To Be Perfect Life (1)

Words
464
Reading
3 min
Listen
Play
8y

မင်္ဂလာပါ အောင်မြင်ချင်သူ မိတ်ဆွေတို့ရေ...
ဒီနေ့ ပြီးပြည့်စုံသောဘဝ အပိုင်း (၁) ကို ဆက်ပါမယ်။

The Way To The Perfect Life

အောင်မြင်ပြည့်စုံသောဘဝ သို့ ရောက်အောင် ဘယ်လို သွားကြ
မလဲ။ ရိုးရှင်းသောလမ်းကြောင်းတစ်ခုကို ချပြပါမယ်။
ကျွန်တော်တို့တွေဟာ ပြည့်စုံသောဘဝ ကို ရရှိရောက်ရှိဖို့
ပထမဦးစွာ စိတ်ကူးအိပ်မက် မက်ရပါမယ်။ ကျွန်တော်တို့
ဖြစ်ချင်ရချင်တဲ့ စိတ်ကူးအိပ်မက်တွေကို ခြံရံပြီး အပြုသဘော
ဆောင်တဲ့ သဘောထားတွေ ပြောင်းလဲမွေးမြူ ရပါမယ်။ ယုံကြည်မှု
အပြည့် ထားရှိရပါမယ်။ ကတိကဝတ် ထားရှိရပါမယ်။
ဒီမှာ Dream ကို Attitude, Belief and Commitment
(ABC) တို့ဖြင့် ခြံရံတည်ဆောက်ပြီးသကာလ System
လမ်းကြောင်းအတိုင်း လျှောက်လှမ်းရပါမယ်။
Screenshot_2018-04-26-12-41-01.png
System ဆိုတာက...
Learn - လေ့လာသင်ယူမယ်။ Practice - လေ့ကျင့်မယ်။
Action - လုပ်ဆောင်မယ်။ ဘာတွေကို သင်ယူ၊ လေ့ကျင့်၊
လုပ်ဆောင်ရမှာလဲ။ ကျွန်တော်တို့ သွားမည့် လမ်းကြောင်းမှာ
လိုအပ်မည့် Knowledge - ဗဟုသုတတွေ၊ Technology-
နည်းပညာတွေ ၊ စည်းမျဉ်းစည်းကမ်းတွေ၊ လူမှုဆက်ဆံရေးတွေ
စသည့်ဖြင့်ပေါ့။

စိတ်ကူးအိပ်မက်
Screenshot_2018-04-26-12-40-14.png
မိတ်ဆွေတို့ဟာ ဘဝမှာ ဘာတွေကို လုပ်ကိုင်နေချင်တယ်၊
ဘာတွေကို ရယူပိုင်ဆိုင်လိုချင်တယ်၊ ဘယ်လို အဆင့်အတန်းမျိုးမှာ
နေချင်တယ်
ဆိုတာကို (ပြောင်းလွယ်ပြင်လွယ် မဟုတ်သော)
မျှော်မှန်းချက် စိတ်ကူးအိပ်မက် ရှိရပါမယ်။ ပြောင်းလွယ်ပြင်လွယ်
မဟုတ်သော ဆိုတာက တစ်နေ့တစ်မျိုး၊ ဟိုဟာ ဖြစ်ချင်လိုက်၊
ဒီဟာ ဖြစ်ချင်လိုက် ပြောင်းလဲ မနေရဘူးဟု ဆိုတာပါ။ လရှည်
နှစ်ချီ မြင်မက်ရမည့် စိတ်ကူးအိပ်မက် ဖြစ်ရပါမယ်။ နောက်ပြီး
စိတ်ကူးအိပ်မက်တွေဟာ ကြီးမားထင်ရှားဖို့လည်း လိုပါတယ်။
ကြီးမားသော အိပ်မက်တွေကသာ ပန်းတိုင်ကို ရောက်ရှိမှာ ဖြစ်
ပါတယ်။ မိတ်ဆွေတို့ရဲ့ စိတ်ကူးအိပ်မက်တွေကို ကြာရှည် မြင်မက်
နိုင်ဖို့ ၊ တူညီသော အိပ်မက်တွေ ဖြစ်ဖို့၊ အမြဲ အမှတ်ရနေဖို့
စာရွက်ပေါ်မှာ ချရေးထားရပါမယ်။
Screenshot_2018-04-26-12-40-38.png
ခရီးအဆုံးကို ရောက်ချင်လျှင် ခရီးအဆုံးကို မြင်တတ်ဖို့ လိုသည်။
တဲ့။ မိတ်ဆွေတို့ရဲ့ စိတ်ကူးအိပ်မက်တွေ အမှန်တကယ် ဖြစ်လာဖို့
ဆိုရင် *Dream Board ရေးဆွဲရပါမယ်။ Dream Board
ဆိုတာက မိမိစိတ်ကူးအိပ်မက်တွေ တစ်ကယ် ဖြစ်လာတဲ့အခါ
မိမိ ပိုင်ဆိုင်လိုသော အရာတွေရဲ့ ပုံတွေ ( ဥပမာ။ ။မိမိ ပိုင်ဆိုင်လို
သော ကား၊ နေထိုင်ချင်သော တိုက်တာခြံဝင်း) ၊ မိမိ ပြုမူနေချင်သော
Life Style စသည်တို့ကို ကိုယ်တိုင် ပန်ချီ ဆွဲခြင်းဖြင့် လည်း
ကောင်း၊ ဖြတ်၊ညှပ်၊ ကပ် ပုံဖြင့် သော်လည်းကောင်း ဖန်တီးထားရ
မယ့် ကားချပ်ကို ဆိုပါတယ်။ Dream Board ကို မိမိ
မကြာခဏ မြင်တွေ့နိုင်သော အိပ်ခန်းနံရံတွင် လည်းကောင်း၊
မိမိ အသုံးပြုသော ဖုန်း၊ကွန်ပျူ တာ Wallpaper အဖြစ် လည်း
ကောင်း ထားရှိရပါမယ်။
Screenshot_2018-04-26-18-34-08.png
Autosuggestion

Autosuggestion ဆိုတာ မိမိ လိုချင်၊ ရချင်၊ ဖြစ်မြောက်ချင်
တာတွေကို တကယ်ပိုင်ဆိုင်ရဖို့ မိမိကိုယ်ကို နှိုးဆော်ခြင်း၊
တိုက်တွန်းခြင်း (သို့မဟုတ်) မိမိ၏ အတွင်းစိတ်(မသိစိတ်) အား
လှုံ့ဆော်ခြင်း၊ ခိုင်းစေခြင်းကို ဆိုပါတယ်။ တနည်း မိမိ ရယူလိုချင်
တာတွေကို စကြဝဠာကြီးထံမှ တောင်းဆိုခြင်း လည်း မည်ပါတယ်။
Autosuggestion မလုပ်ခင်မှာ ကိုယ်ရောစိတ်ပါ
ဖြေလျော့ခြင်း၊ ဝင်လေထွက်လေ ရှုမှတ်ခြင်း စသည်တို့ကို ပြုကျင်
လျှင် ပိုကောင်းပါတယ်။
Autosuggestion ပြီးမြောက်အောင်မြင်ဖို့ရန်မှာ...
၁. မိမိ ဘာဖြစ်ချင်၊ ရယူလိုချင်တာတွေကို တိတိကျကျ သိပြီး
ဖြစ်ရမယ်။
၂. မိမိကိုယ်မိမိ စိတ်ချယုံကြည်သူ ဖြစ်ရပါမယ်။
၃. ကျန်းမာရေး ကောင်းမွန်၍ စိတ်အားထက်သန်မှု ရှိရပါမယ်။
၎. မိမိ အလိုရှိရာကို ရရန်အတွက် လုပ်ဆောင်သင့်သည်တို့ကို
ဇွဲ၊ လုံ့လ၊ ဝီရိယ တို့ဖြင့် ကြိုးစား ဆောင်ရွက်ရပါမယ်။
၅. အနည်းဆုံး ၂၁ ကြိမ်၊ ၂၁ ရက်မှ ရက် ၁၀၀ အထိ လုပ်ဆောင်
ရပါမယ်။ နှစ်ချီ၍ လုပ်နိုင်ရင် ပိုကောင်းပါမယ်။
ဒီမှာတော့ မိတ်ဆွေတို့ ချရေးထားတဲ့ Dream List တွေကို
မနက် အိပ်ရာထချိန်နှင့် ည အိပ်ရာဝင်ချိန်တွင် နေ့စဉ်ပုံမှန် ရွတ်ဆို
ရပါမယ်။

Imagination

မိမိ ရယူပိုင်ဆိုင်ချင်တာတွေ ရယူပိုင်ဆိုင်နေပုံ၊ မိမိ လုပ်ကိုင်
ဆောင်ရွက်ချင်တာတွေ လုပ်ကိုင်ဆောင်ရွက်နေပုံ၊ မိမိ ဖြစ်ချင်တာ
တွေ ဖြစ်မြောက်နေပုံတွေကို မိမိရဲ့ အမြင်အာရုံမှာ ထင်လင်းစွာ၊
တိတိကိကျ မြင်ယောင်နိုင်စွမ်း၊ ဖန်တီး ပုံဖော်နိုင်စွမ်း ရရှိအောင်
စိတ်ကူးပုံဖော်ခြင်းဟာ Imagination ပါပဲ။
အောင်မြင်ချင်သူ တစ်ဦးဟာ မိမိရဲ့ အိပ်မက်ပန်းတိုင်ကို ရှင်းရှင်း
လင်းလင်း မြင်နိုင်စွမ်း ရှိရင် အောင်မြင်ဖို့ လမ်းစ တွေ့ပါပြီ။
ဒီမှာတော့ မိတ်ဆွေတို့ ဖန်တီးထားတဲ့ Dream Board ကို
(အထူးသဖြင့်) မနက် တစ်ကြိမ်၊ ည တစ်ကြိမ် ငါးမိနစ်လောက်
ကြည့်ရှုပေးရပါမယ်။ မျက်စိ မှိတ်ပြီး အမြင်အာရုံမှာ ရှင်းလင်းစွာ
စွဲထင်နေအောင် ပြုကျင့်ရမှာပါ။ နောက်ထပ် မိတ်ဆွေတို့ရဲ့ စိတ်ကူး
အိပ်မက် အတိုင်း အလိုရှိတာတွေ ရယူပိုင်ဆိုင်နေပုံ၊ လုပ်ကိုင်
ဆောင်ရွက်နေပုံတွေကို ရုပ်ရှင်အလား မြင်နိုင်စွမ်း ရှိအောင် ပုံဖော်
ကြည့်မြင်ပေးရပါမယ်။
တချို့ကတော့ ဒီနည်းလမ်းတွေကို စိတ်ကူးယဉ် ဆန်တယ်လို့
ထင်ကြပါတယ်။ အလုပ်မပါဘဲ မဖြစ်နိုင်ဘူးဟုလည်း ဆိုကြပါတယ်။
မှန်ပါတယ်။ Action မပါဘဲ ဘယ်အရာမှ ဖြစ်မြောက်ဖို့ မလွယ်
ပါဘူး။
တကယ်တော့ Autosuggestion ရွတ်ဆိုမှု ပြုပြီးတာနဲ့
Imagination စိတ်ကူးပုံဖော်ခြင်းကို တဆက်တည်း ကျင့်ကြံ
ရမှာပါ။ ဒါတွေကို ဆောင်ရွက်နေစဉ်မှာ မိမိ၏ စိတ်ခံစားချက်ကလည်း
တကယ်ဖြစ်နေသည့်အလား ဝမ်းမြောက်ဝမ်းသာ ကြည်နူးနေရမှာပါ။
ဒီကျင့်စဉ်များ မအောင်မြင်ရခြင်းက ယုံကြည်မှု နည်းပါးတာတွေ၊
သံသယအတွေးတွေက မိမိ ဖြစ်ချင်တာနှင့် ဆန့်ကျင်ဘက်ကို
ပြန်လည်ဆွဲခေါ်သွားလို့ပါ။ ဒါကြောင့် မိတ်ဆွေတို့ အနေဖြင့်
ယုံယုံကြည်ကြည် စိတ်ပါလက်ပါဖြင့် တကယ်ခံစားပြီး ကျင့်ကြံ
အားထုတ်ကြဖို့ တိုက်တွန်းပြောကြားချင်ပါတယ်။
ဆက်ရန်...
(မှတ်ချက်။ ။ To Be Perfect Life အပိုင်းဆက် အောင်မြင်ရေး
လမ်းစဉ်များကို ကျွန်တော်၏ Facebook Page ဖြစ်သော
Hein Khant Maung Perfect Life တွင် လွန်ခဲ့သော
သုံးနှစ်ခန့်က Power Point ကို Photo ရိုက်ယူ၍ တင်ခဲ့ဖူး
ပါသည်။ Page Link မှာ https://www.facebook.com/heinkhantmaung.tinaungsoe/ )
Screenshot_2018-04-22-08-01-42.png
မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ အောင်မြင် ပျော်ရွှင်ကြပါစေ။
With Kindness,
billionairehein@billionairehein
MSC -193
Hein Khant Maung ပြုစုရေးသားခဲ့သည်။

To Be Perfect Life (1) | Ecency