အချိန်အားဖြင့် အောက်တိုဘာလသို့ ရောက်သောအခါ ရုရှားနိုင်ငံအဝှမ်းတွင် ဖြစ်ပေါ်နေသာ လယ်သမား ပုန်ကန်မှုချည်းကပင် အကြိမ်ပေါင်း ကျော် ရှိနေပြီ ဖြစ်လေ၏ မကြာ မီမှာပင် မြို့တော်ပီထရိုဂရက်နှင့် မော်စကိုတို့က မြို့စောင့်တပ်တွေအပါ တိုင်းပြည်ရဲ့ မြောက်ပိုင်းနှင့်အနောက်ပိုင်း စစ်မျက်နှာတို့မှတပ်များနှင့် ဘောလ်တစ်ပင်လယ် ရေတပ်တို့က ကရင်စကီယာယီအစိုးရ၏ အမိန့် များကို နာခံမည်မဟုတ်တော့ကြောင်း ကြေညာခဲ့ကြပါသည် ဤသို့သော အခြေအနေတွင် ဘော်လ်ရှီဗစ်ပါတီ ဗဟိုကော်မတီက ထုတ်ပြန်သော ကြေညာချက်တွင်လက်နက်ကိုင်ပုန်ကန်မှုတခု မုချပေါ်ပေါက်တော့မှာဆိုသည့် အခြေအနေမှာ လုံးဝရင့်မှည့်နေပြီပေါ့ဟု ဖော်ထုတ်လိုက်လေ၏သို့ဖြင့် နိုဝင်ဘာလဆယ့်ခွန် ရက်ရုရှားရိုးရာပြက္ခဒိန်ဟောင်းအရ အောက်တိုဘာလနှစ်ဆယ့်ငါးရက် နေ့တွင် ဘော်လ်ရှီဗစ်များက ထိုစဉ်က ရုရှားပြည်၏ မြို့တော်ဖြစ်သော ပီထရိုဂရက်မြို့တွင် ကရင်စကီ၏ ယာယီ အစိုးရကို လက်နက်ဖြင့် စတင်ပုန်ကန်လိုက်ကြလေတော့၏ကရင်စကီနှင့် သူ၏အစိုးရအဖွဲ့ဝင် အားလုံးလိုလို ဆောင်းရာသီနန်းတော်သို့ ပြေးဝင်ခိုလှုံကြလေတောါ၏ ဘာမှ မကြာလိုက်ပါဘူးဆောင်းရာသီနန်းတော်ကို လည်း သွေးထွက်သံယိုမှုမရှိသလောက် နီးပါးဖြင့် ဘော်လ်ရှီဗစ်တွေက သိမ်းပိုက်နိုင်လိုက်ကြပါလေသည် ထိုအချိန်တွင် မူလ ကရင်စကီ အစိုးရလက် အောက်က စစ်တပ်နဲ့စစ်သားအမြောက်အမြားလည်း လီနင်ဦးဆောင် သော ဘော်လ်ရှီဗစ်တပ်များနှင့် ပူးပေါင်းခဲ့ကြပြီဖြစ်လေ၏