... မင်္ဂလာပါ ...
အဆင့်(၅) အလျှံပါယ်ပေါကြွယ်ဝခြင်း ရဲ့ အများစု
တအံ့အသြ ဖြစ်စေတဲ့ အဆင့်
အလိုအလျောက် ထင်ရှား ဖြစ်ပေါ်စေဖို့ သင့်ကံကြမ္မာကို
ပြန်လည် ချိန်ညှိပုံ
အိုကေ၊ နောက်ဆုံးအဆင့်...
ထိုအရာမှာ သင့်ရဲ့ အစစ်အမှန် အကောင်အထည်
ဖြစ်လာစေဖို့ သင့် ကံကြမ္မာကို သင် ပြန်လည် ချိန်ညှိဖို့
ရှိတဲ့ အရာဖြစ်တယ်။
အဲဒါက ပထမတော့ ပရိယာယ်ဖြင့် ဆန့်ကျင်ဘက် အဓိပ္ပါယ်
ထွက်အောင် ပြောဆိုသည့် စကားလို့ ထင်မြင်စရာ
ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ထိုကြောင့် ရှင်းပြ ပါရစေ။
လူအများစုက သူတို့ကံကြမ္မာကို လုပ်ဆောင် နေထိုင်ခြင်း
မရှိကြဘူး။
ဒီအရာကို ဆင်ခြင်ထောက်ချင့်ကြည့်ပါ။
*ရုန်းကန်လှုပ်ရှားဖို့ ဒီကမ္ဘာမှာ သင်ထုတ်လွှတ်ခဲ့တာကို
သင် တကယ် မစဉ်းစား မတွေးမြင်ပါဘူး၊ မှန်ပါသလား။
*ဘဝ၌ သင့်ရဲ့မျှော်မှန်းရည်ရွယ်ချက်က ပိုကောင်းဖို့
သင့် အဆက်မပြတ် ဆန္ဒပြု၊ စိတ်ကူး အိပ်မက်သော
ငြီးငွေ့ဖွယ်ကောင်းပြီး၊ စေ့ဆော်မှုများ ရှိမနေတဲ့ ဘဝ
တစ်ခု လုပ်ဆောင်နေထိုင်ရန် ဖြစ်တယ်ဆိုတာ သင်
တကယ် မယုံကြည်ပါဘူး၊ ထိုအရာကို ဘယ်တော့မှ
တကယ် မရခဲ့ဘူးမလား။
*ဘာမှ မရှိတဲ့ ဘဝတစ်ခုဟာ သင့်ကံကြမ္မာဆိုတာ
သင် တကယ် မယုံကြည်ပါဘူး၊ မှန်တယ်မို့လား။
ခု သင်ဟာ သဘာဝအရကို အဆိုးမြင်ဝါဒီ တစ်ဦး
ဆိုတဲ့နောက် သင့်ကို ကျွန်မ ကူညီနိုင်မှာ မဟုတ်ဘူး။
အမှန်ပင်၊ ကျွန်မ ကြိုးစားလို့ပင် မရပါဘူး၊ သင်
မြင်းတစ်ကောင်ကို ရေဆီသို့ ဦးဆောင် ခေါ်သွားနိုင်တယ်
ဆိုပေမယ့် ရေတိုက်လို့ မရဆိုသလို စသဖြင့်ပေါ့။
ဒါပေမယ့်၊ သင့်ကံကြမ္မာဟာ အံ့သြဖွယ်ရာ ဘဝ တစ်ခုမှာ
ရှင်သန်နေထိုင်ဖို့ ဖြစ်တယ်လို့ ကျွန်မ ပြောတာ သင်
လက်ခံသဘောတူရင် …
… အဲဒီနောက် အဲဒါနဲ့ သင့်ကို ကျွန်မ ကူညီနိုင်ပါတယ်။
ပြီးတော့ ထိုအရာအားလုံးက တစ်ခုသော အရာ အဖြစ်
ဆင်းသက်လာတယ် =
ထိုအရာ သင့် စိတ်ကူးပုံဖော်ခြင်း ထဲမှာ သာ မဟုတ်၊
အစစ်အမှန် အကောင်အထည်ထဲမှာ ထင်ရှား ဖြစ်ပေါ်
စေဖို့ရာ သင့်ကံကြမ္မာကို ‘ပြန်လည်ချိန်ညှိ ယူခြင်း’
အင်ဂျင်တစ်ခု ညက်ညောစွာ လည်ပတ်စေဖို့ ကားတစ်စီးကို
စက်ပြင်ဆရာဆီ ပို့ဆောင်ပြင်ဆင်လိုက် သလိုမျိုး၊
ထိုကြောင့် အရာရာတိုင်းက အလွန်ချောမွေ့ ကောင်းမွန်
သွားမယ် …
…ဒီအဆင့်က သင့်အိပ်မက်များကို ဆောင်ယူပြီး တော့၊
‘အိပ်မက်ဓါးစာခံဘဝ’မှ နေ့စဉ်နေ့တိုင်း အစစ် အမှန်
အဖြစ်သို့ အမြန်လှုပ်ရှား ခုန်ကူးဖို့ ‘ပြီးပြည့်စုံတဲ့ ခံစား
လှုပ်ရှားမှု အမြင့်ဆုံး အဆင့်’ မှာ အရာရာတိုင်း တုန်ခါစေဖို့
သူတို့ကို ချိန်ညှိပေးမယ်။
ဒါကြောင့် ဒီမှာ ထိုအရာက သင့်ရဲ့ အစစ်အမှန် အကောင်
အထည် ဖြစ်လာစေဖို့ သင့် ကံကြမ္မာကို ဘယ်လို ဘယ်ပုံ
ပြန်လည်ချိန်ညှိပုံ …
ကြိုးကြိုးစားစား လုပ်တာနှင့် ‘ရုန်းကန်လှုပ်ရှား’ တာက
(သူများထက်ပိုရုံ) တိုးတက်မှုရှိစေဖို့ နည်းလမ်း ဆိုတဲ့
စိတ်ကူးအယူအဆ ယုံကြည်ချက်ကို စွန့်လွှတ် လိုက်ပါ။
ကျွန်မတို့ရဲ့ ရိုးရာယဉ်ကျေးမှုမှာ အခွင့်အလမ်း ဆိုတာက
ခက်ခက်ခဲခဲ ကြိုးကြိုးစားစား လုပ်သလို အမြောက်
အများလို့ ထင်ရတာကို ယုံကြည်ဖို့ ကျွန်မတို့ ကျင့်သားရ
ခဲ့တယ် …
ဒါပေမယ့် ထိုအရာက မဟုတ်ပါဘူး။
ဆက်ရန်.....
Original Ebook ... Manifestation Primer
www.manifestationmiracle.com
Original Author ... Heather Matthews
Translated by Hein Khant Maung
MSC - 193
@billionairehein