စေတနာအလှမြတ်ဒါန ၁

becan(50)
Published in
#steemit
Words
70
Reading
1 min
Listen
Play
8y

ရုပ်အဆင်းလှပသည်ကို မြင်သာသည်။ အတွင်းစိတ်လှသည်ကိုမူ မြင်ရန် မလွယ်ကူပေ။
စိတ်စေတနာကောင်း၏ အလှကား တိုက်ရိုက် တွေ့ရသော အလှမျိုး မဟုတ် မှဝေ ခံစားသိရှိ ရသော အလှဖြစ်သည်။ စေတနာ၏ မြင်သာသော ပြယုဂ်ဖြစ့်သည့် အလှူဒါနမှတစ်ဆင့် ခံစား သိမြင် ရပါသည်။ ထိုသို ခံစားသိမြင်ရသော အလှူဒါန၏ အလှသည် အသိမ်မွေ့ ဆုံး အလှတစ်ပါးဖြစ်ပါသည်။

IMG_20180522_090128.jpg
အလှူဟုဆိုလျှင် အလှူရှင် အလှူဝတ္တု အလှူခံ ပုဂိုလ် နှင့် စေတနာတို့ သည် ယှဉ်နွဲပါဝင်လာကြပါသည်။ ထို အလှူ၏ အင်္ဂါလးပါးတို့ သည် စင်ကြယ်မှုသည် မြတ်သော အလှူကို ဖြစ်စေသည်။ စေတနာစင်ကြယ်မှုတွင် စေတနာသုံးတန် အလုံးစုံစင်ကြယ်မှုသည် မွန်မြတ်သော ဒါနကိုလည်းဖြစ်စေသည်။ ညောင်စေ့လာက်လှူသော်လည်း ညောင်ပင်ကြီးလောက်ရသည်ဟူသော စကားသည် မွန်မြတ်သော ဒါန၏ အကျိုးဆက်ကို ပြသနေပါသည်။

စေတနာအလှမြတ်ဒါန ၁ | Ecency