How to Make Paper Gift Box

Words
107
Reading
1 min
Listen
Play
2y

ဒီနေ့ paper gift box တစ်ခုကိုပြုလုပ်ထားပါတယ်။ ထို box နဲ့အဖုံးကိုစက္ကူခေါက်၍ ပြုလုပ်ရတာပါ။ ထိုအပေါ်မှာ အလှဆင်ရန် ပန်းတစ်ပွင့်နဲ့ သစ်ရွက်နှစ်ခုကိုလည်းပြုလုပ်ထားပါတယ်။ ထို gift box ကိုဘယ်လိုပြုလုပ်ရမလဲဆိုတာ ပုံများဖြင့် အဆင့်ဆင့်ဖော်ပြထားသလို စာလည်းရေးထားပါတယ်။ လိုအပ်တာတွေက ရောင်စုံစက္ကူ၊ ကတ်ကြေး၊ကော်၊ ခဲတံနဲ့ပေတံစသဖြင့်ပါ။

ပထမအဆင့်မှာ အဝါရောင်စက္ကူကို 21cm, 10cm ဖြင့်ဖြတ်၍ 21cm အနားပေါ်မှာ 5cm စီဖြင့်အမှတ်များပြုလုပ်၍ မျဥ်းများဆွဲပါတယ်။ 10cm အနားကို 3cm, 7cm တိုင်းတာ၍ မျဥ်းတစ်ကြောင်းဆွဲပါတယ်။ ထိုမျဥ်းများကိုခေါက်၍ အောက်ခြေမှ မျဥ်းများကို ဖြတ်ရမှာပါ။ အနားနှစ်ဘက်ကိုကော်ကပ်၍ အောက်ခြေမှ စက္ကူအပိုင်းများကိုခေါက်ပြီး ကော်ကပ်ပါတယ်။

အဖုံးအတွက် အဖြူရောင်စက္ကူကို 23cm, 7cm ဖြင့်ဖြတ်၍ 23cm အနားပေါ်မှာ 5.5cm စီတိုင်းတာပြီး မျဥ်းများဆွဲပါတယ်။ 7cm အနားကို 1cm, 2.5cm, 3.5cm တိုင်းတာ၍ မျဥ်းများဆွဲပါတယ်။ နောက်ထပ် မျဥ်းနှစ်ကြောင်းစီကိုလည်း ထပ်မံဆွဲတယ်။ ထိုမျဥ်းများကိုခေါက်၍ အနားနှစ်ဘက်ကို အတူတကွ ကော်ကပ်ပါတယ်။ အပေါ်ဘက်မှ ခေါက်ချိုးမျဥ်းများကိုစုစည်း၍ ကော်ကပ်ပါတယ်။

နှင်းဆီပွင့်အတွက် စက္ကူအပိုင်းတစ်ခုကို ပုံအတိုင်း စတင်၍ အဆင့်ဆင့်ခေါက်ရမှာပါ။ အဆုံးမှာ ကော်ကပ်ရမှာပါ။ သစ်ရွက်များကိုပြုလုပ်ရတာက လွယ်ကူပါတယ်။ စက္ကူဖြတ်ရုံပါပဲ။ ထိုပန်းနဲ့ သစ်ရွက်များကို box ရဲ့အဖုံးပေါ်မှာ အလှဆင်ပါတယ်။

ထို box ကအရမ်းလှတယ်လို့ထင်ပါတယ်။ ပုံလှလှလေးတွေလည်းရိုက်ထားပါတယ်။

February 8, 2025
Written by asterkame@asterkame
By my photos & made by me

How to Make Paper Gift Box | Ecency