မင်္ဂလာပါ အောင်မြင်ချင်သူ မိတ်ဆွေတို့ရေ...
ဒီတစ်ပတ်မှာ ပြည့်စုံသော ဘဝကို ရရှိဖို့
လေ့လာလေ့ကျင့်ဖန်တီးယူရမည့် ခေါင်းဆောင်မှု
အတွက် လိုက်နာရမည့် အချက် (၁၀) ချက်
ထဲမှ ဗဟုသုတနှင့် အကျင့်စာရိတ္တ အကြောင်းကို မျှဝေပေးသွားပါမည်။
(2) Knowledge - ဗဟုသုတ
အောင်မြင်မှု ရရန် ဗဟုသုတဟာ အဓိက သော့ချက်
ပါပဲ။ အောင်မြင်ပြည့်စုံသောဘဝ သို့ သွားရာမှာ
မိမိ လမ်းခရီး အတွက် လိုအပ်မည့် ဘယ်လို
ဗဟုသုတ မျိုးကိုမဆို လေ့လာသင်ယူရပါမည်။
ဗဟုသုတ ဆိုတာကလည်း တချိန်လုံး တိုးပွားအောင်
လုပ်ဆောင်နေရမှာပါ။ ဆက်လက် သင်ယူလေ့လာမှု
မရှိခဲ့ရင် ပျောက်ကွယ်သွားနိုင်တာမျိုးပါ။
တချို့တွေက ပြောကြပါမယ်...ပညာတတ်ပြီး
မအောင်မြင်တာတို့၊ မချမ်းသာတာတို့ကိုပါ။
တကယ်တော့ ပညာဗဟုသုတ ဆိုတာမျိုးက
လက်တွေ့ အသုံးချသူရဲ့ အပေါ်မှာ မူတည်ပါတယ်။
ဘယ်လောက် ကောင်းတဲ့ ပညာဗဟုသုတ မျိုးမဆို
မှန်ကန် စနစ်ကျစွာ လိုက်နာကျင့်သုံးမှု မရှိပါက
အသုံးဝင်မည် မဟုတ်ပါဘူး။
ဒါကြောင့် မိတ်ဆွေတို့တွေ လေ့လာသိုမှီးထားတဲ့
ဗဟုသုတတွေမှ အကျိုးရလဒ် ဖြစ်မြောက်စေဖို့
ဆင့်ကဲ လေ့လာ၊ လေ့ကျင့်၊ လုပ်ဆောင်ရမည့်
လမ်းစဉ်လေးကို ချပြပါမယ်။
ပထမဦးဆုံးကတော့ ဗဟုသုတတွေ ရရှိဖို့
Learn - လေ့လာသင်ယူရပါမည်။ Learn
လုပ်တဲ့အခါ Knowledge တွေ ရပါမယ်။
Knowledge တွေကို Practice - လက်တွေ့
လေ့ကျင့်တဲ့အခါ Experience - အတွေ့အကြုံ
ရလာပါမယ်။ အတွေ့အကြုံ ရှိပြီးသား အရာကို
Action - ပြုမူဆောင်ရွက်တဲ့အခါမှာ Result -
အကျိုးရလဒ် ထွက်လာတော့တာပါပဲ။
ဟုတ်ပါတယ်။ မိတ်ဆွေတို့ဟာ ကောင်းသော၊
လိုအပ်မည့် နည်းနာဗဟုသုတတွေကို လေ့လာ၊
လေ့ကျင့်ပြီး လက်တွေ့ လုပ်ဆောင်ပါမှ အောင်မြင်
ပြည့်စုံသော ဘဝကို ရရှိမှာပါ။
ထပ်လောင်းပြောချင်တာက ဗဟုသုတကို ပညာ
ဖြစ်အောင် ပြောင်းနိုင်ရပါမယ်။ ပညာဆိုတာ
ဗဟုသုတ၊ အတွေ့အကြုံတွေကို ဆက်ခြင်စဉ်းစား
ပြီး မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မှု မဟုတ်လား။
ဟုတ်ပါတယ်။ ဗဟုသုတမှ ပညာ အဖြစ် လက်တွေ့
လုပ်ဆောင်နိုင်မှသာ စွမ်းအားတစ်ရပ် ပေါ်ထွက်
လာပြီး အောင်မြင်မှု ရရှိမှာပဲပေါ့။
(3) Character - စာရိတ္တ
စာရိတ္တ ဆိုတာ လူတစ်ယောက်ရဲ့ ပြောဆို၊ နေထိုင်၊
ပြုမူလှုပ်ရှားပုံ စရိုက်လက္ခဏာပါပဲ။ ကျွန်တော်တို့
တွေဟာ ဘဝမှာ အောင်မြင်ချင်တယ် ဆိုရင်
စာရိတ္တ ကောင်းမွန်ဖို့ လိုပါတယ်။ အပြောအဆို
ရိုင်းစိုင်းခြင်း၊ ရိုးသားမှု မရှိခြင်း၊ လိမ်ညာကောက်
ကျစ်ခြင်း စတဲ့ မကောင်းသော စရိုက်တွေသာ
ရှိနေခဲ့မယ် ဆိုရင် မိမိတို့အပေါ် တခြားလူတွေက
ယုံကြည်ဆက်ဆံ လက်တွဲချင်ကြမှာ မဟုတ်ပါဘူး။
ဒီတော့ မိတ်ဆွေတို့ဟာ စာရိတ္တ ကောင်းမွန်ရန်
ပြုကျင့်နိုင်ရပါမယ်။ ကိုယ်ကျင့်တရား အကြောင်း
ပြောခဲ့သလိုပါပဲ... စာရိတ္တ ဆိုတာလည်း ပြောင်း
လဲ၊ ရွေးချယ်၊ လုပ်ယူလို့ ရတာပါပဲ။
Action - ပြုမူလုပ်ဆောင်မှုဟာ Character -
စာရိတ္တ ရဲ့ အဓိက ပြယုဒ်ပါ။ မိတ်ဆွေတို့ဟာ
စာရိတ္တကောင်းတစ်ခုကို ကျင့်ကြံကြမယ် ဆိုပါ
တော့... ပထမ ဘယ်လို အပြုအမူ၊ အပြောအဆို
တွေ ဆောင်ရွက်မလဲ ဆိုတာကို Thought -
အတွေးတစ်ခု တွေးခေါ်ရပါမယ်။
အတွေးအခေါ်ကောင်းမှ တဆင့် လက်တွေ့
Action - အပြုအမူ လုပ်ဆောင်ရပါမယ်။
လုပ်ဆောင်မှုတွေ များလာတဲ့အခါ Habit -
အလေ့အကျင့် ရလာပါမယ်။
အလေ့အကျင့် ရှိတဲ့အတိုင်း ဆက်လက်ဆောင်ရွက်
နေရင် Character - စရိုက်ဆိုတဲ့ စာရိတ္တ
ဖြစ်တည်လာတာပါပဲ။
ဟုတ်ပါတယ်... ကောင်းတာပဲ တွေး၊ ကောင်းတာပဲ
လုပ်၊ ကောင်းတာပဲ ဆက်လုပ်နေပါက ကောင်းတဲ့ စရိုက် ရှိလာတာပါပဲ။
ဆက်ရန်...
(မှတ်ချက်။ ။ To Be Perfect Life အပိုင်းဆက် အောင်မြင်ရေး
လမ်းစဉ်များကို ကျွန်တော်၏ Facebook Page ဖြစ်သော
Hein Khant Maung Perfect Life တွင် လွန်ခဲ့သော
သုံးနှစ်ခန့်က Power Point ကို Photo ရိုက်ယူ၍ တင်ခဲ့ဖူး
ပါသည်။ [Page Link မှာ https://www.facebook.com/heinkhantmaung.tinaungsoe/]
မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ အောင်မြင်
ပျော်ရွှင်ကြပါစေ.....
With Kindness
@billionairehein
MSC - 193
Hein Khant Maung ပြုစု ရေးသားသည်။