ကျောင်းသား နဲ့ ပညာရေး -အပိုင်း(၂)
တက္ကသိုလ်ဝင်တန်းတဲ့
ဒါကို အောင်မြင်ရင် တက္ကသိုလ်တတ်ခွင့်ရပြီ
၁၈နှစ်ပြည့်ဖို့ နီးလာပြီ
အရွယ်ရောက်တော့မယ်
ဘဝတစ်ခုကို ရွေးချယ်မှုစတော့မယ်
ကိုယ်ယုံကြည်ရာ ကိုယ်ဝါသနာပါရာ ကိုရွေးချယ်လျှောက်လှမ်းရတော့မယ်
ကိုယ့်ကိုယ်ကို ပြန်မေးပြီးပြီလား
ငါဘာဖြစ်ချင်တာလဲ ဘာလုပ်ချင်တာလဲဆိုပြီး...
အမှတ်စာရင်းထွက်မှ မီးစင်ကြည့်ကတာလည်း ရိုးရာတစ်ခု လိုဖြစ်နေပြီ... ဒီစနစ်ကိုတော်လှန်ရမယ်
သားသမီးအမှတ်ကောင်းတိုင်းဆေး
တက္ကသိုလ် ဇွတ်တတ်ခိုင်းတဲ့ မိဘတွေကိုတော်လှန်ရမယ်
သူများက ဟိုဟာတတ်ပါလား ဒီဟာ တတ်ပါလားလို့ပြောတာကို နားယောင်တတ်တဲ့အကျင့်ကိုတော်
်လှန်ရမယ်...
ယုံကြည်ရာကို ရွေးချယ်ရဲဖို့ သတ္တိမွေးရမယ်။
အဆင့်တစ်ရဖို့ စာလုပ်ခဲ့တာမဟုတ်လို့  စာကျက်ပါဆိုတဲ့ ဓါတ်ပြားဟောင်းကြီး ဖွင့်မပြချင်ဘူး
တက္ကသိုလ်ဝင်တန်းအရွယ်ဟာ ကလေးမဟုတ်တော့ဘူး
ဒါဟာ လူကြီးဘဝရဲ့နိဒါန်းပဲ
ကျောင်းစာကလွဲပြီး ဘာမှမသိတာမျိုး ကို ကျနော်က ရှုံ့ ချတယ်
နှလုံးသားဖွံ့ ဖြိုးဖို့  အနုပညာတစ်ခုကို စိတ်ဝင်စားရမယ်
ခန္ဓာကိုယ်ဖွံ့ ဖြိုးဖို့  အားကစားတစ်ခု ကိုလိုက်စားရမယ်....
ဖြန့် ထွက်တွေးတတ်ဖို့  puzzle gameလေးတွေ စိတ်ဝင်စားသင့်တယ်...
လူပျိုပေါ် အပျိုဖော်ဝင်ပြီဖြစ်လို့ 
sexual knowledgeရှိရမယ်...
အခု ပညာရေးစနစ်ဟာ အရင်ကထက်ပိုကောင်းမွန်လာဖို့
အလွတ်ကျက်ဖြေတဲ့ စနစ်ဆိုးကြီးကို တော်လှန်ကြရမယ်...
အခြားနိုင်ငံတွေမှာ အားကစား အနုပညာ စာပေ ဆိုတာ လူတိုင်းရဲ့ အရည်အချင်းလိုဖြစ်နေတာ
နိုင်ငံကို လူနဲ့ ပုံဖော်နေတာပါ
အချင်းချင်းကြိတ်ပြိုင်နေလို့  ဘာမှဖြစ်မလာဘူး စကားတစ်ခွန်းရှိတယ် အပြိုင်အဆိုင်ရှိမှတိုးတတ်တာတဲ့
ကျနော်ကထပ်ဖြည့်ပြောမယ်
ပြိုင်တယ်ဆိုတာ သူများနဲ့ မဟုတ်ဘူး
မိမိကိုယ်ကို ပြိုင်ရမယ်
မနေ့ က ငါထက် ဒီနေ့ ငါက ပိုသာရမယ် ဒီလိုပဲပြိုင်သင့်တယ်
အဆင့်၁ဆိုတာ မထူးဆန်းဘူး
လူတွေဘယ်လောက်ပဲညံ့ညံ့
စနစ်တွေဘယ်လောက်ပဲညံ့ညံ့
အဆင့်၁ကတော့ ရှိနေမှာပဲ
အနူတောမှာ လူချောမဖြစ်ချင်ပါနဲ့ ...
written by aungyeyint
photo credit ; google image