တခြားသတိပြုသင့်သောအချက်မှာလည်းရှိပ့ါသည် လူတို့သည် မည်သည်မကောင်းဘူးမမှန်ဘူးဟု ပြောဆိုနေပါလျှက် ကိုယ်တိုင်ကတော့ လက်ခံမှန်းမသိ လက်ခံနေမိတတ်သည်မှားနေသည်ဟု တစာစာအော်နေလျှက်ကပင် ကိုယ်တိုင်ကမူ ကျင့်သုံးမှန်းမသိတော့ ကျင့်သုံးနေမိတတ်ပြန်လေသည်ယဉ်ကျေးမှုတွေ တိုးတက်လှပါသည့်ဆိုသော လူအဖွဲ့စည်းသည် အဘယ့်ကြောင့် မယဉ်ကျေးသည့် အပြုမူများကို ပြုလုပ်နေကြသည်မှာ စဉ်းစားဖွယ်ရာ အချက်ဖြစ်နေသည်
တကယ်ပါ ဟုတ်ပါသည်ကနေ့လူ့အဖွဲ့အစည်း အသီးသီးတွင်ရှိနေကြသောအချို့ ခေါင်းဆောင်များသည် ပြောင်းလဲနေသော ပတ်ဝန်းကျင်နှင့် သင့်လျော်ရာ အချိန်အခါတို့အား တစ်စုံတစ်ခုကို ပြောဆိုတော့မည့်အခါတွင်လုပ်တော့မည့် အခါတိုင်းတွင် ထည့်သွင်းစဉ်းစားဖို့လိုပါသည် သို့မှာသာ မချစ်၍ အောင့်ကာနမ်းရသည့် အဖြစ်မျိုးမှ လွတ်ကင်းနိုင်မည်ဖြစ်ပါ၏ ထို့အတူကပင် လက်တွေ့မပါသော သဘောတရားများသည် ဆားမပါသော ဟင်းနှယ်ဖြစ်သည်ကို ခေါင်းဆောင်လုပ်သူတို့ လေးလေးနက်နက်နဲ့ သဘောပေါက်ရန် လိုအပ်ပါသေးလေသည်