အိမ်အပြန်

Words
180
Reading
1 min
Listen
Play
8y

အလုပ်ကနေ ခွင့်တစ်လယူပြီး အိမ်ပြန်ဖြစ်ပါသည်။စိတ်ကူးကတော့ စာရေးဖို့ကုန်ကြမ်းတွေရမယ်၊စာရေးဖို့ သိပ်စဉ်းစားနေစရာ မလိုပဲ ကိုယ့်မျက်စိရှေ့မှာမြင်တွေ့နေရတာ တွေကို လက်တန်းချရေးလိုက်မယ် ပေါ့ ကိုယ့်စိတ်ကူးနဲ့ကိုယ် ပျော်နေပါသည်။အိမ်ရောက်တော့ Internet လိုင်းသည် သိပ်မဆိုးလှပေ အိမ်ရောက်ပြီးမှ pro ပို့စ်တစ်ခု ရေးနိုင်ခဲ့ပါသည်။အိမ်မှာ တစ်ပတ်လောက် နေပြီးသကာလ မိုးသည်းထန် စွာရွာချခဲ့ပါသည်။တောင်သူသားမြေးတစ်ယောက်မို့ မိုးရွာရင် ထွန်ယက် ဖို့ ယာခင်းထဲ ဆင်းရပါပြီ။ရွာအခေါ်ကတော့ အရှေ့တော၊အနောက်တော၊မြောက်တော၊တောင်တော စသဖြင့် ခေါ်ဆိုကြပါသည်။အိမ်နဲ့တော က တစ်နာရီလောက် လမ်းလျှောက်ရတာမို့ အလွန်ပင် ဝေးပါသည်။နေ့ချင်းပြန်ဖို့အဆင်မပြေနိုင်ပါ၊တောထဲမှာအလုပ် လုပ်ရလို့မောပန်းရသဖြင့် တစ်နာရီ လောက် လမ်းလျှောက်သွားရမယ့် ခရီးကို စိတ်မဝင်စားနိုင်တော့ပါ။တောထဲမှာပဲ နေပြီး အလုပ်လုပ်တယ် တောတဲလေးမှာပဲ ညအိပ်တယ်ပေါ့၊အလုပ် ကြမ်းက မလုပ်ရတာပြီအခုမှစလုပ်တာဆိုတော့ လက်တွေပေါက် တစ်ကိုယ်လုံးလည်း ရိုက်ထားသလို ဖြစ်ပြီး ညဘက် ထမင်းစားပြီးရင် ခေါင်းဦးပေါ် ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားပါတော့သည်။
image

photo credit from source
ဒါပေမဲ့လည်း စိတ်ကပျော်ရွှင် နေပါသည်။ဘာလို့လဲ ဆိုတော့ မိသားစုနဲ့အတူတူ အလုပ်လုပ်၊ထမင်းစားရင်လည်း မိသားစု စုံလင်စွာနဲ့ဆိုတော့ စိတ်ချမ်းသာစရာ တွေပါပဲ၊စိတ်ညစ်စရာဆိုတာ မရှိပါ။ခန္ဓာကိုယ်ကြီး ပင်ပန်းပေမယ့် စိတ်ညစ်စရာ မရှိ၊စောစောအိပ်၊စောစောထ အလုပ်လုပ်ရတာ ဟာ တောင်သူသားမြေးတစ်ယောက်ရဲ့ တစ်နေ့တာ အလုပ်တွေပါ။ဘိုး၊ဘွား အစဉ်အဆက် ကတည်းကလုပ်လာတဲ့ တောင်ယာ နှင့် လယ်ကွင်းတွေမှာ ရာသီသီးနှံ တွေ စိုက်ပျိုးရတာ ပျော်စရာကောင်းသလို ၊ကိုယ်စိုက်ပျိုးပြီးသွားလို့ မိုးသာ ရွာချလိုက်ပြီဆိုရင် သုံးရက်လောက်နဲ့ အပင်ပေါက်လေးတွေ မြင်တွေ့ရပါပြီ၊ကိုယ်စိုက်တဲ့ မျိုးစေ့ လေးတွေက အပင်ဖြစ်မြင်လာရတော့ အရမ်းပျော်ရွှင်ရပါသည်။
image
photo credit from source
ဒီလိုနဲ့ တောထဲ မှာ ရွာသားတစ်ယောက် Internet လိုင်းက မကောင်း facebook သုံးရရင်လဲ ပုံမမြင်ရ ဆိုတော့ MSC မှာ vote&comment လည်းမပေးနိုင်၊ နောက်ပိုင်းတွင် ဖုန်းပင် မကိုင်ဖြစ်တော့ပါ။စာရေးမယ်ဆိုတဲ့ စိတ်ကူးတွေ ကွယ်ပျောက်သွားပါတော့သည်။စာမရေးဖြစ်၊စာရေးဖို့ပင် စိတ်မကူးတော့ ပါ။လုပ်ဖြစ်နေတာက စောစောအိပ် စောစောထဆိုတော့အိပ်ရေးဝ ပြီး လူလည်း နဲနဲ ဝ လာတယ်၊အသားအရေက အရင်က မဖြူတဲ့ အသား ပိုမဲလာခဲ့ပါတော့သည်။အစားအသောက် ကလည်း ကိုယ့်အကြိုက်တွေချည်းပဲ ချက်တော့ အမုန်းဆွဲ တာပေါ့။နောက်တစ်လ လောက် နေဖြစ်ခဲ့ရင် မဲပြီး ဝ လာမှာ မြင်ယောင် မိနေသေးသည်။
image
Photo credit from source
တစ်ခုတော့ ပြောပြပါရစေ အရင်ကတည်းက အရေးအသား မကောင်းတဲ့ကျွန်တော် စာမရေးတာ တစ်လလောက်လေး အဆက်ပြတ်သွားတာ အခုစာရေးတော့ စိတ်ကို အတော်လေး ထိန်းပြီး ရေးရတယ်။စိတ်က ဟိုရောက် ဒီရောက်နဲ့ အခုရေးထားတဲ့ စာကလဲ အဆင်မပြေပါဘူး။ဒါပေမယ့်လည်း pro တင်နိုင်မှ power up နိုင်မှာမို့ ကြိုးစား ရေးသားလိုက်ပါသည်။

အားလုံးကိုကျေးဇူးတင်ပါသည်။
Author>>>aungsanlwin@aungsanlwin
MEC-017

အိမ်အပြန် | Ecency