How to Make Butterfly Accessories Box

Words
15
Reading
1 min
7y
Listen to this post
~1 min

ဒီတစ်​ခါမှာ​တော့accessories boxတစ်​ခုပြုလုပ်​လိုက်​ပါတယ်​။လိပ်​ပြာပုံ​လေးကို​ခေါက်​ပြီး၊အလှဆင်​ထားပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူ၊​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံစသဖြင့်​လိုအပ်​ပါတယ်​။

ပထမအဆင့်​မှာဆိုရင်​စက်​၀ိုင်းခြမ်းပုံအရွယ်​တူကတ်​ထူနှစ်​ခုဖြတ်​ရမှာပါ။ပြီး​နောက်​နှစ်​ခုစလုံးလိ​မ္မော်​​ရောင်​စာရွက်​​ကော်​ကပ်​ပါတယ်​။ဆက်​လက်​ပြီးထိုကတ်​ထူအနားနှင့်တူညီတဲ့အခြားကတ်​ထူတစ်​ခုပြုလုပ်​ရမှာပါ။ပြီး​တော့ကတ်​ထူသုံးခုကို​ကော်​ကပ်​ဆက်​လိုက်​ပါတယ်​။ဘေးဘက်​​ဘောင်​အတွက်​စက္ကူအလိပ်​​လေး​တွေထပ်​မံပြုလုပ်​ကာ၊​ဘေးဘက်​မှာညီညာစွာစီ၍​ကော်​ကပ်​ရမှာပါ။ဆက်​လက်​ပြီးလိပ်​ပြာပုံစံ​ခေါက်​ရမှာပါ။

လိပ်​ပြာပုံ​ခေါက်​နည်းကစာရွက်​ကိုအလျားအနံတူညီစွာဖြတ်​ပြီး၊အလယ်​မှ​ခေါက်​ချိုး၍၊ထိုအလယ်​မျဉ်းအထိ​ဘေးတစ်​ဘက်​စီမှ​ခေါက်​မယ်​။ထိုစက္ကူ​ခေါက်​ရဲ့2/3ခန့်​ကိုပုံပါအတိုင်းအပြင်​ဘက်​ကို​ခေါက်​ချိုးရမယ်​။ပြီး​တော့စက္ကူ​ခေါက်​တစ်​ခုလုံးကိုတွန့်​​ခေါက်​လိုက်​ပါတယ်​။အလယ်​မှထပ်​မံ​ခေါက်​ချိုးကာ၊စာရွက်​ကိုအပိုင်းငယ်​များဖြတ်​၍အခြားစက္ကူပုံစံများပုံပါအတိုင်းထပ်​မံပြုလုပ်​ပါတယ်​။ပြီး​နောက်​ဆက်​၍အခြားစက္ကူအပိုင်းဖြင့်​​​ကော်​ကပ်​လိုက်​ပါတယ်​။လိပ်​ပြာပုံ​လေးကို​တော့​ရှေ့ဘက်​မှာအလှဆင်​​ကော်​ကပ်​ပါတယ်​။






Written by asterkame@asterkame
MSC-008
By my photos & made by me

How to Make Butterfly Accessories Box | Ecency