သံချေးတတ် ဓားတစ်လက်

Words
52
Reading
1 min
Listen
Play
8y

... မင်္ဂလာပါ...
orca-image-164888108.jpeg_1537143499407.jpeg

သံချေးတတ် ဓားတစ်လက်

ကျွန်တော်ဟာ ဓားကောင်းတစ်လက်ပါ
တစ်ချိန်တုန်းကပေါ့...
ကျွန်တော့်ဝန် ကျွန်တော့်အားနဲ့
ပိုင်းဖြတ်စရာတွေကို ထိရှတိပြတ်ခဲ့တာပဲ
တစ်ချက်ဆိုတစ်ချက် တာသွားခဲ့တာပဲ
မပြတ်မသား ဆိုတာ
ကျွန်တော့်အဘိဓာန်မှာ မရှိခဲ့ဘူး
အလုပ်တစ်ခုခု ပြီးတိုင်းလည်း...
သွေးသွေးပေးနေခဲ့တာလေ
တစ်နေ့မှာတော့...
တောကြီးမျက်မည်း တစ်နေရာမှာ အထီးကျန်ခဲ့ရတယ်
လေဒဏ်မိုးဒဏ်တွေ ခံရင်း
ရွှံ့ပေခဲ့ရတယ်
ဒီလိုနဲ့...
အချိန်တွေ ကြာလာတော့
လူတစ်ယောက်က တွေ့သွားခဲ့တယ်
ကျွန်တော် ပျော်ခဲ့ပါတယ်လေ
ကျွန်တော့်ဘဝ တောက်ပထက်မြတော့မယ်ပေါ့
ဒါပေမယ့်ဗျာ...
သံတိုသံစဝယ်တဲ့ဆီ ရောင်းမယ်တဲ့
ကျွန်တော် ဘယ်လို ပြောတတ်နိုင်မလဲ
ကျွန်တော်ဟာ...
သံချေးတတ်နေတဲ့ ဓားကောင်းတစ်လက်ရယ်ပါ။ ။

............ Hein Khant Maung ............
orca-image-1529224864173.jpg_1529224864253.jpeg

billionairehein@billionairehein

သံချေးတတ် ဓားတစ်လက် | Ecency