myanmar steemit

Words
88
Reading
1 min
Listen
Play
8y

ဘောင်မဲ့တဲ့မိန်းမ ...

သူမဟာ မိန်းကလေးလိုနွဲ့နှောင်းနေရမယ်ဆိုတဲ့ ဘောင်ထဲမှာမဝင်သလို ယောက်ကျားလေးလိုဆိုတဲ့ ဘောင်ကိုလည်း မရောက်ဘူး ... လိုအပ်တဲ့နေရာမှာ ရှက်တတ်တယ် ချစ်သူနဲ့တွေ့ရင် နူးညံလိုက်တယ် ... ရင်ဆိုင်ရမယ်ဆိုတဲ့အချိန် သတ္တိရှိတယ် ...

မိန်းကလေးမှန်ရင် အိမ်မှုကိစ္စ ထမင်းချက်ရမယ်ဆိုတဲ့ ဘောင်ထဲမှာလည်းမနေဘူး ... သူလုပ်ချင်တဲ့အချိန်လုပ်တယ် သူစားချင်တာရှိရင် ချက်စားလိုက်တယ် ... သူချက်ကျွေးချင်တာရှိရင် ချက်လိုက်တယ် ... ဒါပေမယ့် မိုးလင်းတာနဲ့ ဒါဝတ္တရားဆိုတဲ့ဘောင်ထဲ သူမ မရောက်ဘူး ...

အလှအပတွေဘယ်လိုပြင်တတ်ရမယ်ဆိုတဲ့ဘောင်ထဲလည်း သူမ မရှိဘူး ... အလှဆုံး မြန်မာဆန်ဆန်ဝတ်ချင်ဝတ်မယ် ဘောင်းဘီတိုနဲ့နေချင်နေမယ် ယောက်ျားလေးလိုလည်း ဝတ်ချင်ဝတ်မယ် ... သူ့စိတ်ခံစားချက်အတိုင်းပဲ ရာသီဥတုအတိုင်းပဲ ... ပူလောင်နေတဲ့နေရောင်အောက် ဘောင်တစ်ခုထဲမှာ မသက်သာတဲ့ပုံစံနဲ့ဝတ်နေရတဲ့သူတွေထက် သူမကလွတ်လပ်တယ် ...

မိန်းမဆိုတာ အိမ်ထောင်ကျပြီး လင်ယူသားမွေးလောက်နဲ့ ဘောင်ထဲလည်း သူမမဝင်ချင်ဘူး .. သူအဆင်မပြေရင် ကိုယ့်ပိုက်ဆံနဲ့သုံးလို့ရတယ် ... ထားသွားရင်တောင် ဘဝပျက်သွားမယ့်အတန်းထဲကမဟုတ်ပဲ ကိုယ့်ခြေထောက်ကိုယ်ရပ်တည်နိုင်အောက် ထိုက်လျောက်တဲ့ အသိဥာဏ်ရှိတယ် ... လုပ်နိုင်ကိုင်နိုင်စွမ်းရှိတယ် ...

ဘောင်တွေထဲကထွက်နေလို့လည်း အထိန်းအကွပ်မဲ့နေတဲ့သူတစ်ယောက်မဟုတ်ဘူး ... ရိုးရိုးလေးနဲ့ အ သလိုလေး လူမြင်ကောင်းအောင်ရိုးသားပြနေတာတွေကို လှောင်ရယ်နေသူတစ်ဦး ... မလွတ်လပ်တဲ့ဘောင်ထဲကို အတင်းဝင်ဆံအောင်ကြိုးစားနေသူတွေကို လက်ပိုက်ကြည့်နေနိုင်သူတစ်ဦး ... သူမဟာ ကန့်သတ်ချက်တွေထဲက လွတ်မြောက်နေသူတစ်ဦး ...
crd

myanmar steemit | Ecency