Fire.

Words
28
Reading
1 min
Listen
Play
9y

မီး

သူခိုး ခိုးလျှင်တောင် ကျန်ပါသေးတယ် မီးလောင်ရင်တော့ ကုန်ပြောင်တာပါ မီးလောင်မြေတောင် ချက်ချင်း သုံးမရပါ မီးနဲ့ပတ်သတ်ပြီးဆောင်ရန်ရှောင်ရန်တွေ ကြေငြာသော်လည်း မလိုက်နာလျှင်အခြင်းနည်းပါ။

သင့်ကြောင့်မီးမလောင်ပါစေနဲ့

ထိုဆိုင်းဘုတ်ကို စာဖတ်တတ်သူတိုင်း တွေ့ကြမှာပါ သို့သော် သာမန်လျှံကာပင်နေကြပြီး ဂရုစိုက်မူလိုက်နာမှုအလွန်နည်းကြပါသည်။လှိုင်သာယာတွင်မီးလောင်ရာကျူးကျော်အိမ်တန်း ၁၀၀ကျော်ပြာကျသွားပါသည် တစ်အိမ်နဲ့တစ်အိမ် ပူးကပ်စွာရှိခြင်း ဝါး၊ဓနိများဖြင့် ဆောက်ထားခြင်းကြောင့်ပို၍မီးလောင်လွယ်ခြင်းဖြစ်သည်။ကျူးကျော်အိမ်များဖြစ်သဖြင့် တရားမဝင်ပေ။ထိုသူတို့၏ဘဝကိုကြည့်လျှင်အလွန်သနားဖို့ကောင်းပါသည်။
ထိုသူတို့မည့်သို့ဖြေရှင်းမည်နည်း။စားဝတ်နေရေး၊ရှေ့ရေးကိုမည်သို့ဖြေရှင်းကြမည်နည်းဟုတွေးမိလျှင် လွန်စွာပူပန်မိပါသည်။ထိုသူတို့အားကူညီကယ်တင်မည့်သူပေါ်ပေါက်လာပါစေဟုဆုတောင်းမိပါတယ်

ayenanda@ayenanda

Fire. | Ecency