To Be Perfect Life (4)

Words
329
Reading
2 min
Listen
Play
8y

မင်္ဂလာပါ စာချစ်သူ မိတ်ဆွေတို့ရေ...
orca-image-1525929662682.jpg_1525929662771.jpeg
ဒီတစ်ပတ်မှာလည်း ယုံကြည်မှုတည်ဆောက်ရာမှာ
လုပ်ဆောင်ရမည့် အချက်များကို ဆက်လက်
ဖော်ပြသွားပါမည်။
Screenshot_2018_0510_114143.png

(III) Competence

ကျွန်တော်တို့တွေဟာ အရည်အချင်း ပြည့်ဝမှသာလျှင်
လုပ်ဖော်ကိုင်ဘက် မိတ်ဆွေတွေရဲ့ ယုံကြည်မှု ကို
ပိုမိုရရှိမှာ ဖြစ်သလို နောက်ထပ် ပူးပေါင်းပါဝင်မယ့်
မိတ်ဆွေတွေလည်း တိုးပွားလာမှာပါ။
ကျွန်တော်တို့တွေရဲ့ နာမည်တွေဟာ Brand
တစ်ခုလို ပေါက်လာဖို့ အရည်အသွေး ကောင်းဖို့
လိုပါတယ်။ ဒီတော့ Competence - အရည်
အချင်းကို ဘယ်လို တည်ဆောက် ယူကြပါမလဲ။
Screenshot_2018_0510_114257.png
ကျွန်တော်ကတော့ အရည်အချင်း တစ်ခု တည်
ဆောက်ဖို့ Big Ambition - ကြီးမားသော
ရည်မှန်းချက် အပေါ်မှာ အခြေခံတည်ဆောက်
ရမယ်ဟု ပြောချင်ပါတယ်။
မိတ်ဆွေတို့ဟာ (ဘယ်အခြေအနေ၊ ဘယ်အဆင့်
အတန်းထိ ပေါက်မြောက်ချင်တာလဲ) ဆိုတာကို
မူတည်ပြီး တည်ဆောက်သွားရမှာပါ။
Big Ambition ကို အခြေခံပြီးတော့ ကျွန်တော်
တို့တွေဟာ Possibility - ဖြစ်နိုင်ခြေအလား
အလာကို Knowledge - ဗဟုသုတနှင့်
ပေါင်းစပ်ပြီး ကျွမ်းကျွမ်းကျင်ကျင် Effort -
အားစိုက်ထုတ်မှု ပြုရပါမယ်။ ဆိုချင်တာက
မိတ်ဆွေတို့ ဖြစ်မြောက်ချင်တာ အပေါ် မူတည်ပြီး
တွေ့ကြုံလာတဲ့ အခြေအနေ အပေါ်မှာ မိမိ
သင်ယူလေ့လာထားသော ဗဟုသုတ၊ အတွေ့အကြုံ
တွေနဲ့ ချိန်ထိုးပြီး အကောင်းဆုံး ဖြစ်အောင်
အားထုတ်လုပ်ဆောင်ရမည်ဟု ပြောတာပါ။

ဒီလိုနဲ့ မိတ်ဆွေတို့မှာ အရည်အချင်း၊ အရည်အသွေး
ကောင်းလာပြီ ဆိုရင်လည်း Quality Control -
အရည်အသွေး ထိန်းသိမ်းကွပ်ကဲမှု အမြဲ လုပ်
ဆောင်နေရပါမယ်။ ဒါမှသာ မိတ်ဆွေတို့ဟာ
ရေရှည် အောင်မြင်မှုကို ခံစားရရှိမှာပဲပေါ့။
Screenshot_2018-05-01-09-38-49.png

(IV) Ethic

ဘဝမှာ အောင်မြင်မှု ရဖို့ မိတ်ဆွေတွေရဲ့ ယုံကြည်
ပူးပေါင်းမှု ရရှိရန် အရည်အချင်း ရှိရမယ်ဟု
ဆိုခဲ့ပြီးပြီ။ သို့ပေမယ့် အကျင့်စာရိတ္တ ကောင်းမွန်မှု၊
လူမှုဆက်ဆံရေး ပြေပြစ်မှု၊ ရိုးသားဖြောင့်မတ်မှု
စတဲ့ ကိုယ်ကျင့်တရားသာ မရှိခဲ့ရင် အောင်မြင်မှု
အစစ်အမှန်ကို ရရှိမှာ မဟုတ်ပါဘူး။

Ethic - ကိုယ်ကျင့်တရားကို ရှင်းအောင် ပြောရရင်
မိမိအပေါ် လူတွေက ဆက်ဆံစေချင်သလိုမျိုး
အခြားလူတွေအပေါ် မိမိက ပြုမူဆက်ဆံပေးဖို့ပါပဲ။
မိတ်ဆွေတို့ဟာ တခြားလူတွေက မိတ်ဆွေတို့
အပေါ်၌ မကောင်းကြံခြင်း၊ ကတိ ဖောက်ဖျက်ခြင်း၊
ရိုင်းရိုင်းပြပြ ပြုမူဆက်ဆံခြင်းတို့ကို ခံယူချင်ကြမှာ
မဟုတ်ပါဘူး။ တခြားလူတွေကလည်း မိတ်ဆွေတို့
လိုပါပဲ။
ကိုယ်ကျင့်တရား ဆိုတာ မွေးရာပါ မဟုတ်
ပါဘူး။ မိမိကိုယ်တိုင် ကြိုက်နှစ်သက်ရာကို ရွေးယူ
လို့ ရတာမျိုးပါ။ အောင်မြင်ပြည့်စုံသောဘဝကို ပိုင်ဆိုင်ချင်ကြတဲ့ မိတ်ဆွေတို့ဟာ ကိုယ်ကျင့်တရား ကောင်းမြတ်အောင် မွေးမြူသင့်တယ် မဟုတ်ပါလား။
Screenshot_2018_0510_114319.png
ဒါကြောင့် အကျင့်စာရိတ္တ - Character
ကောင်းမွန်အောင် ပြုကျင့်ရမယ်။ လူတွေအကြောင်း
နားလည်အောင် ကြိုးစားပြီး Relationship -
လူမှုဆက်ဆံရေး ပြေပြစ်အောင် ဖန်တီးရမယ်။
ဒီလိုဆိုရင် မိတ်ဆွေတို့ဟာ အခြားလူတွေရဲ့ ယုံကြည်
လေးစားမှုကို ရရှိကာ ခိုင်ခံ့တည်တံ့သော အောင်မြင်
မှုကို ရပေလိမ့်မည်။
Screenshot_2018-05-01-09-39-38.png
ဟုတ်ပြီ... ကျွန်တော်တို့တွေဟာ မိမိကိုယ်ကို
ယုံကြည်မှု ရှိရန် လိုအပ်တဲ့ အတွေးအခေါ်တွေ၊
အလေ့အကျင့်တွေနှင့် မိမိ ဆောင်ရွက်မည့် ကိစ္စ
ကို ပိုင်ပိုင်နိုင်နိုင် စွမ်းဆောင်နိုင်အောင် ယုံကြည်မှု
တည်ဆောက်ခြင်း ကိုလည်း လုပ်ဆောင်ပြီးပြီ။
တခြားလူတွေရဲ့ ယုံကြည်မှု၊ ပူးပေါင်းပါဝင်မှု ရရှိ
အောင်လည်း First Impression တွေ၊
Communication - လူမှုရေးဆက်သွယ်မှုတွေ၊ Competence - အရည်အချင်းတည်ဆောက်
တာတွေနှင့် Ethic - ကိုယ်ကျင့်တရား ကောင်း
မြတ်မှုတွေကိုလည်း ကျင့်ကြံပြီးကြပြီ... ဆိုပါစို့။
ဒါဆို ကျွန်တော်တို့တွေဟာ မိမိတို့ခရီးကို
လက်တွေ့ကျကျ လှမ်းလျှောက်ဖို့ပဲ လိုပါတော့မယ်။

ဟုတ်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့ဟာ ယုံကြည်မှု
ပြည့်ဝခိုင်မာပြီး သကာလ လုပ်ရဲကိုင်ရဲတဲ့
Courage - သတ္တိ ထွက်ပေါ်လာပါမယ်။ ဒီ
သတ္တိကို Action - ပြုမူဆောင်ရွက်ချက် ထည့်
လိုက်ပါက မိတ်ဆွေတို့ လိုချင်ရချင်တဲ့ Success -
အောင်မြင်မှု၊ ပြည့်စုံသောဘဝကို ပိုင်ဆိုင်ရမှာ
မလွဲတော့ပါဘူး။
Screenshot_2018_0511_064912.png
ဆက်ရန်...
(မှတ်ချက်။ ။ To Be Perfect Life အပိုင်းဆက် အောင်မြင်ရေး
လမ်းစဉ်များကို ကျွန်တော်၏ Facebook Page ဖြစ်သော
Hein Khant Maung Perfect Life တွင် လွန်ခဲ့သော
သုံးနှစ်ခန့်က Power Point ကို Photo ရိုက်ယူ၍ တင်ခဲ့ဖူး
ပါသည်။ [Page Link မှာ https://www.facebook.com/heinkhantmaung.tinaungsoe/]

မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ အောင်မြင်
ပျော်ရွှင်ကြပါစေ.....
With Kindness
billionairehein@billionairehein
MSC - 193
Hein Khant Maung ပြုစု ရေးသားသည်။

To Be Perfect Life (4) | Ecency