To Be Perfect Life (Preface)

Words
423
Reading
2 min
Listen
Play
8y

မင်္ဂလာပါ မိတ်ဆွေတို့ရေ...
ကျွန်တော်သည် အောင်မြင်ရေးစာပေများကို ဖတ်ခဲ့သည်သာမက
မိမိကြိုက်နှစ်သက်သော စာတိုပေစတို့ကို ရေးမှတ်ထားလေ့ ရှိသူ
တစ်ယောက်ပါ။ ထို့အပြင် စုဆောင်းထားသော စာတိုပေစတို့ကို
အမှီပြုကာ မိမိဉာဏ်မှီသလောက် အောင်မြင်ရေးစာပေများကို
ပြုစုရေးသားနေသူလည်း ဖြစ်ပါသည်။
Steemit ကို အသုံးပြု၍ စာရေးတင်လာသည်မှာ လေးလ
တိုင်ခဲ့ပါပြီ။ Myanmar Steemit Community မှ
ဦးဆောင်ကူညီ၍ Promotion ရသောနေ့များတွင် ကျွန်တော်
သည်( Let Us Discuss To Succeed) ခေါင်းစဉ်ဖြင့်
စာများ ရေးတင်ခဲ့သည်မှာ( ၁၈ ပိုင်း) ရောက်ခဲ့ပြီး အဆုံးသတ်ခဲ့
လိုက်ပါတော့သည်။
ယနေ့မှစ၍ကား (To Be Perfect Life) ဟူသော
ခေါင်းစဉ်ဖြင့် အပိုင်းဆက် ဆက်လက်ရေးတင်သွားပါမည်
ဖြစ်ကြောင်း အသိပေး ပြောကြားအပ်ပါသည်။

ပြည့်စုံသောဘဝ
orca-image-1524377251175.jpg_1524377251411.jpeg

ဤသတ္တလောကကြီးတွင် လူဆိုသည်မှာ အဆင့်အတန်းမြင့်သော၊
အသိဉာဏ်အရှိဆုံးသော သတ္တဝါ ဖြစ်ပါတယ်။ ဒါကြောင့် လူအဖြစ်
ရောက်ရှိလာသော ဘဝမှာ ကောင်းမြတ်သော၊ ပြည့်စုံသော
ရပ်တည်မှုဖြင့် ရှင်သန်ချင်ကြပါတယ်။
လူဖြစ်ရခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဘာကြောင့် လူအဖြစ်
ဆက်လက်ရှင်သန်နေရလဲ။ ကျွန်တော်တို့ဟာ တိရိစ္ဆာန်ထက်
မြတ်သော၊ ကောင်းသော၊ ပြည့်စုံသော၊ အနှစ်သာရ အဓိပ္ပါယ်
ရှိသော လူအဖြစ် ရှင်သန်ရပ်တည်ကြမယ်ဆိုရင် လူသား
ကောင်းကျိုး၊ လောကကောင်းကျိုးကို ဖန်တီး ဆောင်ရွက်နိုင်ကြရ
ပါမယ်။
ဒီတော့ ကျွန်တော်တို့ဟာ မိမိကိုယ်တိုင်မှ စတင်၍ မိသားစု၊
ပတ်ဝန်းကျင်၊ မြို့နယ်၊ နိုင်ငံ၊ ကမ္ဘာလောကသို့ တိုင်အောင်
တတ်စွမ်းသမျှ တစတစဖြင့် အောင်မြင်သော၊ ပြည့်စုံသော၊
ကောင်းမြတ်သော အရာများ ပြုကျင့် စွမ်းဆောင်ကြရပေမည်။

ပထမဦးဆုံး အနေဖြင့် ကျွန်တော်တို့ဟာ မိမိဘဝကို အောင်မြင်
ပြည့်စုံစေရန် လုပ်ဆောင်ကြရပါမယ်။ မိမိကိုယ်တိုင် မားမား
မတ်မတ် ရပ်တည်နိုင်မှသာလျှင် သူတစ်ပါးကို ထူမတ်ပေးဖို့ရာ
လွယ်ကူမယ် မဟုတ်လား။ ဒီမှာ "အောင်မြင်ပြည့်စုံတယ်"
ဆိုတာ ဘယ်လိုအရာလဲ။ ဘယ်လို အတိုင်းအတာမျိုးဖြင့်
အောင်မြင်ပြည့်စုံသောဘဝ လို့ သတ်မှတ်မလဲ။ ကျွန်တော်ကတော့
အခြေခံကျသော၊ ရိုးရှင်းသော၊ လိုအပ်ချက်လည်း ဖြစ်သော
(၁) ကျန်းမာခြင်း၊ (၂) ချမ်းသားခြင်းနှင့် (၃) အားလပ်ပျော်ရွှင်ခြင်း
တို့ဖြင့် အောင်မြင်ပြည့်စုံသောဘဝကို တည်ဆောက်လိုပါတယ်။
မိတ်ဆွေတို့ရော ဘယ်လို တည်ဆောက်ကြပါမလဲ။

#ကျန်းမာရေး
ကျန်းမာရေး ဆိုတာကတော့ ကိုယ်ကာယကောင်းမွန်ခြင်း၊
စိတ်ပိုင်းဆိုင်ရာကောင်းမွန်ခြင်းနှင့် လူမှုဆက်ဆံရေးကောင်းမွန်ခြင်း
တို့ဖြင့် ပြည့်စုံခြင်းဟု အဓိပ္ပါယ် ဖွင့်ပါတယ်။ ကျန်းမာရေး ကောင်း
လျှင် အတတ်ပညာတို့ကိုလည်း သင်ယူလို့ရတယ်။ ငွေကြေးဥစ္စာ
တို့ကိုလည်း ရှာဖွေစုဆောင်းလို့ ရတယ်။ မိတ်ဆွေသင်္ဂဟအပေါင်း
တို့ကိုလည်း ဆက်သွယ်ပေါင်းသင်းလို့ ရတယ်။ ဒါကြောင့်
ကျန်းမာခြင်းဟာ အောင်မြင်ပြည့်စုံသောဘဝ ရရှိရောက်ရှိဖို့
နံပါတ် (၁)လိုအပ်ချက် တစ်ခုပါပဲ။
အမြင်ရှင်းအောင် ပြောပြရလျှင် (၁၀၀၀) ဆိုတဲ့ ကိန်းစုတစ်ခုမှာ...
orca-image-1524377272588.jpg_1524377272664.jpeg

နောက်မှာ (၀) တွေဖြစ်တဲ့ ငွေကြေးဥစ္စာ ၊ ရာထူးဂုဏ်ရှိန်၊ ပိုင်ဆိုင်
မှုများ ဆိုတာတွေဟာ ၄င်းတို့တွေ ရှိကြလေ တန်ဖိုး ပိုတတ်လာလေ
ဆိုပေမယ့် ၄င်းတို့တွေ ပြုတ်ထွက်သွားလည်း တန်ဖိုးတစ်ခုတော့
ကျန်နေဦးမှာပါ။ ဒါပေမယ့် ရှေ့မှ (၁) ဆိုတဲ့ ကျန်းမာခြင်းသာ
ပြုတ်ထွက်သွားခဲ့ရင်တော့ ဘာတန်ဖိုးမှ ကျန်ရှိတော့မှာ မဟုတ်
ပါဘူး။ ဒါကြောင့်သာပဲ အောင်မြင်ပြည့်စုံသောဘဝ တစ်ခု ရှင်သန်
ရပ်တည်ဖို့ အဓိက အရေးကြီးဆုံးက ကျန်းမာရေးကောင်းခြင်းနှင့်
ပြည့်စုံအောင် အရင်ဆုံးနှင့် စဉ်ဆက်မပြတ် ပြုမူကျင့်ကြံရပါမယ်။

#ချမ်းသာရေး
"ချမ်းသာတယ် " ဆိုတာ ဘယ်အတိုင်းအတာကို ပြောတာလဲ။
ငွေကြေးဥစ္စာ ဘယ်လောက် ပေါကြွယ်ဝနေပါစေ၊ စိတ်ဆင်းရဲ
နေရရင် ချမ်းသာတယ်လို့ ပြောမလား။ ကမ္ဘာမှာ ချမ်းသာမှုကို
အတိုင်းအတာပြုထားတာတွေ ရှိပါတယ်။
ကျွန်တော်ကတော့ ချမ်းသာတယ် ဆိုတာကို စားဝတ်နေရေး
လွတ်မြောက်ခြင်းဟုပဲ ရိုးရှင်းစွာ ပြောချင်ပါတယ်။ အစားအသောက်၊
အဝတ်တန်ဆာ၊ နေထိုင်စရာတို့အတွက် ငွေကြေးစီးပွား လုံးပမ်း
ရှာဖွေရမှု မပြုရတော့ခြင်း ကို ဆိုလိုပါတယ်။ လုံခြုံတင့်တယ်စွာ
ရှင်သန်နေရခြင်းပဲပေါ့။
Money is second God. Money make
Everythings. ဟု ဆိုကြတာ ရှိပါတယ်။ ငွေကြေးဥစ္စာ
ပြည့်စုံကြွယ်ဝခြင်းဟာ ချမ်းသာခြင်း အစစ်အမှန်တော့ မဟုတ်
ပါဘူး။ သို့ပေမယ့် ချမ်းသာမှုကို ငွေကြေးဥစ္စာဖြင့် မြင်သာအောင်
တိုင်းတာမှု ပြု ကြပါတယ်။ ဟုတ်ပါတယ်...ချမ်းသာခြင်းမှာ
ငွေကြေးဥစ္စာ ပေါကြွယ်ဝမှသာလည်း ပြည့်စုံမှု ရှိပါမယ်။
မိတ်ဆွေတို့ဟာ အောင်မြင်ပြည့်စုံသောဘဝ တစ်ခု တည်ဆောက်
ဖို့ ဒုတိယအရေးကြီးဆုံး လိုအပ်ချက်ကတော့ ချမ်းသာကြွယ်ဝမှု
လို့ ဆိုချင်ပါတယ်။ ဒါကြောင့် အလုပ်အကိုင် စီးပွားရှာခြင်းဖြင့်
ချမ်းသာကြွယ်ဝအောင် စွမ်းဆောင်ရပါမယ်။

#အားလပ်ပျော်ရွှင်ရေး
အားလပ်ပျော်ရွှင်ရေး ဆိုတာ မိသားစု၊ မိတ်ဆွေအသိုင်းအဝိုင်း
တွေနှင့် သာယာစွာ၊ လွတ်လပ်စွာ၊ ပျော်ရွှင်စွာ နေနိုင်ရေးကို
ဆိုလိုပါတယ်။ စိတ်အလိုလိုက် ပျော်ပါးနေဖို့ မဟုတ်ပါဘူး။
ကိုယ်ကျင့်တရား အပေါ်မှာ အခြေခံတဲ့ ပျော်ရွှင်မှုမျိုးကိုပါ။
သာမန်တွင် ကျန်းမာရေးကောင်းခြင်းနှင့် ငွေကြေးချမ်းသာကြွယ်ဝ
ခြင်းတို့ဖြင့် ပြည့်စုံလျှင် အောင်မြင်ပြည့်စုံလှပြီဟု ထင်ဖွယ်ရှိပါတယ်။
တစ်ကယ်တော့ ပြည့်စုံသော အောင်မြင်မှု ဆိုတာ မိမိ ကြိုးစား
အားထုတ်ခဲ့မှုမှ ရရှိသော ပိုင်ဆိုင်မှုတို့ကို အနှစ်သာရပြည့်၊
အဓိပ္ပါယ်ရှိစွာ အသုံးချနိုင်စွမ်း ရှိဖို့ လိုပါတယ်။ အလုပ်ထဲမှာပဲ
အချိန်ကုန်ခံ မနေရဘဲ မိသားစုကို အချိန်ကေးနိုင်မှု၊ လူမှုရေး
အချိန်ပေးနိုင်မှုနှင့် မိမိ နှစ်သက်ဝါသနာ ပါရာကို လွတ်လပ်စွာ
ပြုကျင့်နိုင်ဖို့ ပဓာန ကျလှပါတယ်။ ဒါကြောင့်သာပဲ ကျွန်တော်တို့
တွေဟာ အောင်မြင်ပြည့်စုံသောဘဝ တစ်ခုအတွက် ကျန်းမာခြင်း၊
ချမ်းသာခြင်းနှင့် အမြဲကပ်လျက် အားလပ်ပျော်ရွှင်မှုကိုပါ ဖန်တီး
စွမ်းဆောင်ကြရပါမယ်။
ဟုတ်ပြီ။ အောင်မြင်ပြည့်စုံသောဘဝ တစ်ခု တည်ဆောက်ဖို့ရန်
ကျန်းမာခြင်း၊ ချမ်းသာခြင်းနှင့် အားလက်ပျော်ရွှင်ခြင်းတို့ ပါဝင်
ပြီးမြောက်စေရမယ် ဆိုပါတော့...ဘယ်လို ပြုပြင် ပြောင်းလဲ
ကျင့်ကြံ အားထုတ်ကြပါမလဲ။
ဆက်ရန်....
(မှတ်ချက်။ ။ ယခုတင်သောပို့စ်အား လွန်ခဲ့သော သုံးနှစ်ခန့်လောက်
မှာတုန်းက Hein Khant Maung Perfect Life Page တွင်
Power Point အား Screenshot Photos ရိုက်၍
တင်ခဲ့ဖူးပါသည်။)
https://www.facebook.com/heinkhantmaung.tinaungsoe/
Screenshot_2018-04-22-08-01-42.png

မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ အောင်မြင် ပျော်ရွှင်ကြပါစေ။
With Kindness,
billionairehein@billionairehein
Hein Khant Maung ပြုစုရေးသားခဲ့သည်။
Hein Khant Maung Perfect Life

To Be Perfect Life (Preface) | Ecency