အရွေးလွန် ပြဿနာ

Words
104
Reading
1 min
Listen
Play
8y

image

အရွေးလွန် ပြဿနာ

ယနေ့ ခေတ်ကြီးမှာ မိန်းကလေးများ ကြုံနေရတဲ့…
အရွေးလွန်…ဂျီးကြောင်များခြင်း နှင့် သူ့အိုး…သူ့ဆန်… ပြဿနာ… :P :P :P

၁။ ရုပ်လေး ချောတဲ့သူ ကို ရွေးမယ် ဆိုတော့လည်း အမျှော်အမြင် က နည်းပါး နေတယ်။

၂။ အရည်အချင်းတော်သူ ကို ရွေးမယ် ဆိုတော့လည်း ဇီဇာ ကြောင်လွန်းတယ်။

၃။ ချမ်းသာသော သူ ကို ရွေးမယ် ဆိုတော့လည်း လေးစားစရာ က မကောင်းဘူး ဖြစ်နေပြန်တယ်။

၎။ အလုပ်ကြိုးစားသူ ကို ရွေးမယ် ဆိုတော့လည်း သူ့မှာ ကိုယ့်အတွက် ပေးစရာ အချိန် မရှိဖြစ်နေတယ်။

image

၅။ စိတ်နှလုံးနူးညံ့သူကို ရွေးမယ် ဆိုတော့လည်း သူ့ရည်းစားဟောင်းနဲ့ က အမြဲ အမျှင်တန်းနေတယ်။

၆။ သာမန်လူ ကို ရွေးမယ် ဆိုတော့လည်း ကြိုးစားချင် စိတ် က မရှိဖြစ်နေတယ်။

၇။ တာဝန်ယူတတ်တဲ့လူ ကို ရွေးမယ် ဆိုတော့လည်း အချစ်ကို စိတ်ကူးမယဉ်တတ်သူ ဖြစ်နေ တယ်။

၈။ ပညာ တတ်တဲ့သူကို ရွေးမယ် ဆိုတော့လည်း နေရာတကာ သူသိသူတတ်နဲ့ အမြဲ ဆရာလုပ်နေတယ်။

၉။ ပညာ မတတ်တဲ့သူကို ရွေးမယ် ဆိုတော့လည်း အမှား ပြင်ဆင်ပေးတိုင်း ဒေါသ ထွက်ခံရတယ်။

၁ဝ။ ဟန်ပန်နဲ့စမတ်ကျကျနေတတ်သူကို ရွေးမယ် ဆိုတော့လည်း အများစုက လိမ်ညာတတ်ကြတယ်။

photo : facebook

image

အရွေးလွန် ပြဿနာ | Ecency