ညက်လှပြာစင်
•••••••••••••••••
`သိုးကလေ
စံကားပွင့်နှင့်
နှိုင်းတင့်နိုးသည်၊ ရဲမျိုးသမီး
မောင်ကြီးနှမ၊ ညက်လှပြာစင်
မယ့်သည်ပင်သည် ခရီးသား။´
အထက်ပါ ကဗျာကောက်နုတ်ချက်လေးကို လူတိုင်းနီးပါး သိပြီးသားမို့ ကဗျာအကြောင်းကို အထူးမပြောတော့ပါ။ ပုဂံခေတ်က ကဗျာ ဟုတ်၊ မဟုတ် ပန်းပဲမောင်တင့်တယ်၏ နှမငယ်အကြောင်း ရေးထားတာ ဟုတ်၊ မဟုတ် စသည် စသည် ပြောကြဆိုကြ၊ ရေးကြသားကြတာလည်း အလုံးသိကြပါသည်။ မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့က ပြဋ္ဌာန်းစာ ဘောင်ရှိ၍ ထိုဘောင်ကို ကျော်လွန်၍မရပါ။ သို့သော်လည်း ကဗျာရသလေး အတွက်တော့ ချဲ့ထွင် လေ့လာလေလေ ကောင်းလေလေဟု ယူဆပါသည်။
ကဗျာပါ ဝေါဟာရများအနက် ကျွန်တော် အထူးစိတ်ဝင်စားမိသည်က ညက်လှပြာစင်´ဟူသော ဝေါဟာရလေးဖြစ်ပါသည်။ညက်လှပြာစင်´ကို နူးညံ့စင်ကြယ်သော အသားအရေရှိသူ´ဟု ခက်ဆစ်ဖွင့်ထားပါသည်။ညက်လှပြာစင်´တဲ့။ အသားအရေ ညက်ညောနေတဲ့သဘော၊ ခန္ဓာကိုယ်မှာ ရှိသင့်ရှိထိုက်တဲ့အလှတွေ ရှိနေတဲ့သဘော၊ လှနေတဲ့သဘော၊ အပြစ်ကင်းစင်နေတဲ့သဘော၊
ဒါဆို `ပြာ´ဆိုတာကရော။ မီးဖိုထဲက ပြာကိုပြောတာလား၊ အပြာရောင်ကို ပြောချင်တင်လား။ အလှအပကို တင်စားဖွဲ့ဆိုမှုမှာ ပြာက ဘာကိုဆိုလိုချင်တာပါလိမ့်။
အားပါးပါး…။ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်က လီရနာ၊ ဂင်္ဂါ ဧရာဝတီ…စာအုပ်တွင် `ပြာ´နှင့်ပတ်သက်၍ အကျယ်တဝင့် ကြံဆပြထားပါလား။ ဆရာကြီး၏ကြံဆချက်ကို အနည်းငယ် ကောက်နုတ်ဖော်ပြပါမည်။
ဆရာကြီးဦးတင့်ဆွေ ပြုစုသော ပေါရာဏကထာအဘိဓာန်တွင်ပြာစင်´ဟူသော စကားကို ယဉ်ကျေးသိမ်မွေ့သော၊ တီးပြာပြီး၍ စင်ကြယ်သော´ဟူသော အဓိပ္ပယ်နှစ်မျိုးပေးသည်။ညက်လှပြာစင်´ကိုလည်း နူးညံ့သိမ်မွေ့သည်၊ လှပသောအရွယ်´ဟု အဓိပ္ပာယ်နှစ်မျိုးပေးသည်။ မြန်မာအဘိဓာန်အကျဉ်းချုပ်တွင် ပြာ´ကိုကောက်စပါး စသည်မှ အလေအမှုန်များကို ဆန်ခါဖြင့် မြှောက်ခတ်၍ ခွဲထုတ်သည်´ဟူ၍ ဖြစ်၏။ မပြာရသေးသော ကောက်စပါးက ကုန်ကြမ်း။ အရိုင်း။ ပြာပြီးသော ကောက်စပါးက အယဉ်။ သြော်…`ပြာ´၌ ယဉ်ခြင်းသဘော ကိန်းဝပ်စေသော တွေးပုံမှာလည်း အံ့ဖွယ်ရာ။ မြန်မာသည် လယ်ယာစိုက်ပျိုးသူများ ဖြစ်သောကြောင့် စကားများတွင် စိုက်ပျိုးရေး၏ သဘောများ ကိန်းဝပ်နေလေသည်တကား။´
ဆရာကြီးက အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်တို့က ကဗျာများကို အခြေခံ၍ တွေးတောကြံဆပြထားပါသည်။ ကျွန်တော့်အဖို့တော့ ပုဂံခေတ် `ညက်လှပြာစင်´အထိ အသုံးတည့်နေပါသတည်း။
စာကိုး
(၁) တက္ကသိုလ် ဘုန်းနိုင်
လီရနာ ဂင်္ဂါ ဧရာဝတီ စာအုပ်။
(၂) ဒသမတန်း မြန်မာကဗျာ ပြဋ္ဌာန်းချက်။
_______