ဘဝတဲ့လား (အပိုင်း၃)

Words
121
Reading
1 min
Listen
Play
8y

အပိုင်း ၁ ဖတ်​ရှုရန်
အပိုင်း ၂ ဖတ်​ရှုရန်
နောက်​ပိုင်းရက်​များ၌ မကြာခန ဆိုသလိုပင်​ ကိုစိုတစ်​​ယောက်​ ​ဒေါ်​မြ၏တူမ မတင်​​မေရှိရာပွဲရုံသို့ မကြာမကြာ​ရောက်​ရှိ​နေတတ်​​တော့၏။မိမိနယ်​မှ ကုန်​​ရောင်းစရာရှိလျှင်​ ကိုစိုသည်​ပင်​ ဒိုင်​ခံသွား​၍ရောင်းချ​ပေး​နေ​လေသည်​။
" ​ဒေါ်မြကို၌မှပင်​ ဟဲ့ကိုစို အခုတစ်​လော ပွဲရုံလာတာ အခေါက်​​ရေစိတ်​လှချည်​လား"
"ဟုတ်​တယ်​ ​ဒေါ်မြ​ရေ သူများကုန်​​တွေလူကြုံ​ရောင်းခိုင်းလို့လာ​ရောင်း​ပေး​နေတာနဲ့ ခပ်​စိတ်​စိတ်​ဖြစ်​​နေတာ"
ကိုစိုနှင့်​​ဒေါ်မြတို့စကားစပ်​မိကြ၍ ပွဲရုံ၌ယာဉ်​​မောင်းတစ်​​ယောက်​​လောက်​​ရှာ​ပေးရန်​ ကိုစိုအား ​ဒေါ်မြမှ လူရှာခိုင်း​လေသည်​။
မိမိတို့၌ ကုန်​များပို့​ဆောင်​ရန်​ ကားရှိ​သော်​လည်း ယာဉ်​​မောင်းမရှိ၍အခက်​ခဲဖစ်​​နေ​ကြောင်းဆို​လေသည်​။
"ဟာ ဒါများ​ဒေါ်မြရယ်​ ကျုပ်​ကို​စော​စောက​ပြော​ရော​ပေါ့ ကျုပ်​လုပ်​မယ်​ဗျာ ကျုပ်​လည်းကား​မောင်းတတ်​​နေတာဘဲ"
ကိုစိုသည်​လည်း မန္တ​လေးမြို့၌ လုပ်​ငန်းလုပ်​ချင်​​နေသူဖြစ်​၍ ​ရေကန်​အသင့်​ကြာအသင့်​ဖြစ်​သွား​လေသည်​။
"​အေးလုပ်​မယ်​ဆိုလည်း လိုအပ်​တာ​တွေယူပြီး မနက်​ဘဲ ပွဲရုံလာခဲ့​တော့​လေ"
အိမ်​သို့ပြန်​​ရောက်​​သော်​ ကိုစိုတစ်​​ယောက်​မိမိအသုံးလိုသည့်​ ပစ္စည်းများအား ခရီး​ဆောင်​အိတ်​အတွင်းထည့်​​လေ​တော့သည်​။မိခင်​၊ဖခင်​တို့အားလည်း မိမိတို့ကုန်​​ရောင်း​နေကြ ပွဲရုံ၌ ယာဉ်​​မောင်းသွား​ရောက်​လုပ်​ကိုင်​မည့်​အ​ကြောင်း အသိ​ပေး​လေ၏။
ယခုတစ်​ခါ၌ မိဘများလည်း သား၏စိတ်​ဆန္ဒပြင်းထန်​​နေမှု​ကြောင့်​ မတားကြ​တော့​ပေ။
ဖခင်​ကြီးဖြစ်​သူမှ "​အေးကွာ တားလည်းမင်းကသွားချင်​စိတ်​ပြင်းပျ​နေ​တော့ မတား​တော့ပါဘူး လိမ်​လိမ်​မာမာနဲ့ ကြိုးစားပြီးလုပ်​ပါလို့ဘဲ အ​ဖေမှာလိုက်​​တော့မယ်​"
မိခင်​ဖြစ်​သူမှာ​တော့ ဝင်​​ရောက်​မ​ပြောရှာ​ပေ။သားဖြစ်​သူ မိမိတို့နှင့်​ခွဲခွာ၍ တခြားနယ်​၌ သွား​ရောက်​လုပ်​ကိုင်​မည်​ကိုသိရ၍ ဝမ်းနည်း​နေဟန်​တူ​လေသည်​။
"အ​ဖေနဲ့အ​မေတို့ သားရွာထဲသွားလိုက်​ဦးမယ်​"ဆိုကာ ကိုစိုတစ်​​ယောက်​ရွာထဲရှိ သူ၏သူငယ်​ချင်းထွန်းလှအိမ်​သို့သွား​လေ​တော့သည်​။
ကိုထွန်းလှအိမ်​သို့​ရောက်​​သောအခါ ကိုထွန်းလှတစ်​​ယောက်​ စပါးများ​နေလှမ်း​၍နေ​လေသည်​။
"ဟာ ထွန်းလှကြီးကြိုးစားလှချည်​လားဟ"
"အမယ်​ ငစိုရ ဒီအလုပ်​​တွေ တစ်​သက်​လုံးလုပ်​လာတာ မင်းကအခုမှလာပြီး အထူးဆန်းလုပ်​​ပြေလို့ စားပွဲ​ပေါ်မှာ အကြမ်းအိုးနဲ့ လဖ္ဘက်​အုပ်​ရှိတယ်​ ​သောက်​ရင်းခန​စောင့်​ကွာ ငါအလုပ်​ပြီးတာနဲ့လာခဲ့မယ်​"​ပြောပြီးသူ၏အလုပ်​အား ဆက်​၍လုပ်​​နေ​လေသည်​။
ကိုထွန်းလှလည်းမိမိလုပ်​စရာတို့ပြီးလျှင်​ ကိုစိုထိုင်​​နေရာသို့လာထိုင်​​လေသည်​။
"ကဲဆိုစမ်းပါအုန်း အိမ်​တိုင်​ရာ​ရောက်​လာပုံ​ထောက်​​တော့ ဘာများ​ပြောစရာ​​တွေရှိ​နေလို့လည်း ငစိုရ"
ကိုစိုလည်း ကိုထွန်းလှအား ပြုံးစိစိနှင့်​ကြည့်​ကာ" ငါမန္တ​လေးက ငါတို့ကုန်​​တွေ​ရောင်း​နေကြပွဲရုံမှာ ယာဉ်​​မောင်းသွားလုပ်​​တော့မလို့ကွ"
ကိုထွန်းလှ အံ့အားသင့်​​သောမျက်​လုံးများနှင့်​ ကိုစိုအားစိုက်​ကြည့်​မိလိုက်​​လေသည်​။

(အပိုင်း ၄ဆက်​၍ဖတ်​​ပေးပါရန်​)
. image
Msc No 179
aunggyi100@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

ဘဝတဲ့လား (အပိုင်း၃) | Ecency