ဒီလိုတော့ရှိသည်အဖိုးဟာ သီးနှံစိုက်ပျိုးဖို့ မြေကွက်ပေါ်က ခြုံနွယ်နဲ့ အပင်တွေကို တောရှင်းခုတ်ထွင်တဲ့အခါ ဝက်သစ်ချပင်တချို့ကို မခုတ်ပဲ မြေကွက်အလယ်ကောင်မှာ ထီးထီးကြီး ချန်ထားခဲ့ပါသည် အဲဒီအပင်တွေကို ချစ်ချစ်တောက် ပူပြင်းတဲ့ နေရောင်အောက်နဲ့ လေပြင်းတွေ၊ မိုးရေတွေကြားမှာ နှစ်အတော်ကြာကြာ ပစ်ထားလိုက်တယ်။ အဲဒီဝက်သစ်ချပင်တွေဟာ ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံရင်းနဲ့ ပင်စည်တွေဟာ တုတ်ခိုင်သန်စွမ်းလာကြပါလေသည်
အချိန်ကျပြီဆိုရင် အဖိုးဟာ အဲဒီဝက်သစ်ချပင်တွေကို ခုတ်လှဲဖြတ်တောက်လိုက်ပါသည် ပြီးရင် ရလာတဲ့ သစ်သားကို လိုသလို ကွေးကောက်ပြီး အိမ်မှာသုံးဖို့ မြင်းနဲ့ဆွဲတဲ့ ဝန်စည်စလယ်တင်တဲ့ လှည်းအတွက် လှည်းဘီးတွေ လုပ်ပါလေသည် ကွေးကောက်ချိန်မှာ သစ်သားဟာ တောင့်တင်းခိုင်မာလို့ ကျိုးပြတ်သွားမှာကို မပူရတာတွေ့ရသည် အဲဒီသစ်သားနဲ့ လုပ်ထားတဲ့ လှည်းဘီးတွေဟာ မာကျောပြီး အလေးဆုံး ဝန်တွေကိုလည်း ထမ်းထားနိုင်တာတွေ့ရှိရပါလေသည်
@arrowqueen
photo-google