Change Your Life by Goal Setting

Words
211
Reading
1 min
Listen
Play
8y

.... မင်္ဂလာပါ မိတ်ဆွေတို့ရေ...
orca-image-1224239784.jpeg_1537840944393.jpeg

မိတ်ဆွေတို့ ဘဝမှာ ပိုမိုကောင်းမွန်တာတွေ၊
ချမ်းသာကြွယ်ဝမှု နှင့် အောင်မြင်မှုကို ရရှိစေရန်မှာ
ရည်မှန်းချက်ပန်းတိုင် ချမှတ်ခြင်းသည် ပထမအရေးကြီး
လိုအပ်ချက်တစ်ခု ဖြစ်ကြောင်း ပြောပြလိုပါတယ်။

လူအများစု သူတို့လိုချင်ကြတာကို
မရရှိရခြင်း၏ နံပါတ်တစ် အကြောင်းပြချက်က
သူတို့လိုချင်ကြတာကို သူတို့ မသိကြတာပဲ။

Screenshot_2018_0922_130822.png

ဟုတ်ပါတယ်...
မိတ်ဆွေတို့မှာ ရှင်းလင်းပြတ်သားတဲ့ ရည်ရွယ်ချက် ပန်းတိုင်သာရှိခဲ့မယ်ဆို မဖြစ်နိုင်ဘူး မရနိုင်ဘူး မလုပ်နိုင်ဘူး
ဆိုတဲ့ အပျက်သဘောထားတွေ ဝင်ရောက်လာမှာ
မဟုတ်ပါဘူး။ မိတ်ဆွေတို့သည် မိမိတို့ ဘာဖြစ်ချင်၊ ရချင် ဆိုတာကို ရှင်းရှင်းလင်းလင်းသာ သိမြင်၊ ချမှတ်ထားတာမျိုး
မရှိဘူး ဆိုရင် ဘယ်ကစပြီး ဘာလုပ်ရမယ် ဆိုတာကို
တိတိကျကျ လေ့လာသိရှိမှာ မဟုတ်သလို လက်တွေ့
အကောင်အထည်ဖော် ကြိုးစား လုပ်ယူဖြစ်မှာလည်း
မဝုတ်ပါဘူး။
ဒါကြောင့် မိမိတို့ ဘာလိုအပ်တယ်၊ ဘာဖြစ်ချင်တယ်
ဆိုတာကို တိတိကျကျ ပန်းတိုင်ချမှတ်ပါ။ လိုအပ်မယ့်
နည်းနာတွေ လေ့လာပါ။ ရှင်းလင်းတဲ့အမြင်နဲ့ရှေ့ဆက်ပါ။
အစွမ်းရှိသမျှ လုပ်ဆောင်ပါ ဟု ပထမဆုံး တိုက်တွန်း
ပြောကြားလိုပါတယ်။

ဘာကြောင့်ပါလဲ ဆိုတော့ကာ...
လောကမှာ ဘယ်တော့မှ မမှားနိုင်တဲ့ အမှန်တရားတစ်ခုက
ရည်ရွယ်ချက်ပန်းတိုင် တိတိကျကျ ရှိတဲ့လူတွေ၊
ဦးတည်ချက်ကောင်းကောင်း ရှိတဲ့လူတွေကသာ
အောင်မြင်မှု လမ်းခရီးကို ပိုပြီးမြန်မြန်သွားနိုင်တယ်။ပိုပြီးဝေးဝေးရောက်တယ်။ ပြီးတော့ သူတို့ဘဝမှာ ကိစ္စတော်တော်များများကိုလည်း ပြီးမြောက်ကြတာကြောင့်
ဖြစ်ပါတယ်။

နောက်တစ်ဆင့် ပြောချင်တာကတော့....
မိတ်ဆွေတို့၏ ရည်ရွယ်ချက်ပန်းတိုင်ဟာ လွယ်ကူလွန်း၊
သေးကွေးလွန်းရင်လည်း အလဟသ ဖြစ်တတ်ပါတယ်။
ပန်းတိုင်ဆိုတာက...
သင့်ကို စိန်ခေါ်စေတဲ့အရာ မဟုတ်ရင်
သင့်ကို ပြောင်းလဲစေမယ့်အရာလည်း မဟုတ်ဘူး။

ဒါကြောင့် ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ပန်းတိုင်
ကြီးကြီး ချမှတ်စေလိုပါတယ်။
မိတ်ဆွေတို့ ရင်ခုန်လှုပ်ရှား ရဲရင့်ယှဉ်ပြိုင် ရင်ဆိုင်အန်တု
ရမည့် အရာတွေ
လုပ်ဆောင်ကြပါ။ ထိုအရာတွေနဲ့အတူ အောင်မြင်ပျော်ရွှင်မှု ကပ်ပါလာပါမယ် ဟုလည်း မျှဝေချင်
ပါတယ်။
Screenshot_2018_0922_131015.png

ထို့ကြောင့် မိတ်ဆွေတို့ အနေဖြင့်
*မိမိတို့၏ ဘဝကို တိုးတတ်ပြောင်းလဲစေနိုင်မယ့်
ဆုံးဖြတ်ချက်တစ်ခု အမြန်ဆုံးချမှတ်လိုက်ပါ။
မိမိတို့ ဘာတွေကို ဝါသနာပါပါသလဲ။
မိမိတို့ ဝါသနာဖြင့် ဘဝကိုအောင်မြင်ပျော်ရွှင်အောင်
လုပ်လို့ရပါသလား။ ဝါသနာပါရာကို လုပ်ရင်
ပိုမို အောင်မြင်စေတတ်ပါတယ်။ ဘယ်အရာကို လုပ်ရင်ဖြင့်
မိမိတို့ဘဝ ပိုမိုတိုးတတ်ဖွံ့ဖြိုးစေမလဲ။
စဉ်းစားဆုံးဖြတ်ပြီး ပန်းတိုင်တစ်ခု သတ်မှတ်ပါ။
ပန်းတိုင်ကို ဘယ်လိုရောက်အောင် သွားမလဲ ဆိုတာကို
အစီအစဉ် သေချာဆွဲပါ ဟု သတိပေး ပြောကြားလိုပါတယ်။

နောက်ဆုံးအနေဖြင့် ပြောကြားလိုသည်မှာ...
မိတ်ဆွေတို့ ချမှတ်ထားသော ရည်ရွယ်ချက်ပန်းတိုင်ကို
ဘယ်လို ကြိုးစား ကျင့်ဆောင်မယ်၊ ဘယ်အချိန်မှာ
ရရမယ် ဆိုတာကို ကတိကဝတ်ပြု သံဓိဋ္ဌာန် ချမှတ်
ဆောင်ရွက်ကြရပါမယ်။ အဘယ်ကြောင့်ဆိုသော်
သံဓိဋ္ဌာန် ချမှတ်ထားသောသူက ဖြစ်ပေါ်လာအောင် လုပ်ဆောင်တယ်။ စိတ်ဝင်စားသောသူက
သံဓိဋ္ဌာန်ချထားသူတွေ ဘာဖြစ်လာမလဲဆိုတာကိုပဲ
စောင့်ကြည့်နေတတ်တယ်။ ဘာမှလည်း လက်တွေ့
လုပ်ဆောင်တာ မရှိ၍ ဘာမှ မရတတ်တာကြောင့်ပါ။

သို့ဖြစ်ပါ၍ မိတ်ဆွေတို့သည်...
ကောင်းမြတ်ခြင်းအရာတွေ ဖြစ်ပေါ်ရလာဖို့
စိတ်ဝင်စားရုံလူစားလား?
ရည်ရွယ်ချက်ပန်းတိုင် ချမှတ်ပြီး သံဓိဌာန်ချထားသူလား?

ဟု မေးခွန်းထုတ်လိုက်ရပါတော့တယ်။

........... Hein Khant Maung ..........
orca-image-1529224864173.jpg_1529224864253.jpeg

MSC - 193
billionairehein@billionairehein

Change Your Life by Goal Setting | Ecency