ဆရာ ၁

becan(50)
Published in
#steemit
Words
91
Reading
1 min
Listen
Play
8y

ကိုယ်နှုတ်နှလုံး သုံးပါးစလုံး လိမ္မာ ယဉ်ကျေးကာ အမှုကိစ္စ တို့ ကိုလည်း နည်းလမ်းတကျ ဆောင်ရွက်လိုလျှင်ဆရာတို့ ၏ သင်ကြားပြသမှုကို ခံယူရပေမည်။ ဆရာတို့ ၏ သင်ကြားပြသမှုကင်းလျှင်ကား " ဆရာ မပြ ငါးပိဖုတ်တောင်နည်း မကျ "ဟုသကဲ့ သို့ သေးငယ်သော ကိစ္စ ရပ်တို့ကိုပင် အောင်မြင်အောင် စွမ်းဆောင်နိုင်မည်မဟုတ်ချေ။ ထိုကြောင့်ဆရာတို့ ထံတွင် နည်းစနစ်တကျ သင်ကြားလေ့လာသင့်ပါသည်။ ဆရာဟုဆိုရာ၌ ကျောင်းဆရာသာမက တစ်စုံတစ်ခုသော အမှုကိစ္စကို နည်းလမ်းကျန မှန်ကန်စွာ ဆောင်ရွက်နိုင်စေရန် သင်ကြားပေးသူ အားလုံးကို ဆိုလိုပါသည်။

IMG_20180522_090128.jpg

အနန္တော အနန္တဂိုဏ်း ဝင်ဖြစ်သော ဆရာတို့သည် မည်သည် အရာကိုမျှ မသိသေးသော အနာဂတ်၏ သားကောင်းရတနာ များဖြစ်ကြသော ကျောင်းသားလူငယ် တို့အား အခြေခံအားဖြင့် သြဝါဒ ပေး သင်ကြားကြသည်။
ဆရာတို့ ၏ ဆိုဆုံးမသော စကားများအောက်မှ နာယူကျင့်သုံးလိုက်နာခြင်းဖြင့် ဆရာထက် တပည့် လက်စောင်းထက်သော တပည့်များအဖြစ်မလွဲမသွေ ရောက်ရှိ လာကြပေမည်။အချုပ်အားဖြင့် ဆရာဟူသည် လူသားတို့ ၏ လမ်းပြကြယ် ပဲ့ကိုင်ရှင်များ ဖြစ်သည့်အတွက် ဆရာတို့ ထံမှ သြဝါဒမျိုးစုံ နည်းလမးကျန မှန်ကန်စွာဖြင့် ပြသမှုကို ခံယူခြင်းဖြင့်သာ အောင်မြင်မှုကို ရှိမည်ဖြစ်ပါတော့သည်။

ဆရာ ၁ | Ecency