ဒီတစ်ခုနံရံအလှဆင်အတွက်ပြုလုပ်ထားပြီး၊ပန်းပွင့်တွေသစ်ရွက်တွေနဲ့အလှဆင်ထားတာမျိုးမဟုတ်ပဲ၊နေဝင်ချိန်ရဲ့ပုံစံလေးကိုပုံဖော်ထားတာပါ။အုန်းပင်လေးနှစ်ပင်ရယ်တစ်ဘက်မှာငှက်ကလေးတွေပျံနေပုံနဲ့ပုံဖော်ထားပါတယ်။ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်လိုအပ်ပါတယ်။ပထမအဆင့်မှာကတ်ထူကိုစက်ဝိုင်းပုံဆွဲ၍လိမ္မော်ရောင်နှင့်အဝါရောင်ကိုရောပြီး၊ပုံမှာမြင်ရတဲ့အတိုင်းဖြတ်၍ကော်ကပ်ထားလိုက်ပါတယ်။ပြီးနောက်အစိမ်းရောင်စက္ကူနဲ့ကတ်ထူကိုအသုံးပြု၍ရေလှိုင်းပုံစံလိုဆွဲ၍ဖြတ်ပြီး၊စက်ဝိုင်းပုံကတ်ထူရဲ့တစ်ဘက်မှာကော်ကပ်ကာ၊မလို
တဲ့အစွန်းထွက်နေတဲ့အနားတွေကိုဖြတ်ပါတယ်။
ဒီအဆင့်မှာကတ်ထူပေါ်အုန်းပင်ပုံလေးနှစ်ပုံဆွဲပြီး၊ဖြတ်လိုက်ပါတယ်။အနက်ရောင်ဆေးခြယ်ထားလိုက်ပါတယ်။ပြီးနောက်စက်ဝိုင်းပုံစံပေါ်ကော်ကပ်လိုက်ပါတယ်။တစ်ဘက်မှာလည်းငှက်ကလေးတွေပျံနေပုံကိုဆွဲလိုက်ပါတယ်။ပြုလုပ်ရတဲ့အဆင့်နည်းပြီးလွယ်ကူတဲ့နံရံအလှဆင်တစ်ခုပါ။ပြုလုပ်နည်းကိုလည်းပုံနဲ့စာတွဲ၍ဖော်ပြထားပါတယ်။
Written by @asterkame
By my photos & made by me