"မလုပ်ခင်စဉ်းစားပါ "
လူတစ်ယောက်ကို မဝေဖန်ခင်
သင့်ကိုယ်သင် အပြစ်ကင်းအောင်နေပါ။
လူတစ်ယောက်ကို အထင်မသေးခင်
သင့်ကိုယ်သင် ဆန်းစစ်ပါ။
လူတစ်ယောက်ကို သံသယဝင်မိရင်
သင့်ကိုယ်သင် ယုံကြည်ထိုက်သူ ဖြစ်အောင်နေပါ။
လူတစ်ယောက်ကို ချစ်တယ်လို့ မပြောခင်
သင့်နှလုံးသားကို အရင်မေးပါ။
လူတစ်ယောက်ကို ဆုံးမစကားပြောတော့မယ်ဆိုရင်
သင် လေးစားထိုက်သူ ဖြစ်အောင်နေပါ။
လူတစ်ယောက်ကို ဥပေက္ခာပြုတော့မယ်ဆိုရင်
သင့် စိတ်ကိုသေချာအောင် ဆန်းစစ်ပါ။
လူတစ်ယောက်ကို မကောင်းကြံတော့မယ်ဆိုရင်
သင့် ကို မကောင်းတာလုပ်ရင် ခံနိုင်လား သင့်ကိုယ်သင် မေးပါ။
လူတစ်ယောက်ကို ကူညီတော့မယ်ဆိုရင်
သင် မျှော်လင့်ချက်မထားမိအောင် ကြိုးစားပါ။
သင် ချစ်ရသူကို အကြောင်းတစ်ခုခုကြောင့် စွန့်လွှတ်တော့မယ်ဆိုရင်
သင် နောင်တမရအောင် ပြင်ဆင်ထားပါ။
သင် ဘယ်ဟာကိုပဲ လုပ်လုပ်
မလုပ်ခင်ကတည်းက သင့်ကိုယ်သင် ပြန်ဆန်းစစ်ပါ
ခံနိုင်ရင် လုပ်ပါ။
သို့သော်..... နောင်တ တော့မရစေနဲ့နော်။
Thank you.