I Made Photo Frame Using Paper with Origami Flowers

Words
14
Reading
1 min
6y
Listen to this post
~1 min

ဒီတစ်ခုကပုံလေးတွေကော်ကပ်ပြီးထားလို့ရတဲ့ဓာတ်ပုံဘောင်တစ်ခုပြုလုပ်ထားပါတယ်။ပြုလုပ်နည်းကိုပုံနဲ့စာတို့ဖြင့်အဆင့်ဆင့်ဖော်ပြထားပြီး၊ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့ကိုအသုံးပြု၍ပြုလုပ်ထားပါတယ်။ပထမအဆင့်မှာအနီနဲ့အပြာရောင်စာရွက်ကိုအပိုင်းငယ်များဖြတ်၍ပုံပြထားတဲ့အတိုင်းတစ်ကွက်စီခြား၍ကော်ကပ်ရမှာပါ။A4sizeအပြာရောင်စာရွက
်ကိုတူညီတဲ့အကွက်လေးတွေတိုင်းပြီး၊အပေါ်အနားတစ်ဘက်မှာနေရာချန်၍ဖြတ်ပါတယ်။ပြီးနောက်အနီရောင်စက္ကူအပိုင်းများဖြတ်ပြီး၊တစ်ကွက်စီခြား၍ထားကာ၊အနားတွေမှာကော်ကပ်ပါတယ်။ပြီးနောက်အနားလေးဘက်ကိုအနီရောင်စာရွက်ဖြင့်ဘောင်ခပ်လိုက်ပါတယ်။ဆက်လက်ပြီးအဝါရောင်စာရွက်ကိုခေါက်ချိုး၍ကော်ကပ်ကာ၊အပိုင်းငယ်လေးတွေဖြတ်ပါတယ်။ပြီးနောက်အနားတစ်ဘက်ကိုခွေ၍ခေါက်၍ကော်ကပ်ပြီး၊ထိုစက္ကူခေါက်များဖြင့်ထပ်မံကော်ကပ်လိုက်ပါတယ်။

photo 247 123030.jpg

photo 247 123011.jpg

photo 247 12320.jpg

photo 247 12318.jpg

photo 227 165833.jpg

photo 227 165858.jpg

photo 227 165917.jpg

ဒီအဆင့်မှာအဝါရောင်စာရွက်ကိုအလျားအနံတူညီစွာဖြတ်၍အနားလေးဘက်ကိုအနည်းငယ်ဝိုက် ၍ဖြတ်ကာ၊ကတ်ထူဖြင့်ထိုပုံစံအတိုင်းဖြတ်၍ကော်ကပ်ပြီး၊ပုံလေးတွေကော်ကပ်လို့ရအောင်၊ပြုလုပ်လိုက်ပါတယ်။ပြီးနောက်ပန်းပွင့်နှစ်ပွင့်ပြုလုပ်ပါတယ်။ခရမ်းရောင်နဲ့အစိမ်းရောင်ပါ။ပုံစံတူစက္ကူလေးတွေပုံဖော်၍ဖြတ်ပြီး၊အခြားစာရွက်တစ်ခုပေါ်ပန်းပွင့်ပုံပေါ်အောင်ကော်ကပ်လိုက်ပါတယ်။ပြီးနောက်ပန်းပွင့်များကိုကော်ကပ်ပြီး၊အရွယ်တူအဝါရောင်စက္ကူခွေလေးခုကိုပြုလုပ်ပါတယ်။ထိုစက္ကူခေါက်တွေကိုတော့အဝါရောင်စာရွက်ထောင့်လေးခုမှာကော်ကပ်ပါတယ်။

photo 237 135756.jpg

photo 247 122938.jpg

photo 247 123433.jpg

photo 247 12295.jpg

Written by asterkame@asterkame
By my photos & made by me

I Made Photo Frame Using Paper with Origami Flowers | Ecency