ဒီလူကတစ်မျိုးပါ စီးပွားရေး မျိုးစုံကိုလုပ်တဲ့ စီးပွားရေးသမားတစ်ယောက်ဟာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေ တဖြေးဖြေး
ယိမ်းယိုင်လာပြီးနောက်မှာတော့ ဘယ်လိုမှ ပြန်အဖတ်မဆယ်နိုင်တော့ဘနဲ့ အကြွေးပင်လယ်ထဲ နှစ်မြုပ်ခဲ့ရပါလေသည်
သူ့ထံမှာ ကုန်ပစ္စည်း သွင်းပေးခဲ့ဖူးတဲ့ ဖောက်သည်တွေကလည်း အရင်ကြွေးတေကိုမွှ ကြေအောင်မဆပ်မှ ပစ္စည်းသစ်
ထပ်ပေးမယ်လို့ ပြောကာ သူ့ကို နောက်ထပ် ပစ္စည်းတွေ ထပ် မပေးတော့ဘဲ အဆက် ဖြတ်လိုက်ကြပါလေတော့သည်
သူ့ဆီ ပစ္စည်းယူနေကျ ဖောက်သည်တွေကလည်း သူက ကုန်ပစ္စည်းတွေ မပေးနိုင်တော့တဲ့အခါမှာ တစ်ခြား ကုန်
သည်ဆီ ပြောင်းကုန်ကြပါလေသည် နောက်ဆုံးတော့ သူဟာ မကြာခင်မှာဘဲ ဒေဝါလီ ခံရတော့မဲ့အခြေအနေ ဖြစ်လာ
ပါတော့သည်။ဒီလိုနဲ့ပေါ့တစ်နေ့တော့ သူဟာ ပန်းခြံတစ်ခုထဲက ခုံတန်းလျားပေါ်မှာ သူ့ဘဝအကြောင်းတွေကို
တွေးတောစဉ်းစားရင်း စိတ်ပျက် လက်ပျက်နဲ့ ထိုင်နေပါလေသည် မကြာခငမှာလဲ် လူမွဲ လူဆင်းရဲ ဖြစ်ရတော့မဲ့
အခြေအနေကနေ ဘယ်လိုများ သူသည်ရုန်းထွက်ရပါ့မလဲလို့ပေါ့ ခေါင်းပူမတတ် စဉ်းစားနေမိပါလေသည်
သူ့မျက်နှာဟာလည်း ဘဝကို စိတ်အပျက်ကြီး ပျက်လို့နေတဲ့သူ တစ်ယောက်ရဲ့ ညှိုးငယ်မှုမျိုးနဲ့ မှုန်မှိုင်းနေပြီး မ
လှုပ်မရှက် ငေးမှိုင်လို့ နေပါလေသည် အဲဒီအချိန်မှာဘဲ အသက်ကြီးကြီး အဖိုးအိုတစ်ယောက်က သူ့အနားကို
ရောက်လာပါလေတော့၏ အဖိုးအိုက သူ့ကိုလည်း တွေ့ရော ဟာကွာမင်းကြည့်ရတာ ဒုက္ခရောက်နေတဲ့ ပုံစံပါလားကွာ
ဘာတွေများ ဖြစ်နေလို့တုန်းဟ စိတ်ထဲဖြစ်နေတာတွေ ငါ့ကို ပြောပြစမ်းပါဦးကွာကောင်လေးရသူ့အနားတွင်
ဝင်ထိုင်ရင်း မေးလိုက်ပါလေတော့၏ အဖိုးအိုရဲ့ အမေးကိုကြားတော့ တစ်ယောက်တည်းနေတာ
ထက်စာရင် တစ်ယောက်ယောက်နဲ့ စကားပြောတာက ပိုကောင်းမယ်လို့ တွေးမိပြီး သူကလည်း သူ့
အခြေအနေတွေ သူ့ဘဝအကြောင်းတွေကို အဖိုးအိုကို ပြောပြလိုက်ပါလေတော့သည်။
@arrowqueen
photo - google image