မြန်မာအက္ခရာများ၏ ဖြစ်ပေါ်လာပုံအဆင့်ဆင့်ကိုလေ့လာကြည့်မည်ဆိုလျှင် ရှေးယခင်အိန္ဒိယတွင်သုံးခဲ့သော ဗြာဟ္မီ အက္ခရာမှတဆင့် ဆင်းသက်လာသည်ကိုတွေ့မြင်ရပါသည်။
ရှေးအကျဆုံးရှေးဟောင်း ပင်ရင်းအက္ခရာဖြစ်သော ဗြဟ္မီအက္ခရာမှာ ၇ရာစု ၈ရာစုလောက်ကပင်ပေါ်ထွန်းခဲ့သည်ဟု လေ့လာသိရှိခဲ့ရသည်။မြန်မာ့ အက္ခရာဖြစ်သော ပျု ၊ မွန် ၊ မြန်မာအက္ခရာတို့သည်လည်း ဗြဟ္မီအက္ခရာမှဆင်းသက်လာခြင်းဖြစ်သည်ဟုသိရှိရပါသည်။မြန်မာအက္ခရာများသည်ယခင်ကလေးထောင့်ဖြစ်ပြီးနောက်ပိုင်းတွင် အဝိုင်းသို့ပြောင်းလဲခဲ့သည်ဟုသိရှိရပါသည်။
မြန်မာ့အက္ခရာတွင် ဗျည်း ၃၃လုံး ၊ သရ ၂၂လုံး ၊ သင်ရိုးသရ ၁၂လုံး ဟူ၍ရှိပါသည်။ထို့ပြင် သရနှင့်အသတ်များ ၊ ဗျည်းတွဲများနှင့်သင်္ကေတများလည်းရှိပါသည်။ထို့ပြင် နှစ်လုံးဆင့်လည်းရှိပါသေးသည်။ နှစ်လုံးဆင့်အား လုံးတူနှစ်လုံဆင့် ၊ လုံးကွဲနှစ်လုံးဆင့် ၊ လုံးကွဲအထူးဆင့်များအပြင် အတိုကောက်ရေးနည်းများလည်းရှိပါသေးသည်
မြန်မာစာမြန်မာအက္ခရာသည်လေ့လာလျှင်လေ့လာသလောက်အထုးပင်ကျယ်ပြန့်လှပါသည်။အခုလိုတင်ပြခွင့်ရသည်အတွက်အထူးပင်ကျေးဇူးတင်ပါသည်။
ကိုးကားချက်--မြန်မာအဘိဓာန် အကျဉ်းချုပ်