This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

myanmar

Words
279
Reading
2 min
Listen
Play
8y

လောကကြီးမှာ မကြိုက်ဆုံးအရာကိုပြောရမယ်ဆိုရင် မဟုတ်မမှန်တာတွေကို လုပ်ကြံပြီး အခြားလူတွေ မယုံ ယုံအောင် လုပ်ကြံပြောဆိုတာကိုပါဘဲ။

မနေ့ကဆိုရင် ဆရာတော်တစ်ပါးဟာ ချပ်သင်းတိုက်နယ်မှာ မွတ်ဆလင်ဘာသာဝင်က ဗုဒ္ဓဘာသာဝင်ကို မင်္ဂလာဆောင်ပြီးယူပါတယ်ဆိုပြီး သူ့ရဲ့ဝေါပေါမှာ တင်ရေးပါတယ်။

ဒါအပြင် ကန့်ဘလူက အမျိုးသားရေးသမားတွေ အသုံးမကျဘူး ။ ချပ်သင်းက ကျောင်းထိုင်ဆရာတော် အသုံးမကျဘူးဆိုပြီး ပြစ်ပြစ်ကာကာ စွတ်စွဲခဲ့ပါသေးတယ်။

တကယ်တော့ ချပ်သင်းဆိုတာ မြန်မာပြည်က Facebook သုံးစွဲသူတွေနဲ့ ရင်းနှီးပြီးသားတိုက်နယ်ရွာကြီးပါ။

ပြီူခဲ့တဲ့နှစ် သြဂုတ်လ(၁၁)ရက်နေ့မှာ အပြင်ကျူရှင်ဆရာ(၃)ယောက်က တိုက်နယ်ဆေးရုံကို စောဒကလာတက်တာကို FB ပေါ်မှာ Live တင်ရင်း တစ်တိုင်းပြည်လုံး နာမည်ကြီးသွားတဲ့ ကန့်ဘလူနားက ချပ်သင်းတိုက်နယ်ပါ။

အဲဒီတုန်းက တိုက်နယ်ဆရာဝန်ထက် နာမည်ကြီးသွားတာက ချပ်သင်းဆေးရုံကေည်မတီဝင် ဦးကျားဆိုတဲ့ ပုဂ္ဂိုလ်ကြီးပါ။

ဒါနဲ့ ခုနက ဆရာတော် ပြင်းပြင်းထန်ထန် စွတ်စွဲရေးသားထားသလို ဟုတ်မဟုတ် ချပ်သင်းက လူကြီးတွေကို လှမ်းမေးကြည့်တော့ အဲဒီဆရာတော် စွတ်စွဲသလိုမဟုတ်ဘဲ သူတို့ ဘာသာတူချင်း ယူကြတာဖြစ်နေပါတယ်။

ဒါပေမဲ့ အဲ့ဒီ့ကိုယ်တော်ရဲ့ Emotion အရမ်းဆန်တဲ့ မူရင်းပို့ကိုဘဲ လူတွေကမြင်ပြီး အမုန်းတရားတွေ ကူးစပ်သွားကြကာ နောက်ဆုံးတော့ မသိတဲ့လူတွေအမြင်မှာ ချပ်သင်းဆရာတော်ရော၊တိုက်နယ်ရော၊ ကန့်ဘလူက အမျိုးသားရေးသမားတွေရော သိက္ခာကျသလို ဖြစိခဲ့ရပါတယ်။

တကယ့်ကို အသဲနစ်အောင် မုန်းစရာတွေ ဖြစ်ခဲ့တဲ့အမုန်းတရားမျိုးကို လက်ခံလို့ရပေမဲ့ လုပ်ကြံပြီး ဖြစ်ပေါ်စေတဲ့ အမုန်းတရားမျိုးဆိုတာ လူ့အဖွဲ့အစည်းတစ်ခုမှာ ရှိမနေသင့်တော့ပါ။

နောက်တစ်ခု...!

အမေရိကားမှာနေပြီး ဒေါ်အောင်ဆန်းစုကြည်အစိုးရအပြင် အရင်တက်ခဲ့သမျှအစိုးရတွေကို ပြည်သူလူထု အထင်မှားစေအောင် မဟုတ်မမှန်သတင်းတွေကို လုပ်ကြံပြီး ဖြန့်ဝေနေတဲ့ အကောင့်တစ်ခုရှိပါတယ်။

ဒီအကောင့်ဟာ အချိန်ကြာလာတာနဲ့အမျှ အမုန်းတရားကြီးမားသူတွေ ဒေါသထွက်နေတဲ့လူတွေ အမြဲတမ်းစိတ်အလိုမကျသူတွေ အရာရာကို အပြစ်မြင်နေတဲ့လူတွေ စုဝေးနေရာကြီး ဖြစ်နေတာ အားလုံးလည်း သိရှိပြီးသားဖြစ်ပါတယ်။

ဆင်းရဲသားလူတန်းစားအများစု၊ သာမန်လူတန်းစားအများစုအပြင် မိမိတို့ဘဝကိုယ် စိတ်အလိုမကျဖြစ်နေတဲ့ ဆရာဝန်တို့လို အင်ဂျင်နီယာတို့လို လူတန်းစားအချို့ပါ အဲဒီအကောင့်က မဟုတ်မမှန် လုပ်ကြံပြီး မှိုင်းတိုက်နေတဲ့ စာပေတွေမှာ ပျော်မွေ့နေတာ တွေ့နေရပါတယ်။

အဲဒီအကောင့်ဟာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့သားကို ဒေါ်လာ(၂၉)သန်းတန်အိမ်တစ်လုံးကို ကယ်ရိုလိုင်းနားပြည်နယ်မှာ ဝယ်ပေးတယ်ဆိုပြီး ရေးသားထားတယ်လို့ ဒီနေ့သိရပါတယ်။

သူများ လာပြလို့ ကိုယ်တွေက ဒီနေ့မှ သိရပေမဲ့ တကယ်တော့ အဲဒီပို့စ်ကို တင်ထားတာကတော့ ၂၀၁၇ ထဲကပါ။

ကယ်ရိုလိုင်းနားပြည်နယ်ဟာ ကျနော်နေထိုင်တဲ့ ပြည်နယ်ပါ။ ဒေါ်လာ(၂၉)သန်းတောင်တန်တဲ့အိမ်ဆိုတော့ တော်တော်စိတ်ဝင်စားသွားပါတယ်။

ဒါပေမဲ့ ဓါတ်ပုံထဲက အိမ်ကိုကြည့်လိုက်တော့ သာမန် သူလိုကိုယ်လို အိမ်တစ်လုံးဖြစ်ပြီး အလွန်ဆုံးတန်မှ ဒေါ်လာ(၆)သိန်းလောက်ဘဲ ကယ်ရိုလိုင်းနား အိမ်ဈေးကွက်မှာရှိပါတယ်။

ဒါကို မသိနားမလည်တဲ့ အဘက်ဘက်ကဆင်းရဲနေတဲ့ သူ့ရဲ့စာဖတ်ပရိတ်သတ်ကတော့ (၂၉)သန်းတန်အိမ်ကြီး ဆိုပြီး ဒေါသတွေ ဖြစ်ကြပါတယ်။

ကယ်ရိုလိုင်းနားပြည်နယ်ဟာ အိမ်ဈေးအတော်သက်သာပါတယ်။ ပုံထဲမှာ သူပြထားတဲ့ အိမ်ထက် ဆယ်ဆလောက်ကောင်းတဲ့ အိမ်တောင်မှ ဒေါ်လာ(၇.၄)သန်းကျော်ဘဲ ပေးရတာပါ။ ဒေါ်လာ (၁၀)သန်းဆိုရင် မြန်မာပြည်က အကောင်းဆုံးဆိုတဲ့ အိမ်တွေနီးပါးလောက်အထိ ရနိုင်ပါတယ်။

ဒါပေမဲ့ သူ့ပို့စ်ထဲက ဒေါ်အောင်ဆန်းစုကြည်က သူ့သားကိုဝယ်ပေးတယ်ဆိုတဲ့ ဒေါ်လာ(၂.၉)သန်းတန်အိမ်ဟာ သူလိုကိုယ်လိုအိမ်တစ်လုံးသာသာဘဲ ဖြစ်နေပါတယ်။

တကယ်တော့ တိုင်းပြည်တစ်ခုရဲ့အားဟာ လူငယ်လူလတ်တွေရဲ့လက်ထဲမှာပါ။

တိုင်းပြည်တစ်ခုရဲ့အားဖြစ်တဲ့ လူငယ်လူလတ်တွေရဲ့ Mind Set တွေဟာ ဒီလို ခပ်ပေါပေါ ခပ်ချာချာ အပေါစားလုပ်ကြံမှုတွေမှာ ပျော်မွေ့နေတာဟာ အဲဒီတိုင်းပြည်အနာဂါတ်အတွက် ရင်လေးစရာပါ။

အမှန်အတိုင်းပြောရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုက်သလားလို့ ကိုယ်တွေကိုလာမေးရင် ကိုယ်တွေက (NO)လို့ဘဲ ဖြေမှာပါ။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်တိုင်း သူ့ကို မဟုတ်မမှန် လုပ်ကြံပြီး ရေးထားတာ ပြောနေတာတွေကို လက်ခံသလားဆိုပြီး လာမေးရင်လည်း (NO)လို့ဘဲ ထပ်ဖြေရမှာပါဘဲ။

အဲဒီလိုပါဘဲ မည်သူမဆို ဦးသိန်းစိန်၊ ဦးမင်းအောင်လှိုင်တို့ကို ကြိုက်လို့ရသလို၊ မကြိုက်လို့လဲ ရပါတယ်။ ဒါဟာ လူသားတစ်ယောက်ရဲ့ လွတ်လပ်တဲ့ ရွေးချယ်ပိုင်ခွင့်ပါ။

သို့သော် ဒီလူတွေကို မကြိုက်တာနဲ့ ဒီလူတွေအကြောင်း လုပ်ကြံဖန်တီးထားတဲ့ အပုတ်ချ ဇာတ်လမ်းတွေကို အားမပေးမိဖို့လည်း လိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အထက်ပါပုဂ္ဂိုလ်တွေကို မဟုတ်မမှန် လုပ်ကြံထားတဲ့ ဇာတ်လမ်းတွေကို ကျနော်တို့တွေ ကြိုက်နေကြ အားပေးနေကြလို့ သူတို့တွေဟာ ဘာမှ ဖြစ်သွားမှာလည်းမဟုတ်ပါဘူး။

တကယ်တမ်းအရင် နစ်နာသွားတာက ကျနော်တို့တွေပါ။ ပြီးရင် ဒုတိယ နစ်နာသွားတာက ကျနော်တို့တိုင်းပြည်ပါ။

မဟုတ်မမှန် လုပ်ကြံတာတွေကို အယုံလွယ်နေတဲ့ လူတွေနေထိုင်ကြီးပြင်းနေတဲ့ တိုင်းပြည်တစ်ခုဟာ ဘယ်တော့မှ သူများတိုင်းပြည်တွေနည်းတူ လူလိုသူလို အဆင့်မှီအောင် နေနိုင်မှာမဟုတ်ဘူးဆိုတာတော့ အားလုံးသိစေချင်ပါတယ်။

မှတ်ချက်( ကယ်ရိုလိုင်းနားပြည်နယ်ရှိ ဈေးကြီးသော အိမ်များရဲ့ လင့်ကို ပူးတွဲတင်ပေးထားပါတယ်)

https://www.google.com/amp/s/patch.com/north-carolina/charlotte/amp/27651676/5-most-expensive-houses-sale-charlotte-0

ခိုင်ဇော်