Await

Words
21
Reading
1 min
Listen
Play
9y

စောင့်ဆိုင်းရခြင်း

လူတိုင်း ဘဝတွင် တစ်ကြိမ်မဆိုပင် စောင့်ဆိုင်းရခြင်းရှိမည်ဟုထင်ပါသည်။ကျွန်မသည် စောင့်ဆိုင်းရခြင်းကို အလွန်မုန်းပါသည်။

ချိန်းဆိုခြင်း၌စောင့်ဆိုင်းရခြင်း

   တစ်ဦးတစ်ယောက်နှင့်ချိန်းဆိုထားသောအချိန်တွင် မိမိသည်ချိန်းဆိုချိန်ထက်ငါးမိနစ် အလိုတွင်အမြဲကြိုရောက်နေသော်လည်း တဖက်လူမှာမူအနည်းဆုံး ၁၅မိနစ်လောက်နောက်ကျတက်ပါသည်။မည်မျှပင်သည်းခံစေကာမူအချည်းနှီးပင်ဖြစ်သည်။

အချိန်မတန် အခွင့်အခါမသင့်၍စောင့်ဆိုင်းရခြင်း

ကြီးပွားချမ်းသာခြင်း၏လမ်းစတွင်အချိန်အခါကိုစောင့်ဆိုင်းခြင်းသည်လည်း အပါအဝင်ဖြစ်သည်။စိတ်လိုက်မာန်ပါပြုလုပ်ခြင်းကြောင့်အခွင့်အလမ်းကောင်းကို လက်လွှတ်ဆုံးရှုံးရတက်လေသည်။

 ထို့ကြောင့်မိမိ၏အကျိုးစီးပွားအတွက် သည်းခံရမည့်အချိန်တွင်စောင့်ဆိုင်းသည်းခံသင့်ပေသည်။

ayenanda@ayenanda