အာရုံစူးစိုက်မှု

Words
106
Reading
1 min
Listen
Play
9y

အာရုံ များစွာ ရှိနေပါတယ်။ မျက်လုံးရှေ့က အုတ်နံရံ တစ်ခု အပေါ်မှာ စိတ်ကို နှစ်ထား ခဲ့မယ် ဆိုရင် အုတ်နံရံဆိုတဲ့ အာ ရုံတစ်ခု အပေါ်ကို စူးစိုက်နေခြင်း နေခြင်းပါပဲ။ဖျတ်ခနဲ့ တစ်ချက်သာ ကြည့်လိုက်မယ်ဆိုရင်တော့ အုတ်နံရံလို့ပဲ ဖျတ်ခနဲ သိလိုက်ရမှာပါ။

အချိန်များစွာ စူးစိုက်ထားမယ် ဆိုရင်တော့ အုတ်နံရံရဲ့ အရောင်အသွေး သူ့ရဲ့ သက်တမ်း ကြံ့ခိုင်မှု အနေအထား လက်ရာ သေသပ် ကျနမှု အနေအထား စသည်ဖြင့် ရင်းနှီးကျွမ်းဝင်လာမှာ ဖြစ်ပါတယ်။ဒါကတော့ အမြင်အာရုံ ရှေ့က အရာတစ်ခု အပ်ါမှာပဲ စူးစိုက်မှု အနေအထားဖြစ်ပါတယ်။ အဲဒီအာရုံစူးစိုက်မှုအလေ့အကျင့်ကို အခြားနေရာများစွာမှာလည်း စမ်းသပ်အသုံးပြုသင့်ပါတယ်။

image

1 sbd အပေါ်မှာ အာရုံစူးစိုက်ထားမယ် ။ ဖျတ်ခနဲ တွေးကြည့်ရင်တော့ သြော် 1 sbd အဲလောက်ပါပဲ။အဲဒီထက် ပြီး အာရုံ စူးစိုက်လိုက်မယ် ဆိုရင်တော့ သူရဲ့ သဘောသဘာဝတွေ ပိုမြင်လာနိုင်ပါတယ်။sbd ဆိုတာ steem blockchain dollor ရဲ့ အတိုကောက် ပါလား။

post တစ်ခုကနေ 1 sbd ရရှိနိုင်ဖို့ ဆိုရင် အဲဒီ post ဟာ 2.6 $ လောက် တက်ဖို့ လိုမှာပါလား။သူရဲ့ ပေါက်ဈေးဟာ ဈေးကွက်မှာ အချိန်နဲ့ အမျှ ပြောင်းလဲနေတာပါလား။သူဟာ steem ဈေးနှုန်း နဲ့ တစ်နည်းတစ်ဖုံ ပတ်သက်တာပါလား။ စသည်ဖြင့် 1 sbd နဲ့ ပတ်သက်သမျှ အကြောင်းအရာတွေကို ပိုမို ရင်းနှီး သိမြင် လာရနိုင်ပါတယ်။

image

အာရုံစူးစိုက်မှု | Ecency