Beautiful Sunset Scenery Painting

Words
62
Reading
1 min
Listen
Play
2y

ဒီနေ့ sunset scenery ပုံတစ်ပုံကို အဖြူရောင်စက္ကူပေါ်မှာ watercolor ဖြင့်ဆွဲထားပါတယ်။ ထိုပုံထဲမှာ အုန်းပင်တစ်ပင်၊ ထိုအပင်ရဲ့အောက်ခြေမှာ ကျောက်တုံးများ၊ နေ၊ ငှက်များ၊ ကုန်းမြေအစိတ်အပိုင်းနဲ့ ရေပြင်တို့ကို ဆွဲရမှာပါ။ သူတို့ကို ခဲတံဖြင့်ပထမဆုံးဆွဲပြီးမှ ဆေးခြယ်ထားတာပါ။

ပထမအဆင့်မှာ ခဲတံဖြင့်ပုံကြမ်းကို ပုံအတိုင်း အဆင့်ဆင့် ဆွဲပါတယ်။ နေရဲ့ပတ်လည်မှာ လိမ္မော်ရောင်ခြယ်၍ အဝါရောင်ကိုဆက်လက်ခြယ်ပါတယ်။ ရေပြင်မှာအပြာရောင်နှစ်မျိုးကို ပထမဆေးခြယ်၍ နေရဲ့အရှေ့ဘက်နေရာမှာ အဖြူရောင်ခြယ်ပြီး၊ ထိုအပေါ်မှာ အဝါရောင်ကိုထပ်မံဆေးခြယ်တယ်။ ဒီအဆင့်မှာ အုန်းပင်ကိုဆေးခြယ်ပါတယ်။ ပင်စည်မှာ အညိုရောင်ခြယ်၍ ထိုအပေါ်မှာ အနက်ရောင် မျဥ်းများကိုဆွဲပါတယ်။ သူ့ရဲ့ အရွက်များကိုလည်း အညိုနဲ့ အစိမ်းရောင်ဖြင့်ခြယ်ပါတယ်။ အပင်ရဲ့အောက်ခြေမှကျောက်တုံးများကိုလည်း အဖြူရောင် ခြယ်ပါတယ်။ ကုန်းမြေပေါ်မှာ အညိုရောင်ကိုပုံအတိုင်းဆေးခြယ်ပါတယ်။ ငှက်များကိုလည်း ထပ်မံဆွဲပါတယ်။

ပြီးခဲ့တဲ့ရက်တွေကလည်း အခြား sunset scenery ပုံတွေဆွဲခဲ့ပြီး၊ ဒီနေ့ပုံကလည်း လှတယ်လို့ ထင်ပါတယ်။

November 26, 2024

Beautiful Sunset Scenery Painting | Ecency