မင်္ဂလာပါရှင့်။သာယာလှပပြီး ကျန်းမာ ပျော်ရွှင်ကြပါစေ။ဒီနေ့တော့ ကလေးနဲ့ဆော့ပေးရင် ယောက်သွားခွံ လေးတွေ ကောက်ပီးစုဖြစ်တယ်။ကလေးဆော့ဖို့ ပန်းလေးတွေလုပ်ရင်း ကိုယ်က စီစီရီလေးနဲ့ စိတ်ကူးလေးနဲ့ ပုံဖော်လိုက်။
ဘေးက ကလေးက ဖျက်လိုက်နဲ့ ဘာပုံမှ မယ်မယ်ရရ မရှိသေးဘူး။ နာမည်စကားလုံးလေးဖော် ပီးတဲ့ထိ တစ်ခါတော့ ဖျက်လိုက် ရလိုက်နဲ့ ရလိုက်သေးတယ်။ကလေးနဲ့ ဆော့တာဆိုတော့ အရမိ ပုံဖော်နိုင်တာ ကျေးဇူးတင်မိသေးတယ်။ကျွန်မတူ က အရမ်းအဆော့သန်လေး။သူမအိပ်လို့ ဒီနေ့ မအိပ်ရဘူး။ဘေးကနေ ဆော့ပေးရတာ။ကိုယ်ဆော့ သူဖျက်နဲ့ ဟုတ်နေတာပဲ။ ခုတော့ ပုံလေး ရသေးလို့ ကျေးဇူးတင်ရအုံးမယ်။
တူလေးနဲ့ တူတူ ကောက်တာ ခရုခွံတွေ တော်တော် များများ ရတယ်။ သူငြိမ်အောင်လို့ လေ သဲပုံကနေ ရှာ ကောက်ထားတာ။ခရုခွံလေးရတော့ ပုံဖော်ဖြစ်ပီး ရလိုက်တဲ့ ပုံလေးက ခရုခွံ 135ခု သုံးပီး နာမည်လေးရေး ဖြစ်သွားပီလေ။ ကြိုးစားပမ်းစား အတူတူဆော့ရင်း အဲ့ပုံတစ်ပုံရဖို့ ခဏဏ စီခဲ့ရ။ခုတော့ ရခဲ့ပီလေ။စိတ်တိုင်းကျမဟုတ်ပေမဲ့လည်းလေ။ အဲ့လိုလေးပဲရပေမဲ့ ကျေနပ်ပါတယ်လေ