myanmar steemit

Words
219
Reading
1 min
Listen
Play
8y

ထိုင်းကလေး ၁၃ ယောက်ကို
အားကျပြီး မြန်မာကလေး ၁၃ယောက်
ဂူတစ်ခုထဲ ဝင်သွားတယ်။

ဖြစ်ချင်တော့ ဂူထဲ စဝင်ကတည်းက
မိုးက သည်းကြီးမည်းကြီးရွာတော့
ထိုင်းကလေးငယ်တွေလိုပဲ ဂူထဲဆက်ပြေးတယ်။

ဂူက အတော်ရှည်တယ်ဗျ။
ဘယ်လောက်ထိရှည်သလည်းဆိုရင်
ရှမ်းပြည်နယ်က ဝင်လိုက်တာ ကချင်ပြည်နယ်အထိ
ပေါက်သတဲ့။

ကံဆိုးချင်တော့ သူတို့ ဂူထဲ စဝင်တုန်းက ထားခဲ့တဲ့
တရုတ်ဆိုင်ကယ်လေးတွေ တစ်စီးမှ မရှိတော့ဘူး။
အကုန် သူများခိုးသွားပြီ။

သူတို့ဝင်သွားတာလည်း အပေါက်ဝက ဂေါပကကြီးက
မတွေ့မိဘူးတဲ့။ ဘယ်တွေ့မလည်း။
ဖလားထဲက ပိုက်ဆံတွေရေနေလို့တဲ့။

မိဘတွေကလည်း ပြတ်သားတယ်။
( သေချင်းဆိုးလေးတွေ ပြန်မလာနဲ့ တစ်ယောက်စာ
သက်သာတယ် )တဲ့ အေးရော။

သူတို့လည်း ပြေးရင်းပြေးရင်းနဲ့ ကချင်ပြည်နယ်
ရောက်တဲ့အထိ ဘယ်သူမှ လိုက်မရှာတော့ ဖုန်းနဲ့
ဆက်သွယ်လိုက်တယ်။ အံမယ် ဖုန်းမိသဗျို့။
ဒါတော့ ထိုင်းထက်သာသွားပြီ။
မိမှာပေါ့ ရှိသမျှဖုန်းလိုင်းတာဝါတွေက
မုဆိုးမအိမ်က အိမ်သာတောင် အလွတ်မပေးပဲ
ပူးပြီး ထောင်ထားကြတာလေ။

( ဟယ်လို ဟယ်လို ကယ်ဆယ်ရေးကလား )လို့
ဆက်လိုက်တော့ ပြန်ထူးတယ်။
( ဝစ်သောက်ကားတွေ မောင်းမရလို့
ကိုယ့်ဖာသာကိုယ်ထွက်ခဲ့ အပေါက်ဝက
လာထမ်းခေါ်မယ် )တဲ့။

ဒါနဲ့ လွှတ်တော်ကို ထပ်ဆက်တယ်။
ဖုန်းမကိုင်ဘူး အိပ်နေပုံရတယ်။
ခဏနေတော့ အိပ်ချင်မူးတူးနဲ့ကိုင်တယ်။
( ကယ်ရန် သင့်မသင့် နောက်တစ်ပတ်လွှတ်တော်မှာ
ကြယ်ပွင့်ပြမေးခွန်း မေးပေးမယ် )တဲ့။

NLDကို ဆက်တော့ အားချင်းကိုင်တယ်။
ဘာမှမပြောရသေးဘူး။
( လာခေါ်မယ် .. ခဏစောင့် ) ဆိုပြီး
ကားနဲ့ထလိုက်ကြသတဲ့။
ခဏနေတော့ ဖုန်းပြန်ခေါ်တယ်။
( တနင်္သာရီတိုင်း ဘယ်နားလည်း )တဲ့။
ရောက်နေတာက ကချင်ပြည်နယ်။

ကြံ့ခိုင်ရေးကို ခေါ်တော့ ပိုဆိုး။
( မင်းတို့ဟာ ငါတို့ပါတီနဲ့ လုံးဝ မသက်ဆိုင်ကြောင်း
ဂူထဲမဝင်ခင်ကတည်းက ကြေငြာလိုက်ပြီ )တဲ့။
ထပ်ပြောသေးတယ်။
( နောက်ကြောင်းပြန်လှည့်မဲ့အစား ၂၀၂၀မှ
ငါတို့နဲ့ ပူးပေါင်းပါ )တဲ့။

မျိုးချစ်မိတ်ဆွေတွေကို ဖုန်းခေါ်လိုက်တော့
( ဒါ ဂူထဲကို ကုလားတွေ ရေသွယ်လိုက်တာ )ဆိုပြီး
ဗလီရှေ့ ဆန္ဒပြကြတယ်။

စိတ်ပျက်ပြီး
" ကယ်တော်မူကြပါဗျို့ " လို့
Status တင်လိုက်တယ်။
ချက်ချင်းပဲ 3K views နဲ့ Share 2K ဖြစ်ပြီး
အကြီးအကျယ် အဆဲခံရပါလေရော။

အကောင့်တွေD ဖုန်းတွေပိတ်ပြီး
မထူးဇာတ်ခင်းပြီး ဆက်လျှောက်နေတုန်း
တဒီးဒီးနဲ့ အသံကြားလို့ အားရဝမ်းသာပြေးကြည့်။

( ဟား ဂူဝရောက်ပြီဟ )ဆိုပြီးအထွက်

ဝေါ ဆို မြေကြီးတွေ ပြိုကျလာတယ်။

သူတို့ ၁၃ ယောက်လုံး မြေတွေပိပြီး
သေသွားကြတယ်။

ဒါပေမယ့် ယမမင်းကြီးနဲ့တွေ့တော့ သူတို့ဘေးမှာ
တခြား မြေပိသေတဲ့သူတွေ မနည်းဘူး။
ဇဝေဇဝါနဲ့ မေးတာပေါ့။ ( ခင်ဗျားတို့ရော ဂူထဲ
လာကယ်ရင်း သေတာလား )

ပြန်ဖြေကြတယ်။
( ငါတို့က ရေမဆေးသမားတွေ)တဲ့။

လက်စသတ်တော့ သူတို့က ဖားကန့်မြေစာပုံပြိုပြီး
သေတာကိုး။

သူတို့သေပြီး နှစ်အနည်းငယ်အကြာမှာ
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ စတိတ်ရှိုးတစ်ခု
အကြီးအကျယ်လုပ်တယ်။

လွန်ခဲ့သော နှစ်က ဂူထဲ ဝင်ရောက်ပြီး
ပျောက်ဆုံးသွားတဲ့ မြန်မာလူငယ် ၁၃ ယောက်ကို
ရှာဖွေရန် ရံပုံငွေဖျော်ဖြေရေးပွဲတော်ကြီးတဲ့။

တိန်။
crd
သီဟ