သေနည်းလေ့ကျင့်ခန်း
¤¤¤¤¤¤¤¤¤¤¤
ဘ၀ပြတ်အောင် အားမထုတ်နိုင်သေးသည့် သူအတွက်
တမလွန်ဘ၀ကူးကောင်းဖို့  စိတ်တိုင်းကျပြင်ပါ။
.
ညအိပ်ရာဝင်တိုင်း၊ အိပ်ခါနီးအချိန်မှာ ၊ အာရုံလေးမျိုးဖြစ်စေသော
.
ဒါနအာရုံ၊
သီလအာရုံ၊
သမထအာရုံ၊
ဝိပဿနာကုသိုလ်အာရုံ
လေးမျိုးစလုံးယူထားပါ ။
.
.
၁။ အနီးကပ်ဆုံးဒါနကုသိုလ်
( ညအိပ်ရာဝင်တိုင်း သောက်တော်ရေလှူပါ )
.
၂။ သီလကုသိုလ်
( ညအိပ်ရာဝင်တိုင်း ငါးပါးသီလ အသစ်ခံယူပါ )
.
၃။ သမထကုသိုလ်
( ညအိပ်ရာဝင်ခါနီးတိုင်း ဘုရားဂုဏ်တော် တစ်ခုခုပွားပါ။ သတ္တ၀ါများအား မေတ္တာပို့ ပါ။ )
.
၎။ ၀ိပဿနာကုသိုလ်
( ၀ိပဿနာရှုမှတ်ရင်း အိပ်ပျော်သွားပါစေ..။ဝင်လေ ထွက်လေရှုမှတ်ခြင်းသည်
အကောင်းဆုံးအိပ်ဆေးဖြစ်ပါသည်။ )
.
ညအိပ်ရာဝင်တိုင်း ကုသိုလ် လေးမျိုးနဲ့ နေသွားပြီး
အကယ်၍သေခဲ့သည်ရှိသော်လည်း
ထိုထိုသော ကုသိုလ်အာစိဏ္ဏကံကောင်းမှုကြောင့်
အာသန္နကံကောင်း၍ ကောင်းသုဂတိဘုံသို့ ရောက်ရှိနိုင်မည်ဖြစ်ပါသည် ။
🔆 ခဏ သေကြည့်ပါ 🔆
.
.
ညအိပ်ခါနီးအချိန်ကို တစ်ကယ်သေခါနီးအချိန်လို့
သဘောထားပြီး ကုသိုလ်အာရုံ စွဲမြဲအောင်
အလေးအနက်ထား ကြိုးစားကြရပါမယ်။
.
ကုသိုလ်အာရုံက
ဒါနအာရုံ
သီလအာရုံ
သမထအာရုံ
ဝိပဿနာအာရုံ လို့လေးမျိုးရှိပါတယ်။
ဒါနအာရုံအနေနဲ့ ဒီနေ့ဒီအချိန်အထိ ဘဝ တစ်သက်တာမှာ
ပြုခဲ့တဲ့ ကောင်းမှုတွေထဲက ကိုယ်အနှစ်သက်ဆုံး
ကိုယ်ပီတိအဖြစ်ဆုံး ဒါန ကောင်းမှုတစ်ခုခုကို
အာရုံပြုရပါမယ်။
.
အဲဒီဒါနဟာ ငွေကြေးအကုန်အကျ အနည်းအများနဲ့
မဆိုင်ပါဘူး။
.
အကုန်အကျများတိုင်း အကျိုးပေးထက်သန်တာ
မဟုတ်ပါဘူး။
.
ပီတိအားကောင်းမှ အကျိုးပေးထက်သန်တာပါ။
.
ညအိပ်ရာဝင်ခါနီးတိုင်း ဘုရားသောက်တော်ရေ
အသစ်လဲတဲ့အကျင့်ကို စွဲစွဲမြဲမြဲလုပ်ပေးပါ။
.
အိပ်ခါနီး(အသေလေး)ရဲ့အနီးကပ်ဆုံးဒါနဖြစ်လို့
အာရုံယူရတာ အလွန်လွယ်ကူပါတယ်။
.
အေးချမ်းမှုနဲ့ တစ်နေ့တာကို အဆုံးသတ်လိုက်ရတဲ့အတွက် ဘဝတစ်လျှောက်လုံး အဆင်ပြေပြီး အေးချမ်းရပါလိမ့်မယ်။
.
သီလကုသိုလ်အနေနဲ့ အိပ်ခါနီးတိုင်း
အနည်းဆုံးငါးပါးသီလ(အောက်ထစ်ဆုံးပြောတာပါ)ကို အသစ် ခံယူဆောက်တည်ပါ။
.
ဆောက်တည်ပြီးအချိန်ကစပြီး မကျိုးပေါက်ပါစေနဲ့။
အိပ်တော့မယ်ဆိုတော့လည်း ကျိုးပေါက်စရာမရှိတော့ပါဘူး။
.
သမထကုသိုလ်အနေနဲ့ ကိုယ်အနှစ်သက်ဆုံး
ကိုယ်အကြည်ညိုဆုံး ဘုရားဂုဏ်တော်တစ်ခုခုကို
ပွားများပါ။
.
ဥပမာ-
"အရဟံ=လူနတ်ဗြဟ္မာသတ္တဝါအပေါ င်းတို့၏
ပူဇော်အထူးကိုခံယူတော်မူထိုက်ပါပေသောမြတ်စွာဘုရား။
အရဟံ=ကိလေသာကင်းစင်တော်မူပါသောမြတ်စွဘုရား။
အ ရဟံ=ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား"လို့
အရဟံဂုဏ်တော်ရဲ့အဓိပ္ပါယ်ကိုအာရုံထင်မြင်အောင်
စိတ်ထဲကနေ နှလုံးသွင်းပွား များရပါမယ်။
နောက်တစ်ခုသမထအနေနဲ့မေတ္တာဘာဝနာပွားများနေရပါမယ်။
အနည်းဆုံး "သတ္တဝါအားလုံးချမ်းသာကြပါစေ"လို
သုံးခေါက်လောက်ပွားများရပါမယ်။
ကိုယ်နှစ်သက်ရာ ကိုယ်အားသန်ရာ မေတ္တာပွားနည်း
တွေနဲ့လည်းမေတ္တာပွားနိုင်ပါတယ်။
ဒါနကုသိုလ် သီလကုသိုလ် သမထကုသိုလ်တွေကို
အစဉ်အတိုင်း အာရုံပြုဝမ်းမြောက်ပြီးပြီဆိုလျှင်
နောက်ဆုံး ဝိပဿနာကုသိုလ်နဲ့အိပ်လိုက်ပါတော့။
နှာသီးဝ လေထိရာအရပ်မှာ သတိကပ်ထားပြီး
လေဝင်ရင်'ဝင်တယ်' လေထွက်ရင်'ထွက်တယ်' ကို ရှုမှတ်ပြီးနေပါ။
ဝင်တိုင်း ထွက်တိုင်းသာ တစ်ဆက်တည်း သိနေမယ်ဆိုရင် လေးငါးချက်ထက် ပိုမမှတ်ရပါဘူး။
ချက်ချင်းအိပ်ပျော်သွားပါလိမ့်မယ်။
ဝင်လေထွက်လေ ရှုမှတ်ခြင်းဟာ အကောင်းဆုံးအိပ်ဆေးပါပဲ။
လေဝင် လေထွက်တိုင်းထိတွေ့တွန်းကန်မှုတွေကို
သိနေမယ်ဆိုရင် လောဘဒေါသစတဲ့ ကိလေသာတွေလည်း ဖြစ်ခွင့် မရတော့ပါဘူး။
သမာဓိဥာဏ် ရင့်သန်ပြီးသား ပုဂ္ဂိုလ်ဆိုရင် အိပ်ရာဝင်မှာ လေဝင်လေထွက်မှတ်ရင်းနဲ့ မဂ်စိတ်ကျပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုသွားနိုင်ပါတယ်။
အိပ်ခါနီးတိုင်း ဒါနအာရုံ သီလအာရုံ သမထအာရုံ
ဝိပဿနာအာရုံနဲ့ အိပ်စက်သွားမယ်ဆိုရင်
သေလွန်ခါနီးမှာလည်းအဲဒီအာရုံလေးမျိုးမှာ
တစ်မျိုးမျိုးနဲ့သေလွန်ရမှာ သေချာပါတယ်။
ကုသိုလ်အာရုံနဲ့သေလွန်သွားသူကို
ကောင်းရာသုဂတိဘုံတွေက သူဦး ကိုယ်ဦးလက်ကမ်းကြိုဆိုနေကြမှာပါ။
ဒါကြောင့် ညအိပ်ရာဝင် ခေါင်းအုံးပေါ်ခေါင်းချ ကျောဆန့်ပြီးတာနဲ့တစ်ပြိုင်နက်
"ငါခဏသေလိုက်ဦးမယ်"
လို့ ကိုယ့်ကိုယ်ကို စိတ်ထဲကပြောပြီး သေနည်းလေ့ကျင့်ကြဖို့ အထူး တိုက်တွန်းလိုက် ရပါတယ်။
.
.
အရှင်ဆန္ဒာဓိက
အသက်မထွက်ခင်သေနှင့်ပါ
မနိုးသောအိပ်စက်ခြင်းနဲ့
အိပ်စက်ခါနီးအချိန်မှာ
အကောင်းဆုံး
အနေအထားဖြစ်နေဖို့အတွက်
နိုးသောအိပ်စက်ခြင်းနဲ့
အိပ်စက်ခါနီးအချိန်ကို
အကောင်းဆုံး
အနေအထားဖြစ်အောင်
လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။
အသေကြီးနဲ့သေခါနီးအချိန်မှာ
အာရုံကောင်း နိမိတ်ကောင်းတွေ
ထင်မြင်နေဖို့အတွက်
အသေလေးနဲ့သေခါနီးအချိန်ကို
အာရုံကောင်း၊ နမိတ်ကောင်းတွေနဲ့
ထုံမွမ်းပေးထားရပါမယ်။
အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)
#www.facebook.com/naingsoelwin#
How to exercise
¤¤¤¤¤¤¤¤¤¤¤
0, which can not be cut off
Customize properly betterment of 0.
.
Every night, When အိပျခါနီး Four focus
.
Dana's attention,
The sense of virtue,
Getting attention,
0 Game Finally merit attention
Keep all four.
.
.
See 🔆 immediately 🔆
.
.
အိပျခါနီး physically die
Focus particular merit retention
Ourselves seriously.
.
Merit attention
Dana attention
The sense of virtue
getting attention
There are four focus Insight.
Dana lives to date focus on Lifetime
One of the guests a good favorite
Most thrilled Dana something good
Must be focused.
.
Dana is a little expensive, common
Coincidences.
.
Strong costly rewards
.
.
I'm thrilled good too zealous.
.
Every night before bed, drink water
New ways to do fast.
.
အိပျခါနီး (four) because the closest Dana
It's very easy to take attention.
.
Throughout his life for peace and to end the day just will have a convenient and peaceful.
.
Moral righteousness အိပျခါနီး
At least five precepts (ledge of tears) to receive new again.
.
Since abstraction is not broken.
Go to sleep because nothing broken.
.
Just with getting your favorite
Most are willing to either attributes
Incremental.
.
For example -
"အရဟံ = their flesh divine beings
He received a special offer that does not deserve one.
အရဟံ left = good, and he is without passion.
Abraham = hiding places are doing that, but he did not do evil "
အရဟံဂုဏ်တော်highlight the meaning of
Increased heart to heart.
Next getting still fertile.
At least the rich "creatures"
Must be increased about three times.
I preferred မေတ္တာပွားနည်း determination
You can love.
ဒါနကုသိုလ် moral righteousness getting Buddha
If you have joy in the focus
Latest Insight ကုသိုလ်နဲ့ sleep.
Welsh has been quietly warning nose
, Joining the hit '' means no 'cure'.
ထွက်တိုင်း Sequence, if not more than four or five points.
You will go to sleep immediately.
Kindled the best sleeping pills.
ထွက်တိုင်း Propulsion has been exposed
If you know, anger, greed and passion are very doubtful.
Integrity and intelligence to go to bed already mature person fell ventilation path while before Nibbana.
Dana virtue distract attention getting attention
Insight and sleep will focus
Near the dead were four focus
The dead must certainly does something.
He passed on merit attention
Well common Hands to shareholders.
So night after stretch the back of the head on the pillow simultaneously
"I'll take a little while"
Talk yourself instincts urged to resume training.
.
.
အရှင်ဆန္ဒာဓိက
Before sunrise
I sleep and wake
When about to sleep
best
In order to position
Sleep and wake
The time before sleep
best
position to make
I need to keep training.
When a big die die
The focus is a good sign
To think
And a time to die, I die
Good attention, Good friendships
Impregnate with scent must be given.
အရှင်ဆန္ဒာဓိက