
အကြောင်းကုန်ရင်ပျက်မယ် (ဝယ)

ထိုကဲ့သိုသဘောတရားတွေကိုသိဖို့ 
ကံမျက်လုံးကို ပိတ်
ဉာဏ်မျက်လုံးကို ဖွင့်ပြီး
မိမိခန္ဓာထဲမှာ ဉာဏ်ကလေးနဲ့
စောင့်ကြည့်ပါ
ခန္ဓာက အမှန်တွေကို ပြပါလိမ့် မည်။

image

blay@blay

📝📒 | Ecency