လောဘဆိုတာအတောသတ်နိုင်ရင်
ကောင်းတယ်ဆိုတာလေးကိုရေးပြ
ချင်ပါတယ်။
ဟိုနေ့ကပေါ့ဗျာ စာဖတ်သူတွေလည်း
သိမှာပေါ့။ပေါ်တူဂီ-စပိန် တွေ့ကြ
တယ်လေ။အဲ့နေ့မတိုင်ခင်ညက
အိပ်မက်မက်တာ။အိပ်မက်ထဲမှာ
ပေါ်တူဂီနိုင်တယ်တဲ့။တချို့ကလည်း
အိပ်မက်ဆိုတာ ပြောင်းပြန်ကောက်
ရတယ်ဆိုတာကလည်းရှိသေးတယ်။
ကျွန်တော်ကတော့အဲ့လိုမထင်ဘူး။
အိပ်မက်တွေမှာအနာဂတ်ကိုမြင်နိုင်
တဲ့မှော်စွမ်းအားတွေရှိတယ်ဆိုတာ
ဆယ်တန်းတုန်းက'Sleep and Dreams'မှာသင်ခဲ့ရဖူးတယ်။
ဒီတော့ကိုယ့်ကိုယ်ကို ပြန်မေးတယ်။
မင်းဘာလုပ်ချင်နေတာလဲ?
ပြန်ဖြေတယ်ဗျာ။
ပေါ်တူဂီဘက်ကနေလောင်းချင်
တာဆိုပြီးပေါ့။
ဒါပေမဲ့လောင်းကစားဆိုတာမကောင်း
မှန်းလည်းသိတယ်။
လူတွေမှာ မသိစိတ်တွန်းအားပေးနေ
တာကလည်းခက်တော့အခက်သား။
တစ်ခုခုလုပ်လိုက်လို့အောင်မြင်သွား
ရင်လည်းငါလုပ်ခဲ့လို့သာပေါ့။
မအောင်မြင်ဘူးဆိုရင်လည်းငါမလုပ်
မိရင်အကောင်းသားပေါ့။
ဒီစိတ်နှစ်ခုကလူတွေမှာအမြဲဒွန်တွဲနေ
မိတယ်။အထူးသဖြင့်တော့လူတော်
တော်များများကမကောင်းတဲ့အရာ
ဆိုပြီးမှတ်ယူထားတာတွေကိုလုပ်ရင်
ဒီလိုအတွင်းအဇ္ဈတ္တစိတ်အားပြိုင်မှု
တွေဖြစ်တတ်ကြတာပဲလေ။
ဟိုနေ့ကကုလားကားထဲမှာတော့
စကားလေးတစ်ခွန်းအရမ်းသဘော
ကျတယ်ဗျာ။ရွေးချယ်စရာနှစ်ခုရှိလာရင်
အကြွေစေ့တစ်စေ့ရှာပါ။
တစ်ခုကိုခေါင်း(Head)လို့သတ်မှတ်
ပြီးတစ်ခုကိုပန်း(Tail)လို့သတ်မှတ်
ပြီးရင်လေပေါ်ကိုမြှောက်လိုက်……
အဲ့ဒီအကြွေစေ့လေးလေပေါ်ရောက်
သွားတဲ့အချိန်မှာတင်ကိုယ်ရွေးချယ်
ပြီးသားဖြစ်သွားလိမ့်မယ်။
ဒီလိုဆိုတော့ကံကြမ္မာကိုယုံစားလွန်း
ရာကျမလား?လို့ထင်မိမယ်။
ဘယ်ဟုတ်ပါ့မလဲ?
ဒါကကိုယ့်စိတ်မှာရွေးချယ်ပြီးသား
အရာတစ်ခုကိုပိုမိုသိသာထင်ရှား
စေတာပါပဲ။
ဒီတော့ကျွန်တော်လည်းပေါ်တူဂီကို
ခေါင်း(Head)နှင့်စပိန်ကိုပန်း
(Tail)ထားပြီးအကြွေစေ့ကိုမြှောက်
လိုက်တယ်။
တကယ်ပါပဲ။
အကြွေစေ့လေပေါ်မှာရောက်နေတုန်း
မှာပဲကျွန်တော့်စိတ်ကပန်း(Tail)
ကျမှာကိုကြောက်နေမိတယ်။
ဒါကဘာကိုပြလဲဆိုရင် ကျွန်တော်
အစောကြီးကတည်းကပေါ်တူဂီကို
ရွေုးပြီးသားဖြစ်နေလို့ပဲ။
ပိုမိုသိသာထင်ရှားစေတာတော့
အမှန်ပဲ။ဒါနဲ့ဘဲပေါ်တူဂီကနေပြီး
လောင်းဖို့ဆုံးဖြတ်လိုက်တယ်။
ကြေးကိုကြည့်လိုက်တော့
Spain 80(2-40)တဲ့။ဒိုင်ကစပိန်ကို
ကြိုက်ပုံပေါ်တယ်။ဒီတော့ပေါ်တူဂီ
နေရမှာခပ်လန့်လန့်နဲ့ပေါ့။
ဒါပေမဲ့လည်းကျွန်တော့်ဆုံးဖြတ်ချက်
အတိုင်းပေါ်တူဂီကနေလိုက်တယ်။
ရလဒ်က3-3ဆိုတော့လည်း
50000လောင်းတာကို38000တော့
ပြန်ရလိုက်သေးတယ်။မဆိုးပါဘူး။
(စကားချပ်-ကျွန်တော်အဲ့နေ့ကနိုင်တာ
ကဆိုင်ကယ်စီးရင်မြွေတစ်ကောင်
လမ်းဖြတ်သွားလည်းမြင်သေးတယ်
အဲ့ဒါကြောင့်လည်းပါမှာပေါ့)
အဲ့နေ့ကပေါ်တူဂီမနိုင်ပေမဲ့လည်း
ကိုယ်ကတော့ 38000မြတ်တာပေါ့။
ဒါပေမဲ့နားမလည်ပါဘူးဗျာ။
သူတို့ပေးသလောက်ယူတာပါပဲ။
ဒါပေမဲ့လောဘဆိုတဲ့အမျိုးကို
အတောသတ်နိုင်ရင်တော့အကောင်း
သားပဲ။နောက်နေ့တွေ အာဂျင်တီးနား၊
ဂျာမနီ၊ဘရာဇီး အကုန်2-ချည်းပဲမလို့
မလောင်းတော့ဘူး။
အဲ့နေ့ကကျွန်တော်တို့မြို့မှာတော့
ဒိုင်ကတံမြက်စည်းနဲ့လှည်းသိမ်းရ
အောင်ထောသွားတယ်။
ညတုန်းကလည်း ပေါ်တူဂီ၊ဥရုဂွေး၊
စပိန် တို့ကလည်း2-ပေးတာပဲတဲ့။
လောင်းလိုက်ရင်နားကားဦးမှာ။
ဒါပေမဲ့Ooredoo Bonusကတ်ပေါပေါ
နဲ့Mobiမှာacc(50)လောက်ဖောက်ပြီး
ခန့်မှန်းထားတာလေးတော့မှန်သွား
တာပေါ့ဗျာ။
လောင်းကစားဆိုတာကိုယ့်ဘက်က
ဘာမှမကုန်တဲဟာမျိုးလေးပဲလောင်း
တာကောင်းတယ်။ဒါတောင်အချိန်ကုန်
သေးတာပဲလေ။
မြန်မာစကားပုံတစ်ခုရှိသေးတယ်။
"ရောမျောလှေနဲ့လိုက် ငွေမျောငွေနဲ့လိုက်"
ရေမျောလို့လှေနဲ့လိုက်တာကတော့
မှန်ပေမဲ့ ငွေမျောငွေနဲ့လိုက်ဆိုတာ
ကတော့ အသိဉာဏ်ဆင်ခြင်တုံတရား
ကင်းမဲ့လွန်းရာကျလှပါတယ်လို့
ထင်မိတယ်။ကံကောင်းတာကလည်း
အမြဲတမ်းဖြစ်နိုင်မယ်တော့မထင်မိ
ဘူး။အခုလည်းgpတစ်ခုမှာSTEEM
နှင့်STEEM DOLLAR သုံးပြီး
ဘောလုံးပွဲလောင်းတဲ့Linkတွေတွေ့
နေရတယ်။ကိုယ့်မှာတစ်ခါတစ်ခါ
စာရေးပြီးရထားတဲ့ဟာလေးတွေ
တော့အလကားမဖြုန်းတီးရက်ပါဘူး
ဗျာ။ကျွန်တော်လိုNewbiesလေးက
တော့မလုပ်ရဲပါဘူး။
ပုံမှန်ငွေရမယ့်လမ်းကြောင်းလေး
တစ်ခုကိုပဲတစိုက်မတ်မတ်လုပ်တာ
ကောင်းပါတယ်။
စာဖတ်သူများလည်းလောဘဆိုတာ
အနည်းနှင့်အများရှိတတ်ပေမဲ့
အသိဉာဏ်နဲ့ထိန်းချုပ်နိုင်ကြပါစေ။
Written by:Aung Thar Kyaw
@aungtharkyaw
MSC-138