ကတိ
မင်းမှာဂတိ လူမှာသစ္စာ ဆိုသည့်အတိုင်း ဂတိပေးပြီးလျှင် မိမိဂတိကို တည်အောင် ထိန်းသိမ်းသင့်ပေသည်။ကတိစကားသည် စာချုပ်ကဲ့သို့ခိုင်မာရသည်။ဂတိတည်သူတို့ကိုလူတို့သည်ယုံကြည်ကြသည်။ယုံကြည်စွာပင် ပစ္စည်းအပ်နှံခြင်းယုံကြည်ရသည့်ကိစ္စများကိုပြောဆိုခြင်းများပြုလုပ်ကြသည်။မိတ်ဆွေကောင်းကိုလည်းတိုးပွားစေသည်။ကြီးပွားချမ်းသာခြင်းကိုလည်းဖြစ်စေသည်။ထို့ကြောင့် လူအများ၏ယုံကြည်ခြင်းကိုရစေသောကြောင့် မိမိ၏နှုတ်ထွက်ဂတိအားကျောက်စာတိုင်ကဲ့သို့ခိုင်မြဲခြင်းသည်အကောင်းဆုံးပင်ဖြစ်ပါသည်။