Defination - အဓိပ္ပါယ် ဖွင့်ဆိုချက်
Synonym - အဓိပ္ပါယ် တူညီသော စကားလုံး
Antonym - ဆန့်ကျင်ဖက် အဓိပ္ပါယ် ရှိသော စကားလုံး
Hyponym - ဖော်ပြထားသော စကားလုံးထက် ပိုမိုတိကျသော စကားလုံး
Hypernym - ဖော်ပြထားသော စကားလုံးထက် ပိုမို ယေဘုယျကျသော စကားလုံး
Example - ဥပမာ
( A ) a ၏ ဖွင့်ဆိုချက်များ
(၁) (နာမ်)
တစ်မီတာ၏ သန်းပေါင်း တစ်သောင်းပုံ တစ်ပုံ နှင့် ညီမျှသော အလျား ယူနစ် အတိုင်းအတာ တစ်ခု (0.0001 micron) ။ လျှပ်စစ် သံလိုက် လှိုင်းများ ဖြာထွက်မှု လှိုင်းအလျားကို တိုင်းတာ သတ်မှတ်ရန် အသုံးပြုသည်။
(၂) (နာမ်)
ပုံမှန် အမြင် အာရုံအတွက် မရှိမဖြစ် လိုအပ်သော အဆီတွင် ပျော်ဝင်နိုင်သည့် ဗီတာမင် ဓါတ် ။ မျက်လုံး မကြည်မလင် ဖြစ်ခြင်း နီရဲ ယောင်ရမ်းခြင်း ခြောက်သွေ့ ခြင်းများကို ကွာကွယ်ပေးသည့် ဗီတာမင်ဓါတ်။
(၃) (နာမ်)
DNA ဖွဲစည်းတည်ဆောက်ရာတွင် အသုံးပြုသော nucleotides လေးခု အနက်မှ တစ်ခု ။ nucleotides လေးခုလုံးတွင် ဖော့စဖိတ် အုပ်စု နှင့် သကြား တို့ ပါဝင်သည်။
(၄) (နာမ်)
(ဓာတု ဇီဝဗေဒ) DNA နှင့် RNA တွင် တွေ့ရှိနိုင်သော adenine ဟူ၍ ခေါ် သည့် အခြေခံ ဇီဝဓါတ်တစ်မျိုး (DNA တွင် thymine နှင့် တွဲ၍သော်လည်းကောင်း RNA တွင် uracil နှင့် တွဲ၍သော်လည်းကောင်း တွေ့ရသည်)
(၅) (နာမ်)
နိုင်ငံတကာတွင် သုံးနှုန်းသော d ယူနစ် အစုအဝေး စနစ် အောက်တွင် အတည်ပြု ထားသော လျှပ်စစ် စီးကြောင်း၏ အခြေခံယူနစ်
(၆) (နာမ်)
ရောမ အက္ခရာ၏ ပထမဦးဆုံး စာလုံး
(၇) (နာမ်)
သွေးအမျိုးအစားတစ်မျိုး (၎င်း၏ သွေးနီဥများက ရောဂါ ကာကွယ်နိုင်သော ပဋိဇီဝ ပစ္စည်းများ သယ်ဆောင်ပေးသည်)
( B) aa ၏ ဖွင့်ဆိုချက်များ
(၁) (နာမ်)
ကျောက်မီးသွေးနှင့် ဆင်တူသော ချော်ရည် အတုံးအခဲ ပုံစံ တစ်ခု
(၂) (နာမ်)
အရက်စွဲ ရောဂါကို ကျော်ဖြတ် အံတုနိုင်ရန် ကြိုးပမ်းသည့် လူများအား အကူအညီ ထောက်ပံ့ပေးနေသော နိုင်ငံတကာ အဖွဲ့အစည်း တစ်ခု(alcoholics anonymous)
(၃) (နာမ်)
အနုပညာ နယ်ပယ်တွင် ပူးပေါင်းလုပ်ဆောင်မှု အတိုင်းအတာ
(C) aaa ၏ ဖွင့်ဆိုချက်
(၁) (နာမ်)
အသက်အရွယ် ကြီးရင့်မှု နှင့် သွေးတိုးရောဂါ ကြောင့် ဖြစ်ပေါ်လာတတ်သော ဝမ်း ဗိုက်နှင့် ဆက်စပ်လျက်ရှိသည့် သွေလွှတ်ကြော ရောင်ရမ်း နာကျင်မှု (abdominal aortic aneurysm)
ရေးသားသူ >> @aungbala