To Be Perfect Life (3)

Words
321
Reading
2 min
Listen
Play
8y

မင်္ဂလာပါ စာချစ်သူ မိတ်ဆွေတို့ရေ...
ယုံကြည်မှု တည်ဆောက်ရမည့် နည်းလမ်းများကို ဆက်လက် ရှင်းပြ
ပေးသွားပါမယ်။
Screenshot_2018-04-26-12-41-01.png
ကျွန်တော်တို့တွေဟာ ဘဝမှာ အောင်မြင်မှု ရရှိဖို့ တစ်ဦးကောင်း၊
တစ်ယောက်ကောင်းဖြင့် မလွယ်ကူပါဘူး။ တကယ့် အောင်မြင်မှု
ဆိုတာ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ ပံ့ပိုးမှု၊ ဝိုင်းဝန်းမှု၊ လက်တွဲ
ညီညာမှုတွေ လိုအပ်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့ဟာ မိမိကိုယ်ကို
ယုံကြည်မှု ရှိပြီးနောက် မိမိရဲ့ ယုံကြည်မှုဖြင့် အခြားမိတ်ဆွေအပေါင်း
တို့ပါ ပူးပေါင်းဆောင်ရွက်နိုင်အောင် စွမ်းဆောင်ရပေဦးမည်။
မိမိကိုယ်ကို ယုံကြည်မှု လည်း ပိုရှိလာအောင်၊ တခြားလူတွေရဲ့
ယုံကြည်မှု ကိုလည်း ရရှိအောင် အောက်ပါအတိုင်း လုပ်ဆောင်
ရပါမယ်။
Screenshot_2018_0506_082111.png

(I) First Impression

မိတ်ဆွေတို့ဟာ တခြားလူတွေရဲ့ ယုံကြည်မှု ကို ရရှိအောင်
သူတို့တွေနှင့် စတင်တွေ့ဆုံစဉ်မှာ First Impresdion
ပထမဦးဆုံးအမြင် ကောင်းရန် လိုပါတယ်။ ပထမဆုံး တွေ့ဆုံမှု
မှာကတည်းက ကိုယ့်ဘက်ပါအောင် ပြုမူနိုင်ရပါမယ်။
First Impression ကောင်းမွန်စေရန် အောက်ပါ (4-S)
အတိုင်း လိုက်နာ ကျင့်ကြံရပါမယ်။
(4-S)
1- Sweet..... ချိုသာပါ။
စကားပြောဆိုရာတွင် သိမ်မွေ့ရပါမယ်။ ချိုချိုသာသာ ရှိရပါမယ်။
2- Smile..... ပြုံးရွှင်ပါ။
ပြုံးရွှင်သော မျက်နှာထား ရှိရပါမယ်။ နှလုံးသားထဲက လာတဲ့၊
ခံစားချက်ပါသော အပြုံး ဖြစ်ရပါမယ်။
3- Smart..... ကိုယ်နေဟန်ထား အသွင်အပြင် သပ်ရပ်သန့်ရှင်းပါ။
အလုပ်အကိုင် အခြေအနေနှင့် လိုက်လျောညီထွေသော ဝတ်စား
ဆင်ယင်မှု ရှိရပါမယ်။ နှင့်
4- Skill..... အပြုအမူတွေဟာ ကျွမ်းကျင်မှု ရှိသော ဟန်ပန်
ဖြစ်နေရပါမယ်။ အပြောအဆို လိမ္မာပါးနပ်မှု၊ အလုပ်အကိုင်
ကျွမ်းကျင်မှု ရှိကြောင်း ထင်သာမြင်သာ ရှိနေစေရပါမယ်။
Screenshot_2018_0506_082215.png
ယခု တင်ပြသော (4-S) အတိုင်းသာ လိုက်နာကျင့်သုံးပါက
မိတ်ဆွေတို့ဟာ မိမိတို့နှင့် တွေ့ဆုံရသော အခြားလူတွေရဲ့
ယုံကြည်မှု ကို ရရှိကာ သူတို့တွေရဲ့ ပူးပေါင်းပါဝင်မှုဖြင့်
အောင်မြင်မှု ရရှိနိုင်ပေမည်။

(II) Communication

လူမှုဆက်ဆံရေး၊ ဆက်သွယ်ရေးဟာ အောင်မြင်မှု ရရန်အတွက်
မပါမဖြစ် လိုအပ်ချက် တစ်ခုပါ။ ဒီတော့ ကျွန်တော်တို့ဟာ မိမိ
လျှောက်လှမ်းရမယ့် ခရီးမှာ ပူးပေါင်းပါဝင်သူ မိတ်ဆွေတွေ တိုးပွား
အောင် အခြားလူတွေနှင့် ဆက်သွယ်ရပါမယ်။ ဆက်ဆံရပါမယ်။

ဒီဆက်သွယ်ရေးကို အခြေခံကျကျ ချိတ်ဆတ်နိုင်ဖို့
Dexter Yager* ရဲ့ FORM ဝင်နည်းကို မျှဝေပေးပါမယ်။
Screenshot_2018_0506_082241.png
F - Family: မိသားစု အကြောင်း သိရအောင် လေ့လာပါ။
မေးမြန်းပါ။ ကိုယ်ရေးကိုယ်တာမှ အပ မိသားစု အနေအထား
မေးမြန်းခြင်းကို မိတ်ဆွေတွေက သဘောကျမှာပါ။ သူတို့တွေရဲ့
ရင်းနီးမှုကိုလည်း ပိုရစေပါတယ်။

O - Occupation: အလုပ်အကိုင်၊ စီးပွားရေး ဘာတွေ လုပ်
သလဲ ဆိုတာ မေးမြန်းပါ။ ဝင်ငွေ ဘယ်လောက် ရရှိလဲ...တတ်လမ်း
တွေရော ရှိရဲ့လား....တီးမိခေါက်မိ ရှိအောင် နွေးနွေးထွေးထွေး
မေးမြန်းတတ်ရပါမယ်။

R - Relax (or) Hobby: အားလပ်ချိန် လုံလောက်မှု ရှိလား။
အပန်းဖြေ အနားယူဖို့ အချိန်ပေးဖြစ်လား။ ဘာတွေ လုပ်ဆောင်နေ
ရတာ ဝါသနာ ပါလဲ။ ဝါသနာအရ ဆောင်ရွက်နေတာတွေ ရှိလား။
ရင်းနီးမှု ရှိစွာ မေးမြန်းတတ်ရပါမယ်။ အခြားလူတစ်ဦးဟာ မိမိနှင့်
ဝါသနာ တူရင် ပေါင်းသင်းဆက်ဆံရတာ ပိုမို ချောမွေ့ပါတယ်။

M - Message: သတင်းအချက်အလက် ပေးပါ။ အတွေ့အကြုံ
ကောင်း၊ အကြံဉာဏ်ကောင်းတွေကို မျှဝေပေးပါ။ မိမိ မိတ်ဆွေရဲ့
အကြောင်း၊ အချက်အလက်တွေကို သိရပြီး သကာလ သူတို့တွေ
လိုအပ်မယ့် အကူအညီတွေကို ပေးတတ်ဖို့ လိုပါတယ်။

ဟုတ်ပါတယ်။ အထက်ပါ FORM ဝင်နည်း အတိုင်းသာ မိတ်ဆွေ
တို့ လိုက်နာ ကျင့်သုံးခဲ့မယ် ဆိုရင် အပေါင်းအသင်းတွေလည်း
တိုးပွားလာမယ်။ ပေါင်းသင်းဆက်ဆံရေးလည်း ပိုမို ပြေပြစ်လာမယ်။
မိမိမိတ်ဆွေတို့၏ ယုံကြည်မှုလည်း ပိုမို ရရှိလာပြီး အောင်မြင်ပြည့်စုံ
ငေါ ဘဝသို့ သွားရာလမ်းမှာ ချောမွေ့သာယာနိုင်ပေလိမ့်မည်။

ဆက်ရန်...
(မှတ်ချက်။ ။ To Be Perfect Life အပိုင်းဆက် အောင်မြင်ရေး
လမ်းစဉ်များကို ကျွန်တော်၏ Facebook Page ဖြစ်သော
Hein Khant Maung Perfect Life တွင် လွန်ခဲ့သော
သုံးနှစ်ခန့်က Power Point ကို Photo ရိုက်ယူ၍ တင်ခဲ့ဖူး
ပါသည်။ [Page Link မှာ https://www.facebook.com/heinkhantmaung.tinaungsoe/]

မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ အောင်မြင် ပျော်ရွှင်ကြပါစေ။
With Kindness,
billionairehein@billionairehein
MSC -193
Hein Khant Maung ပြုစုရေးသားခဲ့သည်။

To Be Perfect Life (3) | Ecency