သားတို့ သမီးတို့ ဖတ်ဖို့ အင်္ဂလိပ်စာ
Cycle of Evil
မကောင်းကြံလျှင် မကောင်းတာခံရမည်။
There was once a king who was so cruel and unjust that his subjects yearned for his death or dethronement.
ရှေးတရောအခါက ဘုရင်တစ်ပါးဟာ ရက်စက်ပြီး တရားမျှတမှုမရှိလို့ သူ့ရဲ့တိုင်းသူပြည်သားများဟာ ဘုရင်ကြီးနတ်ရွာစံပါစေ၊ နန်းကျပါစေလို့ တောင့်တကြတယ်။
However, one day he surprised them all by announcing that he had decided to turn over a new leaf.
သို့သော် တစ်နေ့မှာ သူဟာ ကောင်းမွန်စွာပြုမူနေထိုင်ပါတော့မယ်လို့ ကြေငြာလိုက်တော့ အားလုံးအံ့သြသွားကြသတဲ့။
“No more cruelty, no more injustice,” he promised, and he was as good as his word.
"ရက်စက်တာတွေ၊ မတရားတာတွေ မလုပ်တော့ဘူး" လို့ သူ ကတိပေးကာ ပြောတဲ့စကားအတိုင်းတည်အောင်ကျင့်တယ်တဲ့။
He became known as the ‘Gentle Monarch’.
"ကရုဏာရှင် မင်းတြားကြီး" လို့အမည်တွင်လာသတဲ့။
Months after his transformation, one of his ministers plucked up enough courage to ask him what had brought about his change of heart.
သူ အဲဒီလိုပြောင်းလဲလာပြီး လေးငါးလခန့်အကြာမှာ သူဘာ့ကြောင့်များ ဒီလိုပြောင်းလဲသွားရတာလဲလို့ အမတ်ကြီးတစ်ပါးက မဝံ့မရဲသတ္တိခဲကာ လျှောက်တင်လေရဲ့။
And the king answered, “As I was galloping through my forests I caught sight of a fox being chased by a hound.
ဘုရင်ကြီး ပြန်ဖြေတာကတော့ "ငါကိုယ်တော်မြတ်ရဲ့ တောအုပ်တွေထဲ မြင်းစီးထွက်ရာ အမဲလိုက်ခွေးတစ်ကောင်ဟာ မြေခွေးကို ပြေးလိုက်နေတာတွေ့ခဲ့တယ်။
The fox escaped into his hole but not before the hound had bitten into its leg and lamed it for life.
မြေခွေးက သူ့ရဲ့တွင်းထဲကို လွတ်အောင်ပြေးပေမဲ့ အမဲလိုက်ခွေးက သူ့ရဲ့ခြေထောက်ကို အမိအရကိုက်ချလိုက်တော့ မြေခွေးလည်း တသက်လုံးခြေဆာသွားရတယ်။
Later I rode into a village and saw the same hound there. It was barking at a man.
နောက်တော့ ငါကိုယ်တော်မြတ် ရွာတစ်ရွာထဲ မြင်းစီးသွားလိုက်တာ အဲဒီမှာ အမဲလိုက်ခွေးဟာ လူတစ်ယောက်ကိုဟောင်နေတာ တွေ့ရတာပဲ။
Even as I watched, the man picked up a huge stone and flung it at the dog, breaking its leg.
ငါ့မျက်စိရှေ့တင်ပဲ အဲဒီလူဟာ ကျောက်ခဲကြီးတစ်လုံးနဲ့ ခွေးကိုပစ်ပေါက်လိုက်တာ ခွေးခြေထောက်ကျိုးပါလေရော။
The man had not gone far when he was kicked by a horse.
အဲဒီလူ လျှောက်သွားတာ ခပ်လှမ်းလှမ်းမှမရောက်သေး၊ မြင်းတစ်ကောင်က သူ့ကို ကန်လိုက်တယ်။
His knee was shattered and he fell to the ground, disabled for life.
သူ့ ဒူးခေါင်းကွဲပြီး မြေကြီးပေါ်လဲကျသွားတာ၊ တစ်သက်လုံး ဒုက္ခိတဖြစ်သွားလေရော။
The horse began to run but it fell into a hole and broke its leg.
မြင်းဟာလည်း ပြေးသွားလိုက်တာ ကျင်းတစ်ခုထဲလဲကျပြီး ခြေကျိုးသွားပြန်တယ်။
Reflecting on all that had happened, I thought: ‘Evil begets evil.
ဖြစ်သမျှတွေကို ပြန်ဆင်ခြင်ကြည့်တော့ "မကောင်းတာလုပ်ရင် မကောင်းတာသာရတယ်" လို့ ငါကိုယ်တော် တွေးမိသကွဲ့။
If I continue in my evil ways, I will surely be overtaken by evil’. So I decided to change”.
ငါ အကုသိုလ်တွေသာ ဆက်လုပ်နေရင် ဒီအကုသိုလ်ဒဏ်တွေ ငါပြန်ခံရမှာ သေချာသမို့ ကောင်းအောင်ပြုကျင့်တော့မယ်လို့ ဆုံးဖြတ်ခဲ့တာပဲကွဲ့"
The minister went away convinced that the time was ripe to overthrow the king and seize the throne.
အမတ်ကြီးဟာ ဘုရင်ကြီးကို နန်းမှချကာ ရာဇပလ္လင်ကိုသိမ်းယူရန် အချိန်တန်ပြီဟု အပိုင်တွက်ကာ ပြန်ထွက်လာခဲ့တယ်။
Immersed in thought, he did not see the steps in front of him and fell, breaking his neck.
အဲဒီလိုအတွေးလွန်နေသမို့ သူ့ရှေ့က လှေကားထစ်တွေကို မမြင်ဘဲနဲ့ချော်လဲကျတာ လည်ပင်းကျိုးသွားလေသတဲ့ကွယ်။
Evil begets evil. တဲ့။ သားတို့ သမီးတို့ မှတ်ထားကြနော်။
With love,
@blay